ဖူဂျီတောင်ဘေးမှာဆောက်သွားမယ့် သည်းထိတ်ရင်ဖို ရိုလာကိုစတာကြီး

Twitter-Yamanashi Pefecture

ဖူဂျီတောင်ဘေးမှာ သည်းထိတ်ရင်ဖိုရိုလာကိုစတာကြီးတစ်ခု ဆောက်လုပ်သွားဖို့ရှိနေတယ်ဆိုပြီး Sora News 24 မှာ ဖော်ပြထားခဲ့ပါတယ်။

ဂျပန်နိုင်ငံကို သွားလည်ပြီဆိုရင် ကျွန်တော်တို့အနေနဲ့ မကြည့်မဖြစ် သွားကြည့်သင့်တဲ့ရှုခင်းတွေထဲ ဖူဂျီတောင်ကြီးလည်း ပါဝင်လို့နေပါတယ်။ ငယ်ငယ်တုန်းကတည်းက ရေခဲတွေဖုံးပြီး တောအုပ်စိမ်းစိမ်းတွေနဲ့ ဝန်းရံထားတဲ့ တောင်ပြာပြာကြီးကို ပို့စကတ်တွေ၊ ပြက္ခဒိန်တွေထဲမှာ မြင်ဖူးနေကျပါ။ ဓာတ်ပုံတွေထဲမှာသာ ဒီလောက်လှနေရင် အပြင်မှာ တကယ်ကြီးသာ ကြည့်ရမယ်ဆိုရင် ဘယ်လောက်တောင် လှလိုက်မလဲဆိုတာ တွေးမိကြမယ်ထင်ပါတယ်။

prtimes.jp

ဒီလိုလှပတဲ့ ပန်းချီကားတစ်ချပ်လိုဖြစ်နေတဲ့ ရှုမျှော်ခင်းကြီးကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတစ်ခုနဲ့ တွဲပြီခံစားရမယ်ဆိုရင် ဘယ်လိုလဲ။ ခုဏကပြောတဲ့ ရိုလာကိုစတာပရောဂျက်ကိုတော့ Fujiyama မျှော်စင်ကနေပြီး အတည်ပြုလိုက်ခဲ့တာပါ။

နေရာကတော့ Yamanashi Pefecture ကစားကွင်းမှာဖြစ်ပြီးတော့ လက်ရှိမှာ တည်ဆောက်နေဆဲအခြေအနေရှီနေပါပြီတဲ့။ အဲဒီရိုလာကိုစတာကြီးဟာ ၇၉ မီတာအမြင့်ရှိနေပြီးတော့ အမြင့်ဆုံးရောက်တဲ့ အချိန်ကျရင် ဖူဂျီတောင်မြင်ကွင်းကို စက္ကန့်ပိုင်းလောက် ခံစားနိုင်စေဖို့ ရေပြင်ညီပြေးလမ်းလေးကိုလည်း အရှိန်လျော့ကာ စီးနင်းနိုင်မှာဖြစ်ပါတယ်တဲ့။

ဒါပေမဲ့လည်း ရိုလာကိုစတာကြီးဟာ အတက်အကျအရမ်းကို ကြမ်းပြီး အလည်ပိုင်းမှာလည်း ဇောက်ထိုးအနေအထားနဲ့ စက်ဝိုင်းပုံသဏ္ဍာန်လှည့်ပတ်တဲ့ ပြေးလမ်းတွေပ်ဝင်နေတာကြောင့် တော်တော်လေးတော့ ကျောချမ်းစရာကောင်းနေပါတယ်။

READ
ကမ္ဘာတစ်ဝှမ်းမှ ရင်သပ်ရှုမောဖွယ် အလှပဆုံး မီးပြတိုက်များ
prtimes.jp

ရိုလာကိုစတာအပြင်ကိုမှ အဲဒီ ကိုယ်ထည်ထဲမှာပဲ နောက်ထပ်ထည့်ပြီး တည်ဆောက်နေတဲ့ ပရောဂျက် ၂ ခုလည်းရှိနေပါသေးတယ်တဲ့။ အဲဒါကတော့ ရှုခင်းကြည့်ဖို့ ၅၅ ပေမြင့်တဲ့ FujiyamaSky Deck Observatory နဲ့ Fujiyama Slider ပါ။

prtimes.jp

Fujiyama Slider ကတော့ လူတွေကို အခုလိုပုံစံမျိုးမှာ လျှောက်ခိုင်းမှာဖြစ်ပါတယ်။ အန္တရာယ်ကင်းအောင်လို့ော့ safety harness တွေ တပ်ထားပေးမှာပါ။

prtimes.jp

penny

SHARE