(၁)ပေါင်သာသာ အလေးချိန်လောက်ပဲရှိတဲ့ ချစ်စဖွယ် ကြောင်ပိစိလေး Mouse

Instagram/catasticalmeows

­­­­­­­­­­­ကြောင်လေးတွေမွေးရတာ လွယ်ကူတယ် သင်ထင်ပါသလား ….

ကြောင်လေးတွေက ချစ်ဖို့ကောင်းပြီး သခင်အပေါ်ချွဲတတ်တာ မှန်ပေမယ့် ထိန်းသိမ်းရ၊ စောင့်ရှောက်ရတာတော့ ထင်သလောက် မလွယ်ကူဘူးနော်။ သန်းတွေနဲ့ ညစ်ပတ်နေတဲ့ လမ်းဘေးကြောင်လေးတစ်ကောင်ဆိုရင်ကော … သင်မွေးမှာလား။

အဲလိုညစ်ပတ်နေတဲ့ ကြောင်ပိစိလေး တစ်ကောင်ကို လမ်းဘေးကနေ ကောက်ယူမွေးစားခဲ့ ကြောင်ချစ်သူသားအမိ (၂)ဦးရှိခဲ့ပါတယ်။ သူတို့ကြောင့်လည်း ကြောင်လေးဟာ နေစရာအိမ်လေးရရှိခဲ့တယ်လို့ သိရပါတယ်။

 

 

View this post on Instagram

 

Omg I was just looking for a photo on my computer and found some ridiculously adorable ones I just have to share 😻 also made me super emotional to see some photos of cats we have lost along the way 😭 Do any of you recognize this pretty little girl?? I remember the day I got her. I just finished a full day of cancer treatment at my doctor who is a few hours away. On the way home I saw that there were two kitties needing rescue so I asked my husband to take a detour with me to pick up this little girl at the Downey Animal Shelter. She was one of the first kitties that @jenfosterskittens fostered for Wrenn rescues and she landed an incredible home. ❤️ If you haven’t guessed who it is, tap the photo and see her all grown up!! Want to see some more pics I found?

A post shared by Wrenn Rescues Inc (@wrennrescues) on

၂၀၂၀ နှစ်စပိုင်းလောက်မှာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က Carson City ရဲ့ လမ်းဘေးတစ်နေရာမှာ ကြောင်လေးတစ်ကောင်ကို ကယ်ဆယ်ရေးလုပ်သားတစ်ဦး တွေ့ရှိခဲ့ပါတယ်။ ကြောင်လေးအသက် လေးပတ်သားမှာ အရွယ်အစားကတော့ တစ်ပတ်သား အရွယ်အစားသာ ရှိခဲ့ပါတယ်။ ကြောင်လေးဟာ ညစ်ပတ်စုတ်ပြတ်ပြီး သန်းအပြည့်နဲ့ ဖြစ်နေပေမယ့် Erin ဆိုတဲ့ အဆိုပါ အမျိုးသမီးကတော့ ကောက်ယူမွေးစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

READ
အဖွားဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသမီးလေး

ကြောင်လေးကိုတွေ့တဲ့အချိန်မှာ သေးလွန်းလို့ Erin တစ်ယောက် အံ့သြခဲ့ရပါတယ်။ ကြောင်လေးက (၈.၆) အောင်စသာသာပဲရှိပြီး ရှိသင့်တဲ့အရွယ်အစားရဲ့ တစ်ဝက်ကျော်သေးငယ်နေကြောင်း သူမကပြောကြားခဲ့ပါတယ်။ Erin နဲ့ သူမရဲ့ (၁၁) နှစ်အရွယ် သားဖြစ်သူ Chris တို့က အစားကျွေးတာ၊ ဆေးတိုက်တာတို့ကို အလှည့်ကျတာဝန်ယူပြီး ကြောင်လေးကို Mouse လို့နာမည်ပေးခဲ့ကြပါတယ်။ Mouse လေးက ပခုံးပေါ်မှာနာရီများစွာ တက်ထိုင်ပြီး ပတ်ဝန်းကျင်ကိုစပ်စုရတာ ကြိုက်တယ်လို့လဲသိရှိရပါတယ်။

 

Mouse လေးကတစ်ဖြည်းဖြည်းနဲ့ ကြီးထွားလာပြီး ကြောင်လေးတွေရဲ့ အမူအကျင့်လေးတွေအတိုင်း ဆော့ကစားလာတက်ပြီ ဖြစ်ကြောင်းသိရှိရပါတယ်။ Erin တို့ဆီရောက်ပြီး သိပ်မကြာတဲ့ အချိန်မှာပဲ Mouse လေးက Erin ရဲ့ လက်ဝါးထက်ကြီးထွားလာပြီး အလေးချိန် (၁)ပေါင်အထိ ရှိလာခဲ့ပါပြီ။

READ
တက်တူးဆင်တူ ထိုးရတဲ့အထိ ရင်ဘတ်ချင်း ရင်းနှီးခဲ့ကြတဲ့ နာမည်ကျော်သရုပ်ဆောင်များ

Mouse လေးကသေးငယ်ပေမယ့် သူ့ထက်ကြီးတဲ့ကြောင်လေးတွေနဲ့ ဆော့ရတာနှစ်သက်ပြီးတော့ လမ်းဘေးပိုင်ရှင်မဲ့ကြောင်လေးကနေ နွေးထွေးတဲ့မိသားစုရဲ့ အိမ်မွေးကြောင်လေးအဖြစ် ပျော်ရွှင်နေပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

TPS

SHARE