ကမ္ဘာကြီး ပျက်သုဉ်းမယ့်အကြောင်းကို ဖန်တီးရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများ

လူသားတွေကတော့ ကမ္ဘာကြီး ဘယ်လိုပျက်မလဲဆိုတဲ့ အကြောင်းအရာကို အရမ်းကို စိတ်ဝင်စားတတ်ကြတဲ့အတွက် ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာတွေကလည်း ကမ္ဘာပျက်ကိန်းနဲ့ ပတ်သက်ပြီး ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေကို ပုံစံအမျိုးမျိုးနဲ့ ဖန်တီးရိုက်ကူးနေကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မှာတော့ ထူးထူးဆန်းဆန်း ဇာတ်ကားတွေကို ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် ကမ္ဘာပျက်ကိန်းကို ပုံစံအမျိုးမျိုး ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း (၅) ကားကို ဖေါ်ပြပေးလိုက်ပါတယ်။

Knowing

လွန်ခဲ့တဲ့ နှစ်(၅၀)က  ကျောင်းသူလေးတစ်ယောက် ရေးသားခဲ့တဲ့ ထူးဆန်းတဲ့ စာရွက်စာတမ်းတွေဟာ ပါမောက္ခ John Koestler ရဲ့ သားလေးဖြစ်သူ Caleb Koestlerရဲ့ လက်ထဲကို ရောက်လာခဲ့ပါတယ်။ John ကတော့ အဲဒီစာရွက်ကို ကြည့်လိုက်တဲ့အခါမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၅ ခုအတွင်းဖြစ်ပွားခဲ့တဲ့ သဘာဝဘေးအန္တရယ်ကြီးတွေကို စာရင်းနဲ့ ချရေးထားတာကို သိခဲ့ရပါတယ်။ ဒါ့အပြင် အနာဂတ်မှာဖြစ်လာမယ့် ဘေးအန္တရာယ်ကြီး ၃ခုကိုလည်း စာတမ်းကနေတစ်ဆင့် ကြိုသိခဲ့ရပါတယ်။ အဲဒီအရာတွေကို သိခဲ့ပြီးနောက် John တစ်ယောက် ဘေးအန္တရာယ်တွေကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲ၊ လူတွေကို ဘယ်လို အသိပေးမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

READ
(၂၀၁၉)ခုနှစ်အတွင်း ထွက်ရှိလာမယ့် ကျောချမ်းဖွယ်ဟောလိဝုဒ် Horror ရုပ်ရှင် (၅) ကား

World War Z

ဒီဇာတ်ကားကတော့ မင်းသားကြီး ဘရက်ပစ်ပါဝင်ထားတဲ့ နာမည်ကြီး ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ U.N.ထောက်လှမ်းရေးဟောင်းတစ်ယောက်ဖြစ်တဲ့ Gerry Lane ဟာ သူ့ရဲ့ မိသားစုနဲ့အတူ ကားမောင်းထွက်လာရင်း  ကားလမ်းပိတ်ပြီး ရှေ့ဆက်မရဖြစ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ Gerryက ဒါဟာ သာမန်ကားပိတ်တာ မဟုတ်လောက်ဘူးလို့ သံသယရှိလာခဲ့ပါတယ်။ သူထင်ထားတဲ့အတိုင်းပါပဲ။ သာမန်ကားပိတ်နေတာ ဟုတ်မနေခဲ့ပါဘူး။ မြို့ထဲကို ဗိုင်းရပ်စ်ပိုးတစ်မျိုးရောက်လာပြီး လူတွေတိုင်းကို ကူးစက်နေနေတာဖြစ်ပါတယ်။ အဒါကြောင့် လူသားမျိုးနွယ် ပျက်သုဉ်းလုနီးပါးအထိ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ Gerry တစ်ယောက် သူရဲ့ မိသားစုကို ကာကွယ်ရင်း ဘယ်လို ဖြေရှင်းမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။

The Day After Tomorrow

ဒီဇာတ်ကားကတော့ မိုးလေဝသပညာရှင် Jack Hall က ကမ္ဘာပေါ်မှာ ကြီးမားပြင်းထန်တဲ့ လေမုန်တိုင်းနဲ့ ကမ္ဘာပျက်လောက်တဲ့ ရာသီဥတု အခြေအနေတွေ ကြုံနိုင်တဲ့အကြောင်းကို U.N. အရာရှိတွေကို အသိပေးခဲ့ပေမယ့် ဥပေက္ခာပြုခြင်းခံခဲ့ရပါတယ်။ ဒါကြောင့်  New York မှာ ပိတ်မိနေတဲ့ သူ့ရဲ့ သား Samကို ခေါ်ဖို့အတွက် လေယာဉ်စီးသွားတဲ့ လမ်းမှာပဲ သဘာဝဘေးအန္တရာယ်နဲ့ စတင်ပြီးတော့ ကြုံတွေ့ရပြီးနောက် Jack Hall တစ်ယောက် ဘယ်လိုနည်းဘယ်လိုဟန်နဲ့ သူ့ရဲ့ သားကို ရအောင် ကယ်ထုတ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

READ
Selena အတွက် ငွေတွင်းကြီးတစ်ခုလို ဖြစ်နေတဲ့ သူမရဲ့ Instagram အကောင့်

War of the Worlds

ဒီဇာတ်ကားကတော့ နာမည်ကျော် မင်းသား တွန်ခရုဇ် ပါဝင်ထားတဲ့ ဇာတ်ကားဖြစ်ပြီး  ဂြိုလ်သားတွေ ကမ္ဘာမြေကို ကျူးကျော်ဝင်ရောက်လာတဲ့ အကြောင်းကို စိတ်ကူးယဉ်ရိုက်ကူးထားတာဖြစ်ပါတယ်။

I Am Legend

ဒီဇာတ်ကားမှာတော့ မင်းသားကြီး Will Smith က Robert Neville အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Robert Neville ကတော့ ဇွန်ဘီးရောဂါဖြစ်နေတဲ့ နယူးယော့ခ်မြို့မှာ ဇွန်ဘီးမဖြစ်ပဲ အသက်ရှင်ကျန်ရစ်တဲ့ လူသားတစ်ဦးပါ။သူကတော့ လူတွေကို ဒီကပ်ဆိုးကြီးကနေ ပြန်လည်ကယ်ဆယ်နိုင်ဖို့အတွက် ကုသနည်းကို ရှာဖွေနေတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ အစီအစဉ်အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာတော့ ရုပ်ရှင်မှာ ခံစားကြည့်ရှုလိုက်ပါဦးနော်။

Source: Google

SHARE