တိရိစ္ဆာန်လေးတွေကို ချစ်တတ်သူတွေကြည့်သင့်တဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ကားကောင်းများ

google.com,www.movienewsletters.net

ဒီကနေ့မှာတော့ တိရိစ္ဆာန်ချစ်တတ်တဲ့ ပရိသတ်တွေအတွက် နာမည်ကျော် အင်္ဂလိပ်ရုပ်ရှင်ကားကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

Dolphin Tale

ဒီဇာတ်လမ်းကတော့ လင်းပိုင်လေးနဲ့ ကောင်လေးတစ်ယောက်ရဲ့ သံယောဇဉ်ကို ရိုက်ကူးပြထားတာဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ထောင်ချောက်မိသွားတဲ့ လင်းပိုင်လေးကတော့ သူ့ရဲ့ အမှီးကို ထိခိုက်သွားခဲ့ပြီး ရေတောင် မကူးနိုင်တော့တာကြောင့် အဒါကိုတွေ့သွားတဲ့ ကောင်လေးက Clearwater ရေသတ္တဝါဆေးရုံကို ခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း လင်းပိုင်လေးရဲ့ အမှီးကတော့ လုံးဝပျက်စီးသွားခဲ့တဲ့နောက် ရေပြန်ကူးနိုင်ဖို့အတွက် ကောင်လေးက ဆေးရုံက တာဝန်ရှိသူတွေနဲ့အတူ ဘယ်လိုကူညီမယ်ဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Because of Winn-Dixie

မိခင်ဆီကနေ စွန့်ပစ်ခံထားရတဲ့ ၁၀နှစ်အရွယ် ကောင်မလေးOpal ကတော့ အဖေဖြစ်သူနဲ့အတူ ဖလော်ရီဒါက မြို့ငယ်လေးကို ပြောင်းသွားပြီတဲ့နောက်မှာ အဖေနဲ့လည်း အဆင်မပြေတဲ့ သူမကတော့ သူငယ်ချင်းလည်းမရှိတဲ့ တစ်ကိုယ်တည်းသမားလေးဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ စတိုးတစ်ခုကနေ ခွေးလေးတစ်ကောင်မွေးခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီခွေးလေးရဲ့ အကူအညီနဲ့ Opalရဲ့ ဘဝ တစ်မျိုးတစ်ဖုံ ဘယ်လိုပြောင်းသွားမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ခွေးလေးကိုတော့ Opal က Winn-Dixieလို့ နာမည်ပေးခဲ့ပါတယ်။

Air Bud

ဒီဇာတ်ကားမှာတော့ ဘတ်စကတ်ဘော ကျွမ်းကျွမ်းကျင်ကျင် ကစားနိုင်တဲ့ golden retriever အမျိုး ခွေးလေး Bud ရဲ့ စွမ်းရည်တွေကို တဝကြီးကြည့်ရမှာပါ။

READ
(၄)နှစ်သမီးတည်းက ဈေးရောင်းပြီး အိမ်အတွက် ငွေရှာပေးခဲ့ရတဲ့ Miss Thailand

Two Brothers

Kumal နဲ့ Sanghaတို့ ကျားပေါက်ညီအစ်ကိုနှစ်ကောင်ဟာ ဖခင်ဖြစ်သူမုဆိုးလက် အသတ်ခံရပြီးတဲ့နောက် တစ်ယောက်တစ်နေရာစီကွဲသွားခဲ့ပါတယ်။ Kumal ကတော့ ဆပ်ကပ်တစ်ခုထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ ထရိန်နာ လက်အောက်ရောက်သွားခဲ့ပြီး Sangha ကတော့ နိုင်ငံရေးသမားရဲ့ သားတစ်ယောက်ဆီမှာ မွေးစားခံလိုက်ရပါတယ်။ မတူညီတဲ့ပတ်ဝန်ကျင်ကို ရောက်ရှိသွားပြီး ပြောင်းလဲသွားတဲ့ သူတို့နှစ်ယောက် အခြေအနေတစ်ခုတည်းအောက်မှာ ပြန်လည် ဆုံတွေ့ကြတဲ့အခါ ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Garfield: The Movie

နာမည်ကျော် comic ကို ရုပ်ရှင်ကားအဖြစ် ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းကတော့ အပျင်းကြီး၊ဥာဏ်များတဲ့ကြောင်လေး Garfieldရဲ့ အကြောင်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ဟာသတွေရော၊ဝမ်းနည်းစရာ၊စိတ်လှုပ်ရှားစရာတွေ ပြည့်နေတဲ့ ရုပ်ရှင်ကားကောင်းလေးပါ။

April 

 

SHARE