ခရီးသွားတွေ မလည်ပတ်သင့်တော့တဲ့ နာမည်ကြီး ဇာတ်ကား ရိုက်ကွင်းနေရာများ

Image:HBO

ဇာတ်ကားတ်စကား ပေါက်ပြီဆိုရင် အဲ့ဒီဇာတ်ကား သွားရောက်ရိုက်ကူးတဲ့ ရိုက်ကွင်း နေရာ တွေ ကိုလည်း ခရီးသွားေ တွ အများကြီးလာ ရောက်တန်ကြပါတယ်။ဇာတ်ကား တွေ ကြောင့် နာမည်ကြီးခဲ့ရတဲ့ တစ်ချို့ ရိုက်ကွင်းနေရာ တွေ ဆိုရင် လာ ရောက် လည်သူတွေ အရမ်းကို များ လွန်းတာ ကြောင့် တစ်ခါ တ လေ ကျရင် နေရာ ကိုပါ ထိခိုက် ပျက် စီးစေ တတ်တာ မျိုးတွေ အထိ ရှိတတ်ပါတယ်။လာရောက် လည် ပတ်သူတွေ၊ဓါတ်ပုံ ရိုက်သူ တွေ များလွန်းလို့ လည်ပတ်ခွင့် ပိတ်ပင်တော့ ၊ပိတ်ပင်လိုက်တဲ့ နေရာ တွေ ကိုတော့ Brightside မှာ ခု လို ဖော်ပြ ထားပါတယ်။

Into the Wild ထဲ က ဘတ်စ်ကား, Alaska

Image:imdb/© Alaska National Guard

လူတော် တော်များများက အန္တရာယ်များတဲ့ ကြားက နေ ဘတ်စ်ကား ဆီ ကို လာရောက် ခဲ့ပါတယ်။အမျိုးသမီး နှစ်ဦးက ဆိုရင် အဲ့ဒီကို လာ ရောက်ဖို့ ကြိုးစားရင်း သေဆုံး ခဲ့ပါတယ်။နောက်ဆုံး မှာတော့ လူတွေ အန္တရာယ်များ တဲ့ ခရီးနှင်မှု မလုပ်အောင် ဘတ်စ်ကားကို ဖယ်ရှား ပစ်ခဲ့ရပါတယ်။

Star Wars: The Force Awakens, Skellig Michael, Ireland

Image:@star war & wikicommon

Star Wars ကြောင့်နှစ်စဉ်လာရောက်လည်ပတ်သူတွေ အရမ်း များခဲ့ပါတယ်။ဒါပေမယ့် တစ်ဖက် မှာလည်း ဧည့်သည်တွေ အရမ်းများလာတာ ကြောင့် ကျွန်း ပေါ်က တိရစ္ဆာန် လေးတွေ နဲ့ တောရိုင်း သဘာဝ ပျောက်ကွယ်မှာ ကို စိတ်ပူ နေကြပါတယ်။ဒါ့အပြင် ရှေး ဟောင်း အ ဆောက်အုံ တွေ အပြည့် အ၀ မကာကွယ် ပေး နိုင် တော့မှာကို စိတ်ပူ နေကြရပါတယ်။

King’s Landing, Game of Thrones, Dubrovnik

Image:HBO

Dubrovnik က တော့ Games of Thrones ကြောင့် ခရီးသွားတွေ ကြားအ ရမ်း ရေပန်းစား ခဲ့ရပါတယ်။ UNESCO စာရင်းဝင်ဖြစ်တဲ့ အဲ့ဓီ နေရာမှာဆိရင်တော့ ခရီးသွားတွေ အရမ်းများလာလို့ နောက်ပိုင်းကျရင် သမိုင်း ၀င်  အ မွေ အနစ်တွေ ပျက်စီးသွားနိုင်တယ်လို့ UNESCO က တောင် သတိပေးခဲ့ရပါတယ်။

READ
ထိုင်းနိုင်ငံတွင်းမှာသာ တွေ့မြင်ရမယ့် ထူးထူးဆန်းဆန်းအရာများ

The McCallister home ,Home Alone, Winnetka, IL

Image:imdb/wikicommon

Home Alone ဇာတ်ကားထဲက အိမ်ကြီးပါ။ဇာတ်ကားက အရမ်း ပေါက်ခဲ့တာ ကြောင့် အိမ် ကြီး ကလည်း လူ တွေရဲ့ စိတ်ဝင်စားမှု ကို ရခဲ့ ပြီး ဓါတ်ပုံရိုက်စရာ နေရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ဒါပေမယ့်လည်း သီးသန့် လူ နေ အိမ် ဖြစ်တာ ကြောင့် ဓါတ်ပုံ တွေရိုက် တာ ဟာ privacy ကို ထိ ပါး စော်ကားသလို ဖြစ် နေပါတယ်။

 Love Actually, Notting Hill, London

Image:capital pictures

Love Actually  ထဲက အိမ်က တကယ့် လူ နေအိမ်ပါ။ဒါ ပေမယ့်လည်း လူတွေ က အဲ့ဒီနေရာကို အများပြည်သူပိုင် နေရာ လို သ ဘော ထားပြီး ဓါတ်ပုံ တွေ လာ ရိုက်ခဲ့ပါတယ်။အိမ်ပိုင်ရှင်က တော့ သူ့ အိမ် တံ ခါး ၀မှာ လာပြီး ဓါတ်ပုံ ရိုက်နေသူတွေ  ကြောင့် စိတ်ညစ်လာပြီး နောက် မလာ ကြဖို့ တောင်းဆိုခဲ့ပါတယ်။

Notting Hill ထဲက စာအုပ်ဆိုင်, Notting Hill, London

Image:@Notting Hill

Notting Hill ထဲက စာအုပ်ဆိုင်ကိုတော့ ဇာတ်ကားကြည့်ဖူးသူတိုင်း သိကြမှာပါ။လာ ရောက်သူတွေ များ လာ လို့ ဒေသခံ တွေ မ ကျေ မနပ် ဖြစ်ခဲ့ ကြပါတယ်။

READ
ကြယ်တာရာကြည့်ရတာ ၀ါသနာပါသူတို့ ထီပေါက်ရင် သွားသင့်တဲ့ နေရာအလှများ

Christ Church College ,Harry Potter, Oxford, England

Image:@Harry Potter & Mike Peel

ဟယ်ရီ ပေါ်တာ ဇာတ်ကား ထဲက နေရာ လေးပါ။ခမ်းနား လှပ လွန်းတဲ့ Oxford တက္ကသိုလ် ထဲက နေရာ က တော့  ဇာတ်ကား ကြောင့် လာရောက် လည် ပတ်သူတွေ အရမ်းများခဲ့ပါတယ်။

Murder House ၊American Horror Story, Los Angeles, CA

Image:© Dannypancakes37 & @American Horror Story

American Horror Storyာ ထဲက အိမ်ကြီးက တော့ တကယ့်အပြင်မှာပါရှိတာပါ။နာမည်ကြီး ဇာတ်ကား ထဲ အိမ်ကြီးမို့ လူ တွေက ဓါတ်ပုံ တွေ လာရောက်ခဲ့တာ ကြောင့် အိမ်ပိုင်ရှင် အသစ်  တွေ က တော့ အိမ်ခြံ မြေ အေး ဂျင့် ကို တရားစွဲ ခဲ့ပါတယ်။ဇာတ်ကားထဲက အိမ်ဆိုတာ ဘာလို့ မ ပြောရလဲ ဆိုပြီး တရား စွဲ ခဲ့တာပါ။ ဓါတ်ပုံ ရိုက်တာ အပြင် ပရိသတ် တစ်ချို့က ကျူး ကျော်ဝင်လာတာ မျိုး တွေအထိ ရှိခဲ့ပါတယ်။

The “Joker stairs,” The Bronx, NY

Image:@Joker & © BaronBonedalier

ဒီ လှေခါးက တော့ Joker ဇာတ်ကား ကြောင့် တော်တော် လေး နာမည်ကြီးခဲ့ပါတယ်။ဇာတ်ကားပြ သ ပြီး ချိန် မှာ တော့ လှေခါး တွေ က ဓါတ်ပုံရိုက်စရာ နေရာ တစ်နေရာ ဖြစ်လာခဲ့ပါတယ်။ သွားလာ သူတွေ ကို အ နှောင့်အယှက် ဖြစ်ရ လောက် အောင် လှေခါး မှာ ဓါတ် ဖမ်းခဲ့သူတွေ ကြောင့် အဲ့ဒီ နားမှာ နေကြတဲ့ ရပ်ကွက်သူ၊ရပ်ကွက်သား တွေက မ ကျေမနပ် ဖြစ်ခဲ့ကြပါတယ်။

#SHWEMOM

SHARE