လူကုန်ကူးမှုအကြောင်းကို အသိပညာပေးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းများ

imdb/google

ဒီကနေ့မှာတော့ နိုင်ငံတကာမှာယနေ့ထိတိုင် ဖြစ်ပျက်နေဆဲ ပြဿကြီးတစ်ခုဖြစ်တဲ့ လူကုန်ကူးမှုအကြောင်းကို အသိပညာပေးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။ စိတ်ဝင်စားဖို့လည်းကောင်းပြီး ဂရုဏာသက်စရာလည်းကောင်းတာကြောင့် ဒီဇာတ်ကားတွေကြည့်ရင် ဘေးမှာ တစ်ရှုးဆောင်ထားဖို့တော့ လိုပါလိမ့်မယ်။

Trafficked

အိန္ဒိယ၊နိုင်ဂျီးရီးယားနဲ့ အမေရိကားက ကောင်မလေး သုံးယောက် တက္ကဆက်မြို့မှာရှိတဲ့ ဆောင်ကြာမြိုင်တစ်ခုမှာ ရောင်းစားခံလိုက်ရတဲ့နောက် သူတို့သုံးယောက်အတူ အဲဒီနေရာကနေ လွတ်မြောက်ဖို့ ဘယ်လိုကြိုးစားကြတယ်ဆိုတာ စိတ်ဝင်စားဖွယ်တွေ့ရှိရမှာပါ။

Trade of Innocents

ဒီဇာတ်လမ်းကတော့ ကလေးဆုံးရှုံးလိုက်ရတဲ့ စုံတွဲနှစ်ေ်ယာက် အရှေ့တောင်အာရှမှာရှိတဲ့ လိင်ကုန်ကူးသူတွေလက်ထဲကနေ မိန်းကလေးငယ်လေးတွေကို ကယ်ဆယ်ဖို့အတွက် ကြိုးစားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

The Whistleblower

ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ Kathy ဆိုတဲ့ အမျိုးသမီးဟာ စစ်ဖြစ်နေစဉ်မှာ ကာလမှာ Bosnia က UN မှာ အလုပ်ရခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ လူကုန်ကူမှုကွင်းဆက်ကြီးကို ရှာဖွေသိရှိပြီးမကြာခင်မှာပဲ အလုပ်ပြုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ Kathy ကတော့ အဲဒီလူကုန်ကူးမှုကို အမြစ်ကနေ မြေလှန်ပစ်ဖို့ကြိုးစားတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာပါ။

READ
ရေကူးကန်လေး သိပ်လှနေတော့ ရေစိမ်မိတာပေါ့လို့စ်ဆိုတဲ့ ပရိသတ်အချစ်တော် ခေးကြီးလု

The Day My God Died

ဒီရုပ်ရှင်ကတော့ Documentry အမျိုးအစားဖြစ်ပြီး လိင်ကုန်ကူးခံနေရတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ သူတို့လေးတွေ လွတ်မြောက်ဖို့အတွက် ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို Filmmaker Andrew Levine က ရိုက်ပြထားတာပါ။

Sold

နီပေါမြို့ တောင်ပေါ်မြို့လေးမှာနေတဲ့ ကလေးမလေး အိန္ဒိယနိုင်ငံက ဆောင်ကြာမြိုင်တစ်ခုဆီကို လူကုန်ကူးခံခဲ့ရပါတယ်။ အဲဒီကောင်မလေးကတော့ သူမဘဝအတွက် လွတ်လပ်မှုကို ပြန်လည်ရရှိဖို့ကြိုးစားရင်း အဲဒီဆောင်ကြာမြိုင်ကနေ လွတ်မြောက်မှာလားဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။

April

SHARE