ပျော်ရွှင်စရာအဆုံးသတ်နဲ့ ဇာတ်သိမ်းထားတဲ့ Boy Love ရုပ်ရှင် ဇာတ်ကားကောင်းများ

Boy Love ရုပ်ရှင်ကားတော်တော်များများကတော့ ဝမ်းနည်းစရာ အဆုံးသတ်တွေနဲ့ ဇာတ်သိမ်းလေ့ရှိပြီး homophobia ဒါမှမဟုတ်  HIV/AIDS နဲ့ပတ်သတ်ပြီး အသိပညာပေးတဲ့ အပိုင်းကို အဓိကဖေါ်ပြလေ့ရှိပါတယ်။ ဒါပေမဲ့လည်း ဝမ်းနည်းစရာ ဇာတ်သိမ်းတွေပဲရှိတဲ့ Boy Love ရုပ်ရှင်ကားတွေကိုပဲ ကြည့်နေမယ်ဆိုရင်တော့ တော်တော်လေး စိတ်ဓါတ်ကျစရာကောင်းမှာပါ။ ဒါကြောင့် ဒီကနေ့မှာတော့ လိင်တူချစ်သူတွေမှာလည်း ပျော်စရာကောင်းတဲ့ ဘဝအခြေအနေတွေရှိတယ်ဆိုတာကို အဓိက ဖေါ်ပြရိုက်ကူးထားတဲ့ Boy Love ရုပ်ရှင် ဇာတ်ကားကောင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Beautiful Thing

google.com

၁၉၉၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားထဲမှာတော့ Jamie ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ သူရဲ့ အတန်းဖော်ကောင်လေး Steတို့က  တစ်ယောက်အပေါ်တစ်ယောက် သဘောကျနေတဲ့ ဇာတ်လမ်းမျိုးပါ။ Jamieကတော့ ကျောင်းမှာ အနိုင်ကျင့်ခံတစ်ယောက်ဖြစ်ပြီး Steကတော့ သူရဲ့ အိမ်မှာ အရက်သမား အဖေဆီကနေ အနိုပ်စက်ခံနေရတာဖြစ်ပါတယ်။ဒီအကြောင်းကို သိသွားခဲ့တဲ့  Jamieရဲ့ အမေဖြစ်သူ Sandraက Steကို သူရဲ့ အရက်သမားအဖေဆီကနေ ထွက်လာပြီး သူတို့ရဲ့ အိမ်မှာ လာနေခိုင်းတဲ့နောက်မှာ Jamie နဲ့ Steတို့ က တစ်ခန်းတည်းအသုံးပြုရပါတော့တယ်။ Jamie နဲ့ Steတို့နှစ်ဦး ချစ်သူတွေဖြစ်နေတယ်ဆိုတာကို Sandraက ရိပ်မိသွားတဲ့နောက်မှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

READ
အကြွေစောခဲ့တဲ့ မင်းသွေးအတွက် အနုပညာရှင်တွေရဲ့ ၀မ်းနည်းစကားသံများ

Shelter

google.com

ဒီဇာတ်လမ်းကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်တဲ့  ရုပ်ရှင်ကားဖြစ်ပြီး Zachဆိုတဲ့ ပန်းချီဆရာကောင်လေးအကြောင်းဖြစ်ပါတယ်။ သူကတော့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းရဲ့ အစ်ကိုကို သဘောကျသွားခဲ့တာဖြစ်ပြီး သူရဲ့ စိတ်ခံစားချက်တွေက အစမှာ ရှုပ်ထွေးနေခဲ့ပါတယ်။ သူတို့မိသားစုတွေက သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သတ်ပြီး အဆင်မပြေဖြစ်ခဲ့ကြပေမဲ့လည်း ဇာတ်လမ်းအဆုံးမှာတော့ ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ စောင့်ကြည့်လိုက်ပါဦးနော်။ဒီဇာတ်ကားမှာတော့ ချစ်သူနှစ်ယောက်ရဲ့ အချစ်ရေးကိုသာမက မိသားစုဝင်တွေနဲ့ ဇာတ်လမ်းတွေကိုပါ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

The Way He Looks

google.com

ဒီဇာတ်ကားကတော့ အချစ်ဆုံး သူငယ်ချင်းနဲ့ ချစ်သူတွေဖြစ်သွားတဲ့ ရိုမန်တစ်ဆန်တဲ့ ရုပ်ရှင်ကားလေးပါ။ ဒီရုပ်ရှင်ကားမှာတော့ နေဝင်ချိန်မှာ အတူတူ စက်ဘီးစီးပြန်တဲ့ဇာတ်ဝင်ခန်းတွေအပြင် ကျောင်းသားကားတွေမှာတွေ့ရတဲ့ ကြည်နူးစရာဇာတ်ဝင်ခန်းတော်တော်များများကို တွေ့ရမှာပါ။ ဒီဇာတ်လမ်းထဲမှာတော့ Leonardoဆိုတဲ့ မျက်မမြင်ကျောင်းသားလေးက ကျောင်းသားသစ်လေး Gabrielကို သဘောကျသွားခဲ့ပြီး သူတို့နှစ်ယောက် ဘယ်လိုမျိုး ချစ်ကြိုက်သွားမလဲဆိုတာ စောင့်ကြည့်ရမှာပါ။

Touch of Pink

google.com

ဒီဇာတ်ကားလေးကတော့ အချစ်ဟာသ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာတော့ Alimဟာ အရမ်းကို စောင့်ကြည့်တတ်တဲ့ သူ့အမေရဲ့ မျက်စိအောက်ကနေ လွတ်မြောက်ဖို့အတွက် ကနေဒါကနေထွက်သွားခဲ့ပြီး လန်ဒန်မှာနေပါတယ်။ ဒါ့အပြင် Alimဟာ သူက လိင်တူချစ်သူတစ်ယောက်ဆိုတာကို သူ့ရဲ့ အမေကို  ဖုံးကွယ်ထားပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့ အမေက လန်ဒန်က သူရဲ့ အိမ်ခန်းကို လာလည်တဲ့အချိန်မှာ ချစ်သူနဲ့အတူ ရှိနေတဲ့ Alimတစ်ယောက် အမှန်တရားကို ဖုံးကွယ်ဖို့ ကြိုးစားရင်း ဘယ်လို ဂယက်တွေဖြစ်မယ်ဆိုတာကို စောင့်ကြည့်ရမှာပါ။

READ
ရေထဲမှာ ပျော်ပျော်ပါးပါးဆော့နေကြတဲ့ ခေတ်နဲ့ သစ်

Love, Simon

wikipedia

ဒီဇာတ်ကားကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ရှိထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ Simon Spierဆိုတဲ့ အသက်၁၇ နှစ်အရွယ် လူငယ်လေးရဲ့ အချစ်ရေးအကြောင်းဖြစ်ပါတယ်။ သူကတော့ လိင်တူချစ်သူတစ်ယောက်ဖြစ်ပြီး မိဘတွေ၊သူငယ်ချင်းတွေကတော့ ဒီအကြောင်းကို မသိကြပါဘူး။ တစ်ရက်မှာတော့ အွန်လိုင်းပေါ်မှာ သူသေဘာကျသွားခဲ့တဲ့ အမည်မသိ အတန်းဖော်က  ဘယ်သူလဲဆိုတာကို လိုက်လံရှာဖွေခဲ့ပါတယ်။ ရယ်မောစရာလေးတွေပါတဲ့အပြင် စိတ်လှုပ်ရှားစရာလည်းကောင်းတဲ့ ဒီဇာတ်ကားကတော့ Boy Love ရုပ်ရှင်ကားတွေကို ကြိုက်တဲ့သူတွေ ကြည့်ကို ကြည့်သင့်တဲ့ ကားကောင်းလေးပါ။

SOurce: pride

SHARE