ကွင်းဆက်လူသတ်သမားအကြောင်း ရိုက်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကား(၆)ကား

Image from youtube

ပရိသတ်တွေ အတွက် ဇာတ်ကားကောင်းတွေကို Shwemom ကနေ အပတ်စဉ်ဖော်ပြပေးနေပါတယ်။ဒီတစ် ပတ် မှာ တော့ ဖြစ်ရပ်မှန်မှုခင်းဇာတ်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။စ်ရပ်မှန် ကွင်းဆက်လူသတ်သမားတွေ အကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားတွေပါ။( ဖြစ်ရပ်မှန်ကိုရိုက်ထားတာမို့ ကြည့်လို့ကောင်းတယ်ဆိုတဲ့ အသုံးအနှုန်းမျိုးကိုတော့ မသုံး ချင်) ။မကြည့်ရသေးရင်တော့ ကြည့်ကြည့်လိုက်နော်…။

#1 Memories of Murder

အရင်ဆုံး ရွေးပေးချင်တဲ့ ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်သမား ဇာတ်ကားကတော့ Memories of Murder ပါ။ ဒီဇာ တ်ကားလေးကိုတော့ ဒါရိုက်တာBong Joon-ho က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ကိုရီးယားရဲ့ ပထမဆုံး ကွင်း ဆက် လူ သတ် သမား အကြောင်းကို ရိုက်ထားတာပါ။(၁၉၈၆)မှ(၁၉၉၁)ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ မှုခင်းလူသတ်မှုတွေ အကြောင်း ကို ရိုက်ထားတာပါ။အဲ့ဒီတုန်းက အသက်(၁၄) ကနေ (၇၁)နှစ်အတွင်းရှိတဲ့ အမျိုးသမီး (၁၀)ယောက် ဟာ ကို ရီးယားနိုင်ငံ Gyeonggi  ပြည်နယ်၊ Hwaseong မြို့မှာ အသတ်ခံခဲ့ရပါတယ်။ဒီအမှုဟာ ကိုရီးယားရဲ့ ပထမဆုံး ကွင်းဆက်လူသတ် မှုပါ။အရမ်းကြီးလည်း ကြောက်စရာ မကောင်းပါဘူး။ဇာတ်ကားကြည့်ပြီးရင်တော့  စိတ်ထဲမှာ အားမလို၊အားမရတွေ ဖြစ်ကျန်ခဲ့မှာ သေချာပါတယ်။

#2 Zodiac (2007)

ဒါရိုက်တာကတော့ David Fincher ပါ။ဒီဇာတ်ကားကတော့ Zodiac Killer ဆိုတဲ့ လူတစ်ယောက် အကြောင်း ကို  ရိုက်ထားတာပါ။ဘာလို့ Zodiac Killer  ဆိုတဲ့ လူလို့ပဲ သုံးနှုန်းရသလဲ ဆိုရင်တော့ တရားခံက မမိလို့ပါ။ဘယ်သူ ဘယ်ဝါ မှန်း မဖော်ထုတ်နိုင်တဲ့ ကွင်းဆက်လူသတ်တရားခံမို့ပါ။(၁၉၆၀)ခုနှစ် တွေ တုန်းက အမေရိကန် ကယ်လီ ဖိုးနီးယား ပြည်နယ်မှာ လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ သူရဲ့  အကြောင်းပါ။သူသတ်ခဲ့တဲ့ လူအရေ အတွက် ကတော့ ငါးဦးထက် မနည်းရှိနိုင်ပြီး၊ဖြစ်နိုင်ချေ၊ခန့်မှန်းချေကတော့ (၃၇) ယောက် လောက်လည်း ဖြစ်နိုင်ပါတယ်။နှစ်(၅၀) ကျော် ကြာသွားလည်း တရားခံ အဖြေမထွက်တဲ့ လူသတ်မှုကြီးပါ။ဇာတ်ကားထဲမှာကျတော့ Arthur Leigh Allen ဆိုတဲ့ လူကို တရားခံလို့ သံသယရှိသူ ဆိုတဲ့ View ကနေ ရိုက်ပြထားတာပါ။ https://www.biography.com/crime-figure/zodiac-killer ဆိုတဲ့ Page မှာ သူ့ အကြောင်းတွေကို ဖတ်လို့ရပါတယ်။

READ
ပရိသတ်တွေ သဘောကျနေကြတဲ့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံရဲ့ ဗီဒီယိုဖိုင်

#3 Dahmer (2002)

ဒီဇာတ်ကားမှာတော့ မင်းသား  Jeremy Renner  အမေရိကန်ကွင်းဆက် လူသတ်သမား Jeffrey Dahmer ရဲ့ နေရာကနေ သရုပ်ဆောင်ထားပါတယ်။သတ်လဲသတ်၊မုဒိမ်းလဲကျင့်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ နာမည်ဆိုးနဲ့ ကျော် ကြား တဲ့ ကွင်းဆက်လူသတ်သမား Jeffrey Dahmer ရဲ့  အကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကားပါ။သူ့ရဲ့ပစ်မှ တ် တွေက အမျိုးသားတွေပါ။(၁၉၇၈-၁၉၉၁)ခုနှစ် အချိန်ကာလတုန်းက အမျိုးသားနဲ့ ကောင်လေး (၁၇) ယောက်ကို သတ် ပစ်ခဲ့တာပါ။ Gay Bar ကနေ ပြီး သူ့ရဲ့ ပစ် မှတ် တွေကို ရွေးချယ်ပြီး သတ်ပစ်တာပါ။ရဲတွေက (၁၉၉၁) မှာ သူ့ကို ဖမ်းမိတယ်။သူ့အခန်းထဲကနေ လည်း သူသတ်တဲ့ လူတွေရဲ့ ပုံတွေကိုပါ တွေ့ခဲ့တာပါ။ထောင်ဒဏ် တစ်သက် တစ်ကျွန်းပြစ်ဒဏ်ကျခံနေတဲ့ အချိန်မှာပဲ Christopher Scarver ဆိုတဲ့ ထောင်သားက ရိုက်သတ်လိုက်လို့ (၁၉၉၄) မှာပဲ သေသွားခဲ့ပါတယ်။

#4 Monster (2003)

ဒီဇာတ်ကားမှာတော့ မင်းသမီး Charlize Theron က ကွင်းဆက်လူသတ်သမား Aileen Wuornos  အဖြစ် သရုပ်ဆောင်ရင်းနဲ့ အော်စကာဆုပေးပွဲမှာ Best Actress ဆု ရခဲ့ပါတယ်။(၁၉၈၉-၁၉၉၀) တုန်းက အမျိုးသား (၇) ယောက်ကို သတ်ခဲ့တာပါ။လူသတ်ပြီး တစ်နှစ်အကြာမှာတော့ သူမရဲ့ အပြစ်တွေ အတွက် ၀န်ခံ ခဲ့ပါတယ်။အပြစ် တွေ အတွက် သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။Wuornos  ကတော့ ဒီအမျိုးသားတွေကို သတ်ရတာဟာ ဒီယောက်ျားတွေက သူမကို မုဒိမ်းကျင့်လို့ ခုခံ ကာကွယ်တဲ့ အနေနဲ့ သတ်ရတာလို့တော့ ပြောခဲ့ဖူးပါတယ်။(တကယ်ဟုတ်၊မဟုတ်တော့ သူမှပဲ သိပါလိမ့်မယ်)

#5 Raman Raghav 2.0

နောက်ထပ် ရွေးပေးချင်တဲ့ ဇာတ်ကားကတော့ ကွင်းဆက်လူသတ်သမား Raman Raghava ရဲ့ အကြောင်းကို ရိုက်ထား တာပါ။(၁၉၆၈)တုန်းက အိန္ဒိယနိုင်ငံ Mumbai  မြို့ရဲ့ ဆင်ခြေဖုံးနေရာတွေမှာ လူသတ်မှု တွေ ဖြစ်ခဲ့တာပါ။ ညဖက်တွေမှာ ပစ်မှတ်တွေကို ချွန်ထက်တဲ့ အရာတွေကို သုံးပြီးသတ်ခဲ့တာပါ။လူပေါင်း (၁၉)ယောက်ကို တိုက် ခိုက် ပြီး သတ်ဖို့ ကြိုးစားခဲ့ပေမယ့် အကုန်လုံးကိုတော့ မသတ်နိုင်ခဲ့ပါဘူး။မအောင်မြင်ခဲ့ပါဘူး။(၁၉) ယောက်ထဲက  (၉)ယော က် က အသတ်ခံခဲ့ရပါတယ်။

READ
လက်မှတ်တွေ ရောင်းမကုန်ဖြစ်နေရှာတဲ့ Nicki Minaj

#6 Extremely Wicked, Shockingly Evil and Vile

ဇာတ်ကားလေးကတော့ (၂၀၁၉)ကမှ ထွက်ထားတဲ့ ဇာတ်ကားပါ။မကြည့်ရသေးရင် ကြည့်ကြည့်ပါ။ကြောက် စရာ ကောင်းတဲ့ လူသတ်တဲ့ အခန်းတွေ မပါပါဘူး။Ted Bundy ဆိုတဲ့ ကွင်းဆက်လူသတ် သမား အကြောင်းကို ရိုက်ထား တာပါ။ဒါရိုက်တာ Joe Berlinger ကတော့ Ted Bundy ရဲ့ ချစ်သူဟောင်း Elizabeth Kendall ရဲ့ ခံစားချက် View ကို ပိုပြီး မီးမောင်းထိုး ရိုက်ပြထားတာပါ။(၁၉၇၀)ခုနှစ် တွေ တုန်းက မိန်းကလေးငယ်တွေ ကို မုဒိမ်းကျင့်၊ ပြန်ပေးဆွဲပြီး သတ်ခဲ့တဲ့ ကွင်းဆက်လူသတ်သမားအကြောင်းပါ။ဇာတ်ကားထဲမှာကတော့ လူသတ်သမားက သူမသတ် ပါဘူး။အပြစ်ကင်းပါတယ်လို့ (ဇာတ်သိမ်းကလွဲပြီး) တောက်လျောက် ငြင်းလာခဲ့တာပါ။ဇာတ်ကားကို ကြည့်ပြီး ဖြစ်ရပ် မှန် မှန်းသိပေမယ့် သူတကယ်ကျူးလွန်တာမှ ဟုတ်ရဲ့လားဆိုတဲ့ သံသယစိတ်ဝင်သွားမိတာကတော့ ဒီဇာတ်ကားကို ကြည့်ပြီး ဖြစ်မိတဲ့ Feeling ပါ။ဒါကြောင့် မကျေပွဲနွှဲပြီး သူ့ အကြောင်းကို  wikipedia မှာ ရှာဖတ်ကြည့်မိတယ် ။အဲ့ဒီ မှာ တော့ သူဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့ အထိ ငြင်းလာခဲ့ပေမယ့် သူ့ကို  (၁၉၈၉) မှာ သေဒဏ် မစီရင် ခင် သူ့အပြစ်တွေ ကို ၀န်ခံခဲ့တယ်လို့ ရေးထားပါတယ်။(၁၉၇၄-၁၉၇၈)ခုနှစ် တွေတုန်းက ပြည်နယ် ခုနှစ် ခုမှာ လူသတ်မှု (၃၀)လောက် ကျူးလွန်ခဲ့တယ်လို့ Ted Bundy က ၀န်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

#Shwemom(Ref; wikipedia)

SHARE