ရင်ဘတ်ကြီးနဲ့ ခံစားချင်သူတိုင်း ကြည့်သင့်တဲ့ နိုင်ငံတကာဇာတ်ကား (၄)ကား

Image :imdb

ပျော်စရာ ကောင်းတဲ့ ဇာတ်ကားတွေ၊ရယ်ရတဲ့ ဇာတ်ကားတွေကို ကြည့်ရတာ ရိုးလာလို့ ရင်ဘတ်ကြီး နဲ့  အပြည့် အ၀ ကို ခံစားပြီး ကိုယ်ပါ လိုက်ပြီး မျက်ရည် ပိုးပိုးပေါက်ပေါက် ကျ ချင်တယ်ဆိုရင် တော့ ဒီဇာတ်ကား တွေကို ကြည့်ပါ လို့ ညွှန်းချင်ပါတယ်။

The Way Home

The Way Home ဇာတ်ကားက စ ကြည့်ခါ စ မှာ အေးအေးကြီးလို့ ထင် ကောင်းထင်မှာပါ။တစ်ခါ တ လေ ကျ တော့  ချစ်တယ်ဆိုတာ မျိုးက စကားကြီး စကားကျယ်တွေ ပြော မှ ပေါ် လွင်တာမဟုတ်ပဲ အ သေး အဖွဲ အပြု အမှု လေး တွေ မှာလည်း စေတနာ ပါတဲ့ ချစ်ခြင်းတွေကို တွေ့ မြင်နိုင်မှာပါ။အဘွားနဲ့ မြေး ကြားထဲက ချစ် ခြင်း မေ တ္တာ တရားကို တွေ့ရမှာပါ။ဘယ်အချိန်က ဇာတ်ကား ရဲ့ ဆွဲ ခေါ်ရာ ကို ပါသွားမှန်း မသိ ပေမယ့် ဇာတ်ကားပြီး ချိန် မှာ စိတ် မ ကောင်းဖြစ် ရင်နင့်ကျန် စေမယ့် ဇာတ်ကားလေးပါ။

READ
လပ်စ်ဗီးဂပ်စ်ဖျော်ဖြေပွဲအတွက် ကြမ်းကြမ်းရမ်းရမ်းကကွက်တွေ လေ့ကျင့်ခဲ့တဲ့ ဂျနီဖာလိုပက်ဇ်

The Boy in the Striped Pajamas

ဒီကား လေးက  လည်း အစမှာတော့ အေးအေး လေးပါ။တော်တော် များများလည်း ကြည့်ဖူးကြမှာပါ။ဘယ် အချိန် ကြည့် ကြည့်မ ရိုးတဲ့ ဇာတ်ကားလေးပါ။ဒုတိယ ကမ္ဘာ စစ်တုန်းက ဂျူး ကောင် လေး တစ်ယောက် နဲ့ စစ်အာဏာ ရှင် တစ်ယောက်ရဲ့ သားလေး တို့ သူငယ်ချင်းတွေ ဖြစ်ပြီး တွယ်တာ သွားကြတဲ့အ  ကြောင်းလေးပါ။ဇာတ်ကား ရဲ့ ဇာတ် သိမ်း ကတော့ ဇာတ်ကားတစ်ခု လုံးရဲ့ အသက်ပါ။ကြည့်တဲ့ သူတွေကို ခဏ တာ ဆွံ့ အ သွားစေမယ့် ဇာတ်ကားပါ။

Hachi: A Dog’s Tale

ခွေးချစ်သူတိုင်း ကြည့်တဲ့ ဇာတ်ကားလေးပါ။ဂျပန်ဇာတ်ကား Hachikō Monogatari ကို ပြန်ရိုက်ထားတာပါ။ Hachikō ဆိုတဲ့ ခွေး လေးရဲ့ ဖြစ်ရပ်မှန် ဇာတ်ကားလေးပါ။စွန့်ပစ်ခံ ခွေးလေး တစ်ကောင်ကို သနား ပြီး ပြန်ရှာ တွေ့ သွားတဲ့ ပါ မေက္ခ Ueno နဲ့ ခွေးလေးတို့ ကြားက ချစ်ခြင်း မေတ္တာ တရားကို ဒီကားထဲမှာ တွေ့ ရမှာပါ။Ueno သေ  ပြီး (၉)နှစ်ကြာတဲ့ အထိ သခင်ကို သစ္စာရှိရှိ စောင့်နေခဲ့တာပါ။ကြည့်သူတိုင်း မျက်ရည်ကျ ရမယ့် ကားလေးပါ။

READ
ပရိသတ်တွေမမှတ်မိလောက်အောင် အရုပ်မလေးတစ်ရုပ်လို လှလာတဲ့ ဖြူဖြူထွေး

Miracle in Cell No. 7

နောက်ထပ် ရွေး ပေးချင်တဲ့ ကိုရီးယားဇာတ်ကား ကောင်းလေးပါ။ဒီကားက တော့ ကြည့်နေရင်းနဲ့ တောင် မျက်ရည် ၀ဲ ရတဲ့ အထိ ကောင်းတဲ့ ဇာတ်ကားလေးပါ။ဇာတ်ကား အကျဉ်းလေး ကတော့ ထောင်ထဲမှာ စွပ်စွဲ ခံရပြီး ထောင်ကျ နေတဲ့ စိတ်ကျန်းမာ ရေး မ ကောင်းတဲ့ အကျဉ်းသားနဲ့ သူ့သမီးလေးတို့ ကြားက ချစ်မေတ္တာကို ပုံ ဖော်ထားတာပါ။ ဇာတ်ကား အကျဉ်းကိုတော့ အထူးတလည် ရှင်းမပြ တော့ပါဘူး။သေချာ တာ ကတော့ ကြည့်မိရင် လုံးဝ နောင် တ မရ မယ့် ကားလေးပါ။

#SHWEMOM

SHARE