ဇာတ်ရုပ်ပီပြင်ဖို့ ကြိုးစားသရုပ်ဆောင်ရင်း သေရာပါဒဏ်ရာရခဲ့ကြတဲ့ မင်းသားများ

ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ဖို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို စတေးခဲ့ကြတဲ့ သူတွေရှိပါတယ်။အနုပညာ အပေါ် ချစ်တဲ့စိတ်၊ကိုယ်ကျရာ ဇာတ်ကောင်ကိုပီပြင်ဖို့ ကြိုးစားကြရင်း ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရာသက်ပန် ထိ ခိုက် ပျက်စီးခဲ့ကြရတာပါ။သရုပ်ဆောင်ပီပြင်ဖို့ ကြိုးစားရင်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက် ပျက်စီး ခဲ့ကြရတဲ့  မင်းသားတွေကတော့…

#Bruce Willis ( Die Hard)

.looper.

Bruce Willis  ကတော့ (၁၉၉၈) တုန်းကDIE HARD ကားရိုက်ရင်း အကြားအာရုံ ချို့တဲ့ခဲ့ပါတယ်။ ဘယ်ဖက် နားရဲ့ အကြားအာရုံက (၃) ပုံ (၂) ပုံလောက် ချို့တဲ့သွားခဲ့တာပါ။

#Jared Leto (Chapter 27)

pinterest

အမေရိကန် မင်းသား Jared Leto ကတော့ Requiem for a Dream ၊ Dallas Buyers Club..အစရှိတဲ့ ဇာတ်ကား တွေ အတွက် ဇာတ်ကောင်ပီပြင်ဖို့ Body ကို အပြောင်း အလဲ တွေ လုပ်ပြခဲ့သူပါ။ Chapter 27 ဇာတ်ကား မှာဆိုရင် ဇာတ်ကောင်ပီပြင်ဖို့ ၀ိတ်တွေ အများကြီးတက်အောင် လုပ်ခဲ့ရပါတယ်။ ရုတ်တရက်ကြီး ၀ိတ် တွေ အရမ်းတတ်အောင်လုပ်လိုက်ရတဲ့ အတွက် နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အဆစ်အမျက် ရောင် ရောဂါ( ဂေါက် ရောဂါ) ကို ခံစားခဲ့ရပါတယ်။ Suicide Squad ဇာတ်ကားအတွက် ဆိုရင်လည်း ဆံပင်ကို အစိမ်းရောင်ဆိုး၊သတ္တု သွား တွေ တပ်ပြီး ဇာတ်ကောင်အတွက် လုံးဝပြောင်းလဲပစ်ခဲ့သူပါ။

#Tom Hanks ( Cast Away)

PK Baseline

ဒီကားထဲမှာဆိုရင် Hanks က ဇာတ်ကောင်ပီပြင်ဖို့ ၀ိတ်လျော့ခဲ့ရပါတယ်။ Cast Away ဇာတ်ကားမှာဆိုရင်တော့ သဲကန္တရမှာ (၄)နှစ်လောက် သောင်တင်နေသူအဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီလို ပြောင်းလဲမှုကြောင့်  ဆီးချို ရောဂါ ခံစားခဲ့ရပါတယ်။

#Jackie Chan(Armour of God II)

diply.com

Chan  ကတော့ စတန့်တွေ အားလုံးကို လူစားမထိုးပဲ ကိုယ်တိုင်ကြိုးစားသရုပ်ဆောင်တတ်တဲ့ မင်းသား တစ်ယောက် ပါ။ဘယ်လောက်ပဲ အန္တရာယ်များပါစေ ကြိုးစာလုပ်တတ်တဲ့သူပါ။ရိုက်ကွင်းတစ်ခုမှာဆိုရင် အရေးတကြီး ခွဲစိတ်မှု ပြေး လုပ်ရတဲ့ အထိ ထိခိုက်ခဲ့ဖူးပါတယ်။ရခဲ့တဲ့ ဒဏ်ရာတွေထဲကမှ အဆိုးဆုံးတစ်ခုကတော့ Armour of God II ဇာတ်ကား ရိုက်တုန်းကပါ။အဲ့ဒီမှာ ကြိုးနဲ့ ခုန်ရတဲ့ စတန့်မှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တာပါ။ ဦးခေါင်း ခွဲ စိတ်ရတဲ့  အထိ ပြင်းထန်ခဲ့ပြီး ခေါင်းထဲကို သံမဏိပြားထည့်ခဲ့ရပါတယ်။

#Matt Damon ( Courage Under Fire)

READ
၂၀၁၇ ဩစတြေးလျမယ်ကမ္ဘာပြိုင်ပွဲဝင် ဆူဒန်မော်ဒယ်ရဲ့ ကြမ်းတမ်းလှတဲ့ ဘ၀ခရီး
MetDaan

Matt ကတော့ ဇာတ်ကားလိုအပ်ချက်အရ ရက်တစ်ရာအတွင်းမှာ ပေါင် (၄၀) ချခဲ့ရပါတယ်။ရ က်တိုတိုမှာ  ပြင်းပြင်း ထန်ထန်ဝိတ်ချခဲ့တာကြောင့် ခန္ဓာကိုယ်မှာ သကြားဓါတ်ပမာဏဟာ မတူညီပဲ အပြောင်းအလဲ တွေ ဖြစ် ခဲ့ပါတယ်။

#George Clooney ( Syriana)

Deep Focus

နှိပ်စက်ညှဉ်းပမ်းတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ရင်း ကျောရိုး ပြင်းပြင်းထန်ထန်ထိခိုက် ဒဏ်ရာရ ခဲ့ပါတယ်။ဒဏ်ရာ အ ရမ်းပြင်းတော့ ဆရာဝန်တွေက သူ့ကို အကိုက်အခဲပျောက်ဆေးတွေ အများကြီး ပေးခဲ့ရပါတယ်။အခုထိ အဲ့ဒီ ဒဏ် ရာတွေကြောင့် ခေါင်းကိုက်ဝေဒနာကို ဆိုးဆိုးရွားရွား ခံစားနေရတုန်းပါ။

#Viggo Mortensen ( The Lord Of The Rings: The Two Towers)

diply.com

 Viggo သရုပ်ဆောင်ရတဲ့ အခန်းမှာ ဦးထုပ်ကို ကင်မရာဆီကို ကန်ရတဲ့ အခန်းပါပါတယ်။ဒါရိုက်တာ Peter Jackson က ဒီအခန်းကို တစ်ကြိမ်ထက်မက ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Viggo  ရဲ့ ခြေချောင်း (၂) ချောင်း ကျိုးခဲ့ရပါတယ်။

#Tom Hardy ( Warrior)

diply.com

ဇာတ်ကားတစ်ခုလုံး မှာ ဘယ်လောက်ထိ ကြိုးကြိုးစားစား သရုပ်ဆောင်ခဲ့သလဲ ဆိုတာကို သူရခဲ့တဲ့ ဒဏ်ရာတွေ က သက်သေပြနေပါတယ်။ဒီကားကို ရိုက်ရင်း နံရိုးတွေကျိုး ခဲ့သလို၊လက်ချောင်းနဲ့ ခြေချောင်းတွေ ပါ ကျိုးခဲ့ပါတယ်။

#Sylvester Stallone (The Expendables 3)

looper.

Rambo နဲ့ The Expendables မှာတော့ လည်ပင်း၊ကျောရို ကျိုးခဲ့ပါတယ်။ပခုံးအရိုးအဆစ်တွေ လွဲခဲ့ပါတယ်။ (၂၀၁၄) Expendables 3 ကတော့ သူ့ရဲ့ အပြင်းထန်ဆုံးထိခိုက်ဒဏ်ရာရမှုလို့ Stallone ကပြောခဲ့ပါတယ်။နောက် ကျောမှာ သေရာပါ ဒဏ်ရာခဲ့ပါတယ်။သံမဏိပြား ထည့်ခဲ့ရပါတယ်။ဒါကို Stallone က ” တကယ်လို့ များ ခင်ဗျား ကျွိ ခနဲ အသံမြည်ရင်တော့ ကျတော့ ရှူး ဖိနပ်က မဟုတ်ဖူးနော်..ကျတော့်နောက်ကျောက အသံ” လို့ ပြောခဲ့ပါတယ်။ Expendables 3 မှာ Jason Statham တစ်ယောက်လည်း သေလုနီးပါးဖြစ်ခဲ့ပါတယ်။ကုန်တင်ကား ကြီး မောင်းနေစဉ် ဘရိတ်မကောင်းတော့လို့ ပင်လယ်နယ်ထဲကို ပေ(၆၀) လောက် ထိုးကျခဲ့ဖူးပါတယ်။တစ်ချိန်က အိုလံပစ်  ဒိုင်ဗင်သမားတစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ Statham က ရေကူးပြီး လွတ်မြောက်လာနိုင်ခဲ့ပါတယ်။

tireburn.

#Brad Pitt (Se7en)

theCHIVE
Se7en ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ မိုးထဲမှာ နောက်ယောင်ခံလိုက်ကြတဲ့ အခန်းမှာ ဒဏ်ရာတကယ်ရခဲ့တာပါ။အပြင်မှာ ပါ ကားရိုက်ရင်း ကျိုးသွားတဲ့ လက်ကြောင့် နောက်ဆုံးမှာ ဒါရိုက်တာက (လက်ကျိုးတယ်ဆိုတဲ့ ဇာတ်ညွှန်း မပါပေမယ့်) ကျိုးနေတဲ့ လက်ကိုပါ ဇာတ်ကား ထဲမှာ ဒီအတိုင်း ထည့်ရိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
# Daniel Craig (Spectre) 
The Sun

Daniel Craig ကတော့ Spectre ကြောင့် ဒဏ်ရာရခဲ့တဲ့ တစ်ဦးတည်းသော အနုပညာရှင်တော့မဟုတ်ပါဘူး။ လက် ထောက် ဒါရိုက်တာTerry Madden က Austrian တောင်တန်းမှာ ကားရိုက်ရင်း ဒဏ်ရာရခဲ့တာပါ။Range Rover ပေါ်မှာ ကင်မရာ တပ်ဆင်ပြီး ရိုက်ခဲ့တာပါ။ ရိုက်ကူးရေးအပြီးမှာတော့ ယာဉ်က ထိန်းချုပ်လို့ မရတော့ပဲ Mr Madden ကို ၀င်တိုက်မိခဲ့ပါတယ်။ခြေထောက် ကျိုးကြေပျက်စီးခဲ့ပါတယ်။အရိုးတွေ ကျိုးအက်ခဲ့သလို အာရုံကြောပါ ထိခိုက်ပျက်စီး ခဲ့ပါတယ်။Daniel Craig ကလည်း ကားရိုက်ရင်း ဒဏ်ရာရခဲ့ပါတယ်။ဒူးမှာ ဒဏ်ရာရခဲ့တာပါ။ခွဲ စိတ်ဖို့ လိုအပ် တဲ့ အထိ ဖြစ်ခဲ့ပြီး ကားရိုက်ကို (၆) လလောက် နားဖို့ အထိ ဖြစ်ခဲ့ပါတယ်။ဒါပေမယ့် Craig ကတော့ ခေါင်းမာစွာနဲ့ပဲ အနားမယူပဲ နာကျင်နေတဲ့ ကြားက ရိုက်ကူးရေးကို ဆက်လုပ်ခဲ့ပါတယ်။ဒါကတော့ သူ့ရဲ့ သေရာပါ ရခဲ့တဲ့ ဒဏ် ရာ ပါ။Daniel Craig ဟာ Casino Royale မှာလည်း  သွားနှစ်ချောင်း ကျိုးခဲ့သလို Quantum of Solace မှာ ဆိုရင် လည်း မျက်နှာမှာဒဏ်ရာရခဲ့ပြီး ပလတ်စတစ်ဆာဂျရီလုပ်ဖို့ လိုအပ်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။နံရိုးကျိုးတာ၊လက်ချောင်း တွေ ထိခိုက်ဒဏ်ရာရတာ..ဒဏ်ရာဒဏ်ချက်တွေ အများကြီးရခဲ့ဖူးပါတယ်။

READ
အောက်တိုဘာလ ပထမအပတ်အတွင်း Billboard Top Ten ဝင်သီချင်းကောင်းများ

#Dylan O’Brien ( Maze Runner: The Death Cure)

Hollywood North

Maze Runner series ရဲ့ နောက်ဆုံး အပိုင်းကတော့ ရပ်နားပစ်ခဲ့ရပါတယ်။ပြင်းထန်ဆိုးရွားလွန်းတဲ့ ရိုက်ကွင်း မတော်တဆ မှုတွေကြောင့်ပါ။Dylan O’Brien ကတော့ ဒီကားကြောင့် brain trauma ခံစား ခဲ့ရပါတယ်။ ဆိုင် ကယ်နဲ့ စတန့် ဇာတ်ဝင်ခန်းတစ်ခုမှာ ပါဝင်ရင်း မျက်နှာ ညာဖက်ခြမ်း စုတ်ပြတ်သွားခဲ့ပါတယ်။ဒဏ်ရာကြောင့် သံမဏိ ပြား (၄) ပြား နဲ့ အစားထိုးကုသခဲ့ရပါတယ်။

#Tom Cruise ( Jack Reacher )

Yahoo Movies UK

အက်ရှင် စတန့်တွေကို ကိုယ်တိုင် လုပ်လိုက်ရမှာ ကျေနပ်တဲ့ Tom Cruise ကတော့ Jack Reacher မှာ  တစ်ဖက်လူ ကို ကန်ရတဲ့ အခန်းကို အကြိမ်ကြိမ် လုပ်ရင်း အကြိမ် (၅၀) လောက် ကန်ပြီး ချိန်မှာတော့ ခြေထောက်က ရောင်ကိုင်းသွားခဲ့ပါတယ်။ အခုချိန်ထိ ဒဏ်ရာရခဲ့တဲ့ ခြေထောက်က ပုံမှန်အတိုင်း ပြန်မဖြစ်တော့ပါဘူး။

Source .looper.com၊diply.com

SHARE