အချစ်မှာ အသက်အရွယ်ဟာ ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်း ဖော်ပြခဲ့တဲ့ ရုပ်ရှင်(၆)ကား

Imdb/Entrapment

အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့ ဆိုရိုးစကားကတော့ လူတိုင်းသုံးဖူးကြမယ် ထင်ပါတယ်။ ထပ်မံဖြည့်စွက်ရမယ် ဆိုရင်တော့ အချစ်မှာ အသက်ကွာဟမှုကလဲ အရေးမကြီးဘူးဆိုတဲ့ စကားပါပဲ။ တကယ်ချစ်ရင် အသက်ရွယ်ဟာ ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်း ဖော်ပြခဲ့တဲ့ ရုပ်ရှင်တွေ ရှိနေပါတယ်။ ဘယ်ရုပ်ရှင်တွေလဲ ဆိုတာ  ဖော်ပြရင်း တူတူခံစားကြရအောင် …

  • Entrapment 

အဖေနဲ့သမီးအရွယ် အချစ်ဇာတ်လမ်းလို့ပြောရမလိုပါပဲ။ Entrapment ရိုက်ကူးချိန်မှာတော့ မင်းသားဖြစ်သူ Sean Connery ကတော့ အသက် (၆၈) နှစ်ရှိပြီ ဖြစ်ပြီးတော့ မင်းသမီးဖြစ်သူ Catherine Zeta – Jones ကတော့ (၂၉) နှစ်ပဲရှိပါသေးတယ်။ Entrapment ကိုတော့ (၁၉၉၉) ခုနှစ်မှာ ပြသခဲ့တာပဲ ဖြစ်ပါတယ်။

  • Lost In Translation 

မင်းသမီးချောလေး Scarlett Johansson ကတော့ Lost In Translation ပြသခဲ့တဲ့ အချိန်မှာ အသက် (၁၈) နှစ်ပဲရှိပါသေးတယ်။ မင်းသားဖြစ်သူ Bill Murray ကတော့ (၅၂) နှစ်ဖြစ်ပြီးတော့ (၃၄) နှစ်ကွာပါတယ်။ ရုပ်ရှင်ထဲမှာတော့ နမ်းတဲ့ အခန်း တစ်ခန်းပဲပါခဲ့တာ ဖြစ်ပေမယ့် သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေက အရမ်းကိုပီပြင်လွန်းခဲ့ပါတယ်။ အသက်ကွာဟသူ နှစ်ဦးရဲ့ အချစ်ကို ပီပြင်စွာ ပုံဖော်ထားမှုက ဒီရုပ်ရှင်ရဲ့ အသက်ဆိုလဲမမှားပါဘူး။

  • Magic In The Moonlight 
READ
Profile ပုံကို စုံတွဲပုံ ပြောင်းလိုက်တဲ့ ဥက္ကာမင်းမောင်

LaLa Land မင်းသမီး Emma Stone ကတော့ Magic In The Moonlight ဆိုတဲ့ ရုပ်ရှင်မှာ သူမထက် အသက် (၃၀) နီးပါးကြီးတဲ့ မင်းသားဖြစ်သူ Colin Firth နဲ့ ချစ်သူရည်းစားနေရာ ကနေ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ရုပ်ရှင်ထဲမှာတော့ Emma ကို (၃၀) နှစ် နဲ့ Colin ကို အသက် (၅၃) နှစ်နေရာက သရုပ်ဆောင်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ (၂၀၁၄) ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး အချစ်ဒရာမာ ရုပ်ရှင်ကားကောင်း တစ်ခုပဲ ဖြစ်ပါတယ်။

  • Lolita 

ဦးနဲ့သမီး ဇာတ်လမ်းဆိုပြီး နာမည်ကြီးသွားခဲ့တဲ့ Lolita ရဲ့ မူရင်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။ မင်းသမီးဖြစ်သူ Sue Lyon ကတော့ ရိုက်ကူးချိန်မှာ အသက် (၁၅) နှစ်သာရှိခဲ့ပြီး မင်းသားဖြစ်သူ James Mason ကတော့ အသက် (၅၃) နှစ်ဖြစ်ပါတယ်။ Lolita ရဲ့ မူရင်းဝတ္ထုကို ဖတ်ဖူးသူတွေအတွက်တော့ ဒီအသက်ကွာခြားမှုက ထူးဆန်းမယ် မထင်ပါဘူး။ အသက် ကွာခြားချက်ကပဲ ဒီရုပ်ရှင်ရဲ့ အဓိက စိတ်ဝင်စားဖွယ်အချက် ဖြစ်နေခဲ့တာပါ။

  • Third Person 

2014 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Third Person ဆိုတဲ့ ရုပ်ရှင်မှာတော့ မင်းသားဖြစ်သူ Liam Neeson က (၆၂) နှစ်ဖြစ်ပြီး မင်းသမီးဖြစ်သူ  Olivia Wilde ကတော့ အသက် (၃၀) ဖြစ်ပါတယ်။ တွဲလိုက် ပြတ်လိုက် ပြန်ဆက်လိုက် ဖြစ်နေတဲ့ ချစ်သူနှစ်ဦးနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ သူတို့နှစ်ယောက်ကတော့ အသက် (၃၂) နှစ်ကွာနေခဲ့တာပါ။

  • Poison ivy
READ
မိုးအေးအေးလေးနဲ့ကွေးရင်း ကြည့်သင့်တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားကောင်းများ

Charlie’s Angel တစ်ယောက်ဖြစ်ခဲ့တဲ့ Drew Berrymore ကတော့ (၁၉၉၂) ခုနှစ်မှာ ထွက်ရှိခဲ့တဲ Poison Ivy ဆိုတဲ့ ရုပ်ရှင်ကားမှာတော့ သူမထက် အသက်ကြီးသူကို မြူစွယ်ရတဲ့ နေရာကနေ သရုပ်ဆောင်ခဲ့ပါတယ်။ (၁၈) နှစ်အရွယ် Berrymore မြူစွယ်ခဲ့တာကတော့ အသက် (၅၈) နှစ်အရွယ် မင်းသား Tom Skerritt ပဲ ဖြစ်ပါတယ်။

TPS

SHARE