၂၀၁၉ ခုနှစ်က ရုပ်ရှင်ကြိုက်ပရိသတ်တွေအတွက် အကောင်းဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့သလို ၂၀၂၀ ခုနှစ်မှာလည်း အမိုက်စားရုပ်ရှင်ကားကောင်းတွေက ရုပ်ရှင်ကားကောင်းမှကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေအတွက် အသင့်ဖြစ်လို့နေပါပြီ။ ဘယ်လို ရုပ်ရှင်ကားအမျိုးအစားတွေကို ယခုနှစ်ထဲမှာ ကြည့်ရမလဲဆိုတာ စိတ်ဝင်စားနေကြပါပြီလား။
Underwater
ပင်လယ် မျက်နာပြင် အနက် ၇မိုင်မှာ အခြေချထားတဲ့ လေ့လာရေးဌာနတစ်ခုကို အမျိုးအမည်မသိတဲ့ တိရိစ္ဆာန်တွေ ဝင်ရောက်စီးနင်းတဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီကားကိုတော့ ဇန်နဝါရီ၁၀ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Dolittle
ဒီရုပ်ရှင်ကားကတော့ Dr. John Dolittle ဆိုတဲ့ လူမသိသူမသိ ပုန်းလျှိုးကွယ်ရှိုးနေပြီး တိရစ္ဆာန်တွေနဲ့ ဆက်သွယ်နိုင်တဲ့ ၁၉ ရာစုလောက်တုန်းက ဆရာဝန်တစ်ယောက်အကြောင်းဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသမှာဖြစ်ပါတယ်။
Birds of Prey
Joker နဲ့လမ်းခွဲပြီးနောက်မှာတော့ Harley Quinnဟာ Black Canary, Huntress, Renee Montoya တို့နဲ့အတူ ပူးပေါင်းသွားခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ သူတို့တွေပူးပေါင်းပြီး evil crime lord ဖမ်းထားတဲ့ ကောင်မလေးကို ကယ်ကြမှာဖြစ်ပါတယ်။ ဒီကားကိုတော့ ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။
A Quiet Place 2
ဒီဇာတ်ကားကိုတော့ မတ်လ ၂၀ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Abbott မိသားစုဟာ အသံနဲ့ခြောက်လှန့်တတ်တဲ့ သတ္တဝါတွေအပြင် အခြားသောခြောက်လှန့်မှုတွေနဲ့ပါ ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။
Mulan
ကာတွန်းကား Mulan ကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းထားတာဖြစ်ပြီး မတ်လ ၂၇ ရက်နေ့မှာ စတင်ပြီးတော့ ပြသတော့မှာဖြစ်ပါတယ်။
The New Mutants
ဒီရုပ်ရှင်ကားကိုတော့ ဧပြီလ ၃ ရက်နေ့မှာ စတင်ပြသမှာဖြစ်ပါတယ်။ မွေးကတည်းက စူပါပါဝါတွေနဲ့ အတူမွေးလာခဲ့တဲ့ လူငယ်လေးတွေရဲ့အကြောင်းဖြစ်ပါတယ်။
Black Widow
ဒီကားကိုတော့ မေလ ၁ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။ Marvel Comic တွေထဲမှာပါဝင်တဲ့ အမျိုးသမီး စူပါဟီးရိုးဖြစ်တဲ့ Black Widow ရဲ့အကြောင်းကို အဓိကရိုက်ကူးသွားမှာဖြစ်ပါတယ်။
Fast & Furious 9
၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Fate of the Furious ရဲ့ အတွဲဆက်ဖြစ်ပါတယ်။ မေလ ၂၂ ရက်နေ့မှာ ရုံတင်ပြသမှာပါ။
Wonder Woman 1984
ဒီရုပ်ရှင်ကားမှာတော့ Wonder Women က Cheetah ဆိုတဲ့ အမျိုးသမီးနဲ့ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ Cheetah ကတော့ ထူးခြားတဲ့စွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပြီး ဒီကားမှာ ဗီလိန်အဖြစ်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကိုတော့ ဇွန်လ ၅ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Eternals
ဒီဇာတ်ကားကတော့ နိုဝင်ဘယလ ၆ရက်နေ့မှာ ပြသမယ်လို့ သတင်းထွက်ထားပေမဲ့ trailer ဗီဒီယိုတော့ အခုထိထွက်မလာသေးပါဘူး။ ဒီရုပ်ရှင်ကတော့ Eternal ဆိုတဲ့ သက်ရှိမျိုးနွယ်စုတစ်စုရဲ့ အကြောင်းကို ရိုက်ကူးဖေါ်ပြမှာဖြစ်ပါတယ်။
Source: Looper