ညစ်ပတ်နေတဲ့ အိမ်သာတွေကို ကိုယ်တိုင်ဝင်ပြီး သန့်ရှင်းရေးလုပ်ခဲ့တဲ့ ဝန်ကြီး

[email protected] Singh Tomar

လုပ်ငန်းခွင်တစ်ခုမှာ ကိုယ့်အထက်လူကြီးကို complaint တက်တာတို့၊ မှားနေတာတွေကို ဝင်ပြီးထောက်ပြတာတို့ကို ကိုယ်တိုင်မလုပ်ဖူးရင်တောင် အခြားတစ်ယောက်ယောက်က ဝင်ပြောတာမျိုးတွေ ကြုံဖူးတွေ့ဖူးကြမှာပါ။ ဒီလို complaint လုပ်တာတို့၊ မှားနေတာကို ဝင်ထောက်ပြတာတို့ကို လုပ်ခဲ့ရင် လက်အောက်ငယ်သားရဲ့ စကားက မှန်နေရင်တောင် အထက်လူကြီးတွေက တော်ရုံလက်ခံလေ့ မရှိပါဘူး။ ဒါပေမယ့် အိန္ဒိယနိုင်ငံရှိ အစိုးရအစည်းအဝေးတစ်ခုမှာ အမျိုးသမီးအစိုးရဝန်ထမ်းတစ်ယောက်က ရုံးကအိမ်သာတွေဟာအရမ်းနံပြီး ညစ်ပတ်နေကြောင်း complaint တက်ခဲ့တဲ့နောက်မှာ ဝန်ကြီးကိုယ်တိုင် အဲဒီအိမ်သာတွေကို ဝင်ရောက်သန့်ရှင်းရေးလုပ်ပေးခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Posted by Pradhuman Singh Tomar on Friday, July 31, 2020

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က အစိုးရအစည်းအဝေးတစ်ခုမှာ Gwalior လို့ အမည်ရတဲ့ အမျိုးသမီးအစိုးရဝန်ထမ်းတစ်ဦးဟာ သူတို့ အစိုးရရုံးရှိ အိမ်သာတွေဟာ အလွန်ညစ်ပတ်ပြီး နံစော်နေကြောင်း အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ Gwalior ရဲ့ တင်ပြချက်အပြီးမှာတော့ Madhya Pradesh ပြည်နယ် လျှပ်စစ်စွမ်းအားဝန်ကြီးတစ်ဦးဖြစ်တဲ့ Pradyuman Singh Tomar ဟာ သူကိုယ်တိုင် အဆိုပါအစိုးရရုံးရှိ ယောကျာ်းအိမ်သာနဲ့ မိန်းမအိမ်သာကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

Posted by Pradhuman Singh Tomar on Friday, July 31, 2020

ဒီလိုသွားစစ်ပြီးပြီးချင်း Gwalior ပြောတဲ့အတိုင်း အဆိုပါ အိမ်သာတွေဟာ ညစ်ပတ်နံစော်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့ကြောင့် Pradyuman ဟာ သူကိုယ်တိုင် အဆိုပါအိမ်သာတွေကို ဝင်ရောက်သန့်ရှင်းရေးလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ သန့်ရှင်းရေးကိရိယာတွေကိုယူပြီး အိမ်သာတွေကို ရေဆေး၊ ကြမ်းပြင်တွေကို ဆပ်ပြာတွေနဲ့ဆေး၊ အိမ်သာခွက်တွေကို သူကိုယ်တိုင် တိုက်ချွတ်ဆေးကြောာခဲ့ရှာပါတယ်။

Posted by Pradhuman Singh Tomar on Friday, July 31, 2020

“ဒီလို ကိစ္စလောက်ကတော့ လက်အောက်က သန့်ရှင်းရေးဝန်ထမ်းတွေကို ခိုင်းလိုက်လို့ရပါတယ်။ ဒါပေမယ့် သန့်ရှင်းရေးဝန်ထမ်းတွေ လုပ်ပြီးသွားရင်လည်း စည်းကမ်းမရှိတဲ့ လူတွေကတော့ စည်းကမ်းမရှိသလို ပြုမူနေသရွေ့ ဒီအိမ်သာတွေက ညစ်ပတ်နေအုံးမှာပါပဲ။ ကျွန်တော်ကိုယ်တိုင် သေသေချာချာ သန့်ရှင်းရေးလုပ်ပေးထားတော့ ဒီအိမ်သာတွေကို သုံးတဲ့ လူတွေရဲ့ စိတ်ထဲမှာ သြော်… ငါတို့ဝန်ကြီးကိုယ်တိုင် သေသေချာချာ သန့်ရင်းရေးလုပ်ပေးထားတဲ့ အိမ်သာလေးပါလားဆိုတဲ့ အားနာစိတ်လေးဝင်ပြီး စည်းမဲ့ကမ်းမဲ့တွေမလုပ်မိအောင် ဒီအိမ်သာတွေကို သန့်ရှင်းရေးလုပ်ပေးခဲ့တာပါ”လို့ Pradyuman က ပြောကြားခဲ့ပါတယ်။

Posted by Pradhuman Singh Tomar on Friday, July 31, 2020

Pyi Hein Kyaw

SHARE