အချစ်တော် ကြောင်လေးကြောင့် တောင်းပန်ခဲ့ရတဲ့ စကော့တလန်လွှတ်တော်အမတ်

YouTube- Global News

COVID-19 အရှိန်ဟာလည်း အခုအချိန်ထိ အရှိန်မသေသေးတဲ့အတွက်ကြောင့် အားလုံးဟာ new normal စည်းကမ်းတွေနဲ့အညီ လိုက်နာပြီး နေ့စဉ်လှုပ်ရှားမှုတွေကိုပြုလုပ်နေရပါတယ်။ အွန်လိုင်းက လုပ်လို့ရတာတွေကို လုပ်နဲ့ပေါ့။

တစ်ရက် စကော့တလန်က လွှတ်တော်အမတ်တွေအွေန်လိုင်းမှ တိုက်ရိုက်ထုတ်လွင့်ကာ ဆွေးနွေးပွဲပြုလုပ်တဲ့အချိန်မှာတော့ ပြည်သူတွေကြားအရမ်းကိုစိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အဲဒါကတော့ Ochil & South Perthshire လွှတ်တော်အမိတ် John Nicolson ဆွေးနွေးတဲ့အလှည့်မှာပေါ့။

အားလုံးကြည့်နေတဲ့အချိန်မှာပဲ John Nicolson ရဲ့ zoom meeting အကွက်ပေါ်မှာ အရာတစ်ခုပေါ်လာခဲ့ပါတယ်။ ဖြူဖြူဖြူဖြူ လှုပ်လှုပ်လေးပေါ့။ လူတွေကဝိုင်းရယ်ကြပါတော့တယ်။ ဘာလဲဆိုတော့ အဲဒါအမတ်ရဲ့ ကြောင်လေး Rojo ပါ။ Rojo ဟာ ကင်မရာရှေ့လာပြီး နိုင်ငံနဲ့ချီဆွေးနွေးနေတဲ့ အစီးအဝေးပွဲကို ဝင်ရှု့ပ်တာပါ။

YouTube- Global News
YouTube- Global News

အမတ်ကလည်း Rojo ကို အတတ်နိုင်ဆုံး ထွက်သွားဖို့ပြောပါသေးတယ်။ အမြီကြီးကိုချပါဦးဆိုပြီး ဒါပေမဲ့ Rojo ကတော့ ဖာသိဖာသာပဲ။ မသိချင်ယောင်တောင် ဆောင်နေပါသေးတယ်။ အမတ် John Nicolson ကတော့ လုပ်ဖော်ကိုင်ဖက်တွေရော ကြည့်ရှုနေတဲ့လူတွေကိုရော တောင်းပန်ခဲ့ရပါတယ်။ အဲဒီနေ့ဆွေးနွေးပွဲမှာတော့ Rojo လေးကြောင့် တခြားအမတ်တွေရော ဆွေးနွေးပွဲကိုကြည့်နေတဲ့လူတွေရောပါ တော်တော်လေးပွဲကျသွားခဲ့ပါတယ်။

READ
ခွေးလေး အိမ်ထဲဝင်နိုင်ဖို့ မှန်တံခါးကိုဖွင့်ပေးတဲ့ ကလေးငယ်လေးရဲ့ ချစ်စဖွယ်အပြုအမူ
YouTube- Global News

ဒီကိစ္စဟာ Twitter နဲ့မီဒီယာတွေမှာပျံ့နှံ့သွားခဲ့ပြီးတော့ Rojo လေးကို ဝန်ရံတဲ့လူတွေတောင်ရှိလာပါတော့တယ်။ ဒါကြောင့် အမတ် John Nicolson ကနေပြီး ကမ္ဘာအနှံ့က အမြီးပဲမြင်ဖူးတဲ့ Rojo fan တွေအတွက် Rojo ရဲ့ကိုယ်လုံးပေါ်ပုံတစ်ပုံကို Twitter မှာ တင်ပေးခဲ့ပါသေးတယ်။ ရုပ်ကတကယ့်ကို ပေတိပေကမ်းရုပ်လေး။

penny

SHARE