အိန္ဒိယသို့ ပြန်ရောက်လာကြပြီဖြစ်တဲ့ ကြင်စဦးအသစ်စက်စက် Deepika နဲ့ Ranveer

ဘောလိဝုဒ်စတား ၂ ယောက်ဖြစ်တဲ့ မင်းသမီး Deepika Padukone နဲ့ မင်းသား Ranveer Singh တို့ကတော့ ယခု နိုဝင်ဘာလအတွင်းမှာ ရွှေလက်တွဲသွားပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က အီတလီနိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ မင်္ဂလာပွဲမှာ မီဒီယာတွေကို မဖိတ်ဘဲ မိသားစု မိတ်ဆွေ အနည်းအကျဉ်းနဲ့သာ ကျင်းပခဲ့တာကြောင့် မင်္ဂလာပွဲတွင်းက ပုံရိပ်တွေမှာလည်း ၂ ပုံသာ ပရိသတ်တွေ တွေ့ခွင့်ရခဲ့ပါတယ်။

Instagram
Instagram

ကြင်စဦးစုံတွဲဟာ နိုဝင်ဘာ ၁၈ ရက်မှာတော့ အီတလီကနေ အိန္ဒိယသို့ ပြန်ရောက်လာခဲ့ပြီဖြစ်ပြီး လက်ထပ်ပြီးနောက် ပထမဦးဆုံး အကြိမ်အဖြစ် ပရိသတ်တွေအရှေ့ ထွက်ပေါ်လာကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူတို့ အချစ်ငှက်စုံတွဲကို လက်ထပ်ပြီးနောက် မြင်တွေ့နေချင်ခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ ပရိသတ်တွေ ဆန္ဒပြည့်သွားခဲ့ပြီး အိန္ဒိယသို့ ပြန်ရောက်ခါစ စုံတွဲကို မွန်ဘိုင်းမြို့က သူတို့နေထိုင်ရာ အိမ်နားမှာ တွေ့ရှိခဲ့ကြပါတယ်။

READ
အနုပညာကြေး အမြောက်အများနဲ့ မိဘတွေကို ကန်တော့ခဲ့တဲ့ အုပ်စိုးခန့်
Instagram
Instagram

စတားစုံတွဲကတော့ အရမ်းကို ပျော်ရွှင်နေပုံပေါ်ပြီး ပရိသတ်တွေကို နှုတ်ဆက်နေခဲ့ကြပါတယ်။ လှပလှတဲ့ စုံတွဲလေးကတော့ သူတို့ရဲ့ မင်္ဂလာပွဲကြီးကို လာမယ့် နိုဝင်ဘာ ၂၈ ရက်နေ့ မွန်ဘိုင်းမှာ ကျင်းပတော့မယ်လို့ သတင်းများအရ သိရပါတယ်။

Instagram

 

View this post on Instagram

 

A post shared by ᴅᴇᴇᴘᴠᴇᴇʀᴡᴀʟᴇ (@deepveer.video) on

Ref: Scoop Whoop

SHARE