သေနတ်ကျည် မှန်တာတောင်မှ ဆက်ပြီး အသုံးပြုလို့ ရနေသေးတဲ့ ဂိမ်းမော်နီတာ

ကယ်လီဖိုးနီးယားပြည်နယ် ဖရက်စ်နိုမြို့က တိုက်ခန်းတစ်ခုမှာ နေထိုင်တဲ့ မလေရှားနိုင်ငံသား ကျောင်းသားတစ်ယောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်အစော ၄ နာရီမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတုန်း အပြင်ဘက်က ဆူညံသံ တစ်ချို့ကြောင့် ရုတ်တရက် နိုးလာခဲ့ပါတယ်။

Eric Gan လို့သိရတဲ့ လူငယ်၊ ကျောင်းသား၊ ဂိမ်းမာဟာ စစချင်းမှာတော့ အခန်းဖောက်ခံရတာပဲ ထင်ခဲ့ပေမယ့် တိုက်ခန်းထဲမှာ သေနတ် ကျည်ဆံရာ ၅ ခုကို တွေ့ခဲ့ပြီးတဲ့နောက်မှာတော့ သူထင်သလို မဟုတ်တာကို သိခဲ့ရတယ်။

twitter

အိပ်ခန်းနံရံမှာ တစ်ချက်၊ မျက်နှာကျက်ပေါ်မှာ နှစ်ချက်စီ၊ သူအိပ်ယာအောက်မှာ တစ်ချက်နဲ့ သူ ဂိမ်းဆော့တဲ့ MSI တံဆိပ် မော်နီတာကို ဖောက်ထွက်ပြီး နောက်နံရံထဲ တစ်ချက် မြှုပ်ဝင်နေတာကို တွေ့ခဲ့ရတယ်။ ထူးထူးခြားခြား မှတ်သားဖွယ်ကောင်းလောက်အောင်ပဲ သူရဲ့ မော်နီတာဟာ ထိမှန်ထားတောင်မှ အလုပ်လုပ်နေသေးတာပါပဲ။ အဲ့ဒါနဲ့  သူရဲ့ တွေ့ကြုံမှုကို ဖော်ပြခဲ့ပြီး MSI ကထုတ်တဲ့ ပစ္စည်းတွေက ဒူပေဒဏ်ပေခံတယ်ဆိုပြီး ချီးကျူးခဲ့တယ်။

READ
အိုမင်းမစွမ်းမိဘတွေကို သူနာပြုတွေနဲ့ ချည်းလွှတ်မထားသင့်ကြောင်း ဖော်ပြနေတဲ့အဖြစ်
eric_gan
eric_gan
eric_gan
eric_gan
eric_gan

နောက်ဆုံး သိရတဲ့ အခြေအနေကတော့ Eric ဟာ မြို့ရဲဌာနဲ့ စကားပြောခဲ့ပြီးပြီဖြစ်ပြီး အဲ့ဒီ့ပစ်ခတ်မှုဟာ ချိန်ရွယ် ပစ်ခတ်မှု မဟုတ်ကြောင်း၊ ပစ်ချင်တဲ့နေရာကို ပစ်ရုံမျှသာရှိပြီး မကောင်းသူထိပ် ကောင်းသူထိပ် သဘောမျိုးရှိကြောင်း ပေါ်ပေါက်လာခဲ့တယ်။ ဒီလုပ်ရပ်က တော်တော်လေး ဆိုးရွားတာတွေလည်း ဖြစ်ကျန်နိုင်ပါတယ်။

Twitter
eric_gan

Eric ရဲ့ ပိုစ့်ကလည်း တွစ်တာပေါ် အနှံ့ပြန့်သွားခဲ့ပြီး MSI ကုမ္ပဏီဆီတောင် ရောက်သွားခဲ့တယ်။ အဲ့ဒီ့မှာ သူတို့အနေနဲ့ Eric ကို မော်နီတာတစ်လုံး အစားပေးဖို့ လှိုက်လှိုက်လှဲလှဲရှိခဲ့ပြီး  Eric ကို အားပေးဖို့ ဒီပိုစ့်ကို ပြန်ရှဲတဲ့ သူတွေကိုယ်စား အကြမ်းဖက်၊ ဆူပူမှု ဆန့်ကျင်ရေး ရံပုံငွေအဖွဲ့တစ်ခုဆီမှာလည်း ရံပုံငွေတွေ ထည့်ဝင်ပေးခဲ့ပါတယ်။ ကျည်းကာ မော်နီတာဆိုပြီးလည်း သူတို့ရဲ့ ထုတ်ကုန်ကို အမွှန်းတင်ထားပါသေးတယ်။

twitter
twitter
twitter
twitter

Eric က ဒီ စာသင်နှစ်ဝက်ပြီးရင် အခန်းဖော်ရော သူရော လက်ရှိတိုက်ခန်းကနေ ပြောင်းရွှေ့မှာဖြစ်ကြောင်း Bored Panda ကို ပြောပြထားခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ ရှိနေတဲ့ မိဘတွေကလည်း ဒီအခြေအနေနဲ့ ပတ်သက်ပြီးသော်လည်းကောင်း မတော်တဆ အပစ်ခံရမှာအတွက်သော်လည်းကောင်း စိုးရိမ် ပူပန်နေကြပါတယ်။ ဒါ ပစ်ခတ်မှုက မကောင်းသူထိပ် ကောင်းသူထိပ်ပစ်ခတ်တာဖြစ်ပြီး ကံမကောင်းတဲ့ ဖြစ်ရပ် တစ်ခုသာဖြစ်ကြောင်း ရဲတွေရဲ့ ထုတ်ပြန်ချက်ကို သိရပြီးမှသာ မိဘတွေလည်း စိတ်သက်သာရာ ရသွားတော့တယ်လို့ Eric က တစ်ဆက်တည်း ပြောပါတယ်။

READ
ကားမရပ်ရနေရာမှာ ကားရပ်တဲ့အမျိုးသမီးကို ပညာပြခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားကြီး
eric_gang
eric_gang

ကျွန်တော် လုံခြုံစိတ်ချနေသရွေ့ ဒီကမ္ဘာပေါ်က ဘယ်နေရာမဆို မိဘတွေက ကျေကျေနပ်နပ်ကြီး ပေးနေပါတယ်။ ဒါက ကျွန်တော့်ဘ၀မှာ ပထမဆုံးသော ပစ်ခတ်မှု အတွေ့အကြုံတစ်ရပ်ပဲ။ သေနတ်သံကို အရင်ကတည်းက မကြားဖူးခဲ့တော့ အပစ်ခံနေရပါလားဆိုတာကိုတောင် သတိမထားမိခဲ့ဘူး။ လက်နက်ကိုင်ဆောင်မှု ဥပဒေက မလေးမှာတော့ သိပ်တင်းကြပ်တယ်” လို့ Erci က ပြောပြခဲ့ပါတယ်။

Ref: Bored Panda

Matthew (ShweMOM)
SHARE