နှင်းဖုံးနေတဲ့နေရာမှာ ချောကလက်ရေခဲမုန့်လုပ်စားခဲ့ကြတဲ့ မလေးရှားလူငယ်တွေ

Steemit

မလေးရှားနိုင်ငံမှာ Ice Kepal လို့ခေါ်တဲ့ ဒေသတွင်းစားစရာ တစ်မျိုးရှိပြီး ချောကလက်၊ မိုင်လို နဲ့ အခြား သစ်သီးအနည်းငယ်ထည့်ထားတဲ့ ချောကလက်ရေခဲမုန့်လိုမျိုး စားစရာတစ်ခုပါ။

မလေးရှားနိုင်ငံတွင်းမှာနေထိုင်ကြတဲ့ လူငယ်တွေ၊ ကလေးတွေ တော်တော်များများက အဲဒီ Ice Kepal ကို အကြိုက်တွေ့ကြပြီး ငယ်ဘ၀မှာ မစားဖူးတဲ့သူ မရှိသလောက်ကို ရှားကြတာပါ။

Steemit

အောက်မှာတွေ့ရတဲ့ တွစ်တာ ဗီဒီယို တစ်ခုထဲမှာတော့ အေးစက်ပြီး နှင်းဖုံးနေတဲ့ နေရာကို ရောက်နေတဲ့ မလေးရှားလူငယ်တစ်စုဟာ သူတို့ရဲ့ နယ်ခံ အစားအစာဖြစ်တဲ့ Ice Kepal ကို မရ ရအောင်လုပ်ပြီး စားနေကြတာကို တွေ့ရမှာပါ။

သူတို့က ထူထူထဲထဲ ကျနေတဲ့ နှင်းပေါ်ကို ချောကလက်ရည်၊ မိုင်လိုရည်တွေ ဆမ်းပြီး Ice Kepal အဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေကြတာကို မြင်ရမှာပါ။

READ
တစ်ခြားဆင်တွေ အသတ်ခံရတိုင်း အဖော်ဆင်တွေငိုလေ့ရှိကြောင်း ဖော်ပြထားတဲ့ဗွီဒီယို

နှင်းတွေကို လုံးလိုက်တဲ့အခါ ရေခဲလုံးပုံစံဖြစ်သွားပြီး အဲဒီအပေါ်မှာ ချောကလက်အရည်ဆမ်းထားခဲ့လို့ အဲဒါက တကယ့် Ice Kepal နဲ့ တူပါတယ်။

Steemit

ဒါပေမယ့်လည်း ဒီလောက် အေးစက်ပြီး ပါးစပ်ထဲမှာတောင် အငွေ့တွေထွက်နေတဲ့ ရာသီဥတုမှာ ဒီလို စားစရာမျိုးကို လုပ်စားတာကတော့ တော်တော်လေး မိုက်မဲတဲ့အဖြစ်ပဲလို့ မှတ်ချက်ပေးသူတွေလည်း ရှိပါတယ်။

ဒါပေမယ့်လည်း မလေးရှားနိုင်ငံသားတွေကတော့ ဘယ်နေရာကိုပဲရောက်ရောက် ဒေသအစားအစာကို မမေ့ပဲ လုပ်စားဖို့ ကြိုးစားခဲ့ကြတဲ့ လူငယ်တစ်စုကို ချီးကျူးသွားခဲ့ပြီး အဲဒီ ဗီဒီယိုလေးကလည်း တွစ်တာပေါ်မှာ တော်တော်လေး ရေပန်းစားသွားခဲ့ပါတယ်။

Linn

SHARE