အိပ်ပျော်နေတာကို Live လွှင့်တာတောင် ကြည့်တဲ့သူ (၆၀၀၀၀)ကျော်သွားတဲ့အမျိုးသား

Facebook

သင်က ဆိုရှယ်မီဒီယာတွေနဲ့ အကျွမ်းတ၀င်ရှိတဲ့သူမျိုးဆိုရင် Live လွှင့်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း တော်တော်သိထားပြီး ဖြစ်မှာပါ။ နာမည်ကြီးတဲ့သူတွေက သူတို့ရဲ့ အဖြစ်အပျက်လေးတွေ၊ လှုပ်ရှားမှုလေးတွေကို Live လွှင့်ပြီး ပြန်လည်မျှဝေလေ့ရှိကြသလို၊ တချို့ကျတော့လည်း သူတို့ရဲ့ ထူးထူးဆန်းဆန်း အခြေအနေလေးတွေကို Live လွှင့်ပြီး မျှဝေသူတွေ ရှိကြပါတယ်။

ဒါပေမယ့် အခု ပြောပြမယ့် Live လွှင့်သူမျိုးကိုတော့ သင် မြင်ဖူးဖို့ သိပ်မသေချာပါဘူး။ သူက နာမည်ကြီးတစ်ယောက်မဟုတ်ခဲ့ပဲ သာမန် Facebook သုံးသူ တစ်ယောက်ပါ။ မလေးရှားနိုင်ငံမှာ နေထိုင်တဲ့ လူငယ်လေးတစ်ယောက်ပေါ့။

AC Hami လို့ခေါ်တဲ့ ဖေ့ဘုတ်အကောင့်ပိုင်ရှင်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ သူအိပ်ပျော်နေတဲ့အချိန်ကို သူ့ဘာသာသူ Live Stream ပြန်လွှင့်ခဲ့ပြီး စိတ်ဝင်တစားနဲ့ ၀င်ကြည့်ခဲ့တဲ့သူ တော်တော်များများ ရှိခဲ့တာပါ။

READ
ဘယ်လိုမှ ကြည့်လို့ရှုလို့ မသင့်တော်လွန်းတဲ့ အဝတ်အစားဒီဇိုင်းအစားကြီးများ

သူက အိပ်ပျော်စေဖို့အတွက် သူ့ကိုအကူအညီပေးတဲ့နည်းလမ်း (၃)ခုကို မျှဝေပေးခဲ့တာဖြစ်ပြီး သူအိပ်ပျော်သွားတာကို ၀င်ကြည့်တဲ့လူပေါင်း (၆၀၀၀၀)ကျော် ရှိခဲ့တာပါ။

နာမည်ကြီးတစ်ယောက်ယောက်တောင်မှ ဒီလောက်ကြည့်ရှုသူနှုန်းရဖို့ဆိုတာ မသေချာတဲ့အနေအထားမှာ ပုံမှန်အိပ်ပျော်နေတာကို Live လွှင့်တဲ့သူတစ်ယောက်အတွက် ဒီလို ကြည့်ရှုနှုန်းရသွားတယ်ဆိုတာ တကယ့်ကို အံ့သြစရာပါပဲ။

Facebook

သူက အိပ်ပျော်နေတဲ့အချိန်မှာ ဘာမှလည်း မဟုတ်တာ လုပ်ခဲ့တာမဟုတ်ပဲ လှုပ်တောင်မလှုပ်ပဲ ကင်မရာနဲ့ဆန့်ကျင်ဖက်ကို လှည့်ကာ အိပ်ပျော်နေခဲ့တာပါ။

သူ့ရဲ့နည်းစနစ်တွေထဲမှာတော့ ပါးစပ်ကနေ လေကိုဝအောင်ရှုပြီး နှာခေါင်းကနေ ဖြည်းဖြည်းချင်း ပြန်ထုတ်တဲ့နည်း၊ စိတ်ကိုရှင်းရှင်းထားပြီး စိတ်ထဲမှာ စတုရန်းကွက်တစ်ကွက်ကို ပုံဖော်ကာ တွေးနေတဲ့နည်း ၊ အိပ်ချင်နေပြီလို့ ကိုယ့်ဘာသာကိုယ်ပြန်တွေးနေတဲ့နည်း (၃)မျိုးပါဝင်ပြီး အဲဒီအတိုင်းပြုလုပ်ပြီး အိပ်မှာဖြစ်တယ်လို့ အသိပေးခဲ့တာပါ။

သူ့ရဲ့ Live မှာ ၀င်ကြည့်တဲ့သူတွေရော၊ မှတ်ချက်ပေးသူတွေပါ အများအပြားရှိခဲ့ပြီး ဒီနည်းလမ်းတွေက သူတို့ကို အိပ်မပျော်စေဘူးလို့ မှတ်ချက်ပေးကြသူတွေ ရှိသလို၊ တချို့ကလည်း တကယ်အိပ်နေတာ ဟုတ်ရဲ့လားဆိုပြီး ၀င်ကြည့်ကြသူတွေလည်းရှိပါတယ်။

READ
လမ်းမပေါ်က ခြေထောက်ပျက်ကြီးကြောင့် ရဲတပ်ဖွဲ့ပင် တုန်လှုပ်ခဲ့ရတဲ့အဖြစ်
Facebook

Linn

SHARE