လေကြောင်းလိုင်းဝန်ထမ်းကို ရိုင်းစိုင်းစွာဆဲခဲ့ပြီးတဲ့နောက် တောင်းပန်လိုက်ရတဲ့ မော်ဒယ်

Facebook / SaBee Chin

မလေးရှားမော်ဒယ်တစ်ဦးဟာ AirAsia လေကြောင်းလိုင်းမှ ဝန်ထမ်းဖြစ်သူတစ်ဦးကို ရိုင်းစိုင်းစွာ ဆဲဆိုပြီး၊ ဗွီဒီယိုမှတ်တမ်း ရယူကာ လူမှုကွန်ရက်ပေါ် လွှင့်တင်ခဲ့ပါတယ်။ အခင်းဖြစ်စဉ်အကြောင်းအရင်းကတော့ သူမဟာ လေဆိပ်ကို ဆိုက်ရောက်လုဆဲ လေယာဉ်ပေါ်မှာ အိမ်သာအသုံးပြုခွင့် တောင်းခဲ့ရာက ပြဿနာစခဲ့တာပါ။

တကယ်တမ်း လုပ်ထုံးလုပ်နည်းက လေဆိပ်မှာ ရပ်နားထားတဲ့၊ သို့မဟုတ် ဆိုက်ရောက်ဆဲ၊ ထွက်ခွာဆဲ လေယာဉ်တွေမှာ အိမ်သာအသုံးပြုခွင့် မရှိပါဘူး။ ဒါကို အဲဒီမော်ဒယ်အနေနဲ့ သိသိကြီးနဲ့ လေယာဉ်ပေါ်ပါ ဝန်ထမ်းကို သက်သက်အပြစ်ရှာပြီး၊ စော်ကားမော်ကား ပြောခဲ့ပါတယ်။ ဝန်ထမ်းကတော့ နေရာမှာသာ ပြန်ထိုင်ဖို့ အတန်တန် ပြောခဲ့တာပါ။

Facebook / SaBee Chin

ဒီဗွီဒီယို လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် လေကြောင်းဝန်ထမ်းအစား အဲဒီမော်ဒယ်ကိုပဲ လူမှုကွန်ရက်အသုံးပြုသူတွေက ဝိုင်းပြီး အပြစ်ပြောခဲ့ကြပါတယ်။ အပြစ်က သူ့အပြစ် ဖြစ်နေလို့ပါ။ သူမရဲ့နာမည်ကတော့ Sabee Chin ဖြစ်ပြီး မလေးရှားရဲ့ “Miss Malaysia International” runner-up ဖြစ်ပါတယ်။ သူမဟာ ဒီကိစ္စမှာ သူမ မှားတာပါဆိုပြီး Live လွှင့်ကာ ပြန်တောင်းပန်ခဲ့ပါတယ်။

အဲဒီတောင်းပန်မှုဟာ (၂၆)မိနစ်အထိ ကြာမြင့်ခဲ့ပြီး၊ သူမအနေနဲ့ အလွန်ရိုင်းစိုင်း ဆိုးရွားတဲ့အပြုအမူကို ပြုမူခဲ့မိကြောင်း၊ ဒီကိစ္စဟာ သူမအတွက်တော့ တစ်သက်လုံးရှက်စရာအဖြစ် ကျန်ရစ်တော့မှာဖြစ်ကြောင်း ဆိုပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်းဟာ အဲဒီနေ့က (၁၀)နာရီ ပျံသန်းရမယ့်အစား၊ (၁၂)နာရီမှ ပျံသန်းခဲ့ကြောင်း၊လေယာဉ်ပေါ်မှာ အလွန်ကြာခဲ့လို့၊ ရေအိမ်အသုံးပြုချင်စိတ် ဖြစ်လာကြောင်း။ ဆိုက်ရောက်လုဆဲ လေယာဉ်ပေါ်မှာ ရေအိမ်အသုံးပြုလို့ မရဘူးဆိုပေမယ့်၊ သူမအနေနဲ့ အလွန်အခက်အခဲဖြစ်နေလို့သာ အခုလိုကိစ္စ ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒီမတိုင်ခင်က အိမ်သာတက်ဖို့ ပြင်ဆင်စဉ်၊ တံခါးဖွင့်မရလို့ လေယာဉ်ဆိုက်ရောက်လုချိန်နဲ့၊ သူမ အိမ်သာတက်ဖို့ ပြင်တဲ့အချိန်က ရှေ့နောက်ဖြစ်သွားခဲ့တာပါလို့ ပြောပါတယ်။

Gangster AirAsia ⚠️My goodness ! How come Airasia got this kind of stuff??? The behaviour, the attitude and the way she speak to a passenger… and even another passenger too.事情是这样的, 差不多飞机要landed时,我就去后面的厕所,但是发现后面没有厕所。 我就走到最前面的厕所,也有一个passenger在我前面等了很久。于是我就问这个空姐。她的回答: sorry , the toilet is closed. Cannot be use. And please go for your seat. (态度是非常 非常差)我:如果很及呢?就不能通一通吗?她: (不回答,也当我存在)我: hello, 有听到吗?她: 你们回去坐 没得上了 会听吗?(就骂了我和另一个passenger)然后我就录了她 然后要给airasia complain department 的 , 哪里知道她还回来录回我!TMD! 什么空姐来的? 晕!然后出来时 全部airasia的人出来拦着我们不给我们回! 还骂我们! 还动手动脚!

Posted by 敏感的阿業雞湯 on Tuesday, October 22, 2019

သူမက လေယာဉ်ဆိုက်ရောက်လုချိန်ကပ်ပြီးမှ အိမ်သာတမင်အသုံးပြုမယ်လို့ ပြောခဲ့တာမဟုတ်ဘဲ၊ ဒီမတိုင်ခင်ကတည်းက အထဲမှာတစ်ယောက်ရှိနေတယ်ထင်လို့ စောင့်ဆိုင်းနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အိမ်သာထဲမှာ ဒီလူဘာလို့ ဒီလောက်ကြာနေတာလဲ ဝန်ထမ်းကို မေးတော့ ဝန်ထမ်းက မချေမငံနဲ့-

“ Occupied (သုံးစွဲနေဆဲ)ဖြစ်နေတယ်ဆိုတဲ့ သင်္ကေတကို ခင်ဗျားမြင်လို့လား … ဒီသင်္ကေတပေါ်နေရင် ခင်ဗျား ကိုယ့်ခုံကို ပြန်သွားရမှာ … ခင်ဗျား ကိုယ့်နေရာ ကိုယ်ပြန်ပါ … အခု လေယာဉ်ဆိုက်တော့မှာမို့ အိမ်သာ သုံးလို့မရတော့ဘူး .. အကုန် လော့ချထားပြီးပြီ …  ”လို့ ပြောခဲ့ပါတယ်။ သူမက မြန်မြန်အသုံးပြုပါ့မယ်လို့ ပြောခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ ပြောပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စမှာ သူမ မှားတာလို့ ဝန်ခဲ့ပြီး၊ သူမက သူမကို မုန်းတီးနေကြသူတွေအားလုံးကို တောင်းပန်ခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး AirAsia ဘက်က ထုတ်ပြန်ကြေညာမှုကို သူမဘက်က စောင့်ဆိုင်းနေကြောင်း၊ သူမအနေနဲ့ ဒီနည်းနဲ့ ပရိသတ်စိတ်ဝင်စားမှုရအောင် လုပ်ခဲ့တာမဟုတ်ဘဲ၊ ကာစတမ်မာတစ်ယောက်ကို လေယာဉ်ဝန်ထမ်းက ဘယ်လို ဆက်ဆံသလဲဆိုတာ သိရဖို့ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

လင်းသူရိန်

SHARE