မီးခိုးနဲ့ပြာတွေ မှုတ်ထုတ်နေမှုကြောင့် ဒေသခံတွေ စိုးရိမ်နေရတဲ့ အင်ဒိုနီးရှားကမီးတောင်

မီးတောင်နဲ့ပတ်သက်ရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ဆီနာဘန် လို့ခေါ်တဲ့ မီးတောင်ကြီးတစ်ခုကြောင့် ကြောက်မက်ဖွယ်ရာအခြေအနေနဲ့ရင်ဆိုင်နေရပြန်ပါပြီ။ အင်ဒိုနီးရှားနိုင်ငံ၊ စူမာထရာကျွန်းမြောက်ဖက်မှာရှိတဲ့ ဆီနာဘန် မီးတောင်ကြီးဟာ မနေ့ကစပြီး မီးတောင်ဝကနေ မီးခိုးငွေ့တွေနဲ့  ပြာတွေ အဆက်မပြတ် မှုတ်ထုတ်နေခဲ့လို့ အနီးအနားရွာတွေမှာ နေထိုင်သူတွေ ထိတ်လန့်နေကြရပါတယ်။

မီးခိုးနဲ့ပြာတွေဟာ မီးတောင်ကြီးရဲ့ပတ်လည်မှာ အမြင့်ပေ (၆၅၀၀)လောက်အထိ ပျံ့ဝဲနေပြီး မီးတောင်ပေါက်ကွဲမှုဖြစ်လာလိမ့်မလားလို့ ဒေသခံတွေက စိုးရိမ်နေကြတာပါ။

TheStar

မြေပြင်ကနေ ကြည့်လိုက်ရင် မဲမှောင်နေတဲ့ တိမ်တိုက်ထုကြီးတွေလို မီးခိုးလုံးကြီးတွေကို မြင်ရမှာဖြစ်ပြီး ဒါဟာ ပြီးခဲ့တဲ့ (၃)နှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်လာ ခဲ့တာပါ။

တာဝန်ရှိသူတွေကတော့ ဒီဖြစ်ရပ်ကို စိုးရိမ်စရာအဖြစ် မသတ်မှတ်သေးပဲ သတိပေးမှုတွေတောင် မပြုလုပ်သေးဘူးလို့ ဆင်ဟွာသတင်းက ဖော်ပြပါတယ်။

TheStar

ဆီနာဘန် မီးတောင်ကြီးဟာ မီးတောင်သေ ဘ၀နဲ့ နှစ်ပေါင်း (၄၀၀)ကျော် ရှိနေရာကနေ (၂၀၁၀) ခုနှစ်မှာ ပြန်လည်အသက်ဝင်လာခဲ့ပြီး (၂၀၁၅)ခုနှစ် ဇွန်လမှာ ချော်ရည်ပူတွေ ထွက်လာခဲ့လို့ အနီးအနားရွာတွေက အနည်းဆုံး လူပေါင်း (၁၀၀၀၀) ကျော်ကို ရွှေ့ဆိုင်းပေးခဲ့ရပါသေးတယ်။

READ
ဆေးမှုနဲ့ အချုပ်ကျနေတဲ့ချစ်သူ အာမခံရဖို့ မိခင်ကိုသတ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသမီး
Sky News

အင်ဒိုနီးရှားနိုင်ငံဟာ နိုင်ငံတွင်းက  မီးတောင်တွေကြောင့် သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ (၂၀၁၈) ဒီဇင်ဘာလအတွင်းကလည်း အနာ့ခ်ကရာကာတို မီးတောင်လှုပ်ခတ်မှုကြောင့် ဆူနာမီလှိုင်းတွေဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၄၃၀)ကျော် သေဆုံးခဲ့ရပါသေးတယ်။

Linn

Source : phys.org

SHARE