ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ ပရိသတ်တွေတိုင်း စောင့်မျှော်ခဲ့ရတဲ့ Mulan ကာတွန်းကားကို ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားရဲ့ ထွေလာကို ပရိသတ်တွေကို ချပြလိုက်ပြီဖြစ်ပါတယ်။ Mulan ရုပ်ရှင်ကားကတော့ အဖေဖြစ်သူရဲ့ ကိုယ်စား စစ်မြေပြင်ကို စစ်တိုက်ထွက်ခဲ့တဲ့ သတ္တိရှိတဲ့ မိန်းမပျိုလေး Mulan ရဲ့ အကြောင်းဖြစ်ပါတယ်။ အဓိကဇာတ်ကောင် Mulan အဖြစ် တရုတ်မင်းသမီးချော Liu Yifei က သရုပ်ဆောင်ထားပါတယ်။

Mulan ကာတွန်းကားထဲမှာပါဝင်ခဲ့တဲ့ မူရှုးနေရာမှာတော့ ဖီးနစ်ငှက်ပုံပန်း သဏ္ဍာန်နဲ့ ငှက်ကို အစားထိုးလိုက်တဲ့ပုံပါပဲ။ Mulan ရုပ်ရှင်ကားထဲမှာတော့ Mulan ရဲ့ ညီမအကြောင်းကိုပါ ရိုက်ပြထားပုံရပါတယ်။ ထွေလာထဲမှာပဲ အပြည့်အစုံ ခံစားကြည့်ရှုလိုက်ပါဦးနော်။
Disney's Mulan | Official Trailer
Loyal. Brave. True. I will bring honor to us all. Watch the brand new trailer for Disney’s Mulan. See it in theaters March 27, 2020.
Posted by Mulan on Thursday, December 5, 2019
Mulan ရုပ်ရှင်ကားကိုတော့ မတ်လ ၂၇ ရက်နေ့ ၂၀၂၀ ခုနှစ်မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။