သားဖြစ်သူကို အိမ်သာထဲမှာ ၂ နှစ်ကျော် သော့ခတ်ထားခဲ့တဲ့ မိခင်ဖြစ်သူအဖမ်းခံရ

အမေရိကန်နိုင်ငံ၊ဥတပြည်နယ်၊တော်ကွာဗီးမြို့ နယ်မှာ မိမိရင်သွေးအရင်းကို အိမ်သာထဲမှာ ၂ နှစ်ကျော်သော့ပိတ်ပြီး နိုပ်စက်ခဲ့တဲ့ မိခင်ဖြစ်သူကို ပြည်နယ်ရဲတွေဖမ်းဆီးအရေးယူခဲ့ပါတယ်။ဒီကလေးဟာ အသက် ၁၂ နှစ်အရွယ်ဖြစ်ပြီး ရဲတွေ တွေ့ရှိခဲ့ချိန်မှာ ခန္ဓာကိုယ်အလေးချိန်ဟာ ၃၀ ပေါင်သာရှိပြီးတော့ ဒီအလေးချိန်ဟာ ၂ နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့အလေးချိန်လောက်ပဲရှိတာဖြစ်ပါတယ်။အသက် ၃၆ နှစ်ရှိပြီး ဘရန်ဒီကေးဂျင်းလို့အမည်ရှိတဲ့မိခင်ဖြစ်သူ ကို ကလေးသူငယ်နိုပ်စက်ညှင်းပန်းမူနဲ့အရေးယူထားပါတယ်။

police-12-year-old-boy-locked-in-bathroom-for-at-least-a-year-kslcom-00_00_37_20-still004

ကလေးကိုရှာဖွေတွေ့ရှိခဲ့ချိန်မှာ မတ်တပ်တောင်မရပ်နိုင်ခဲ့ပဲ စုံစမ်းစစ်ဆေးရေးမှူးဖြစ်သူတွေဟာ ဒီကလေးဟာအမှောင်ထဲမှာ ကာလကြာရှည်စွာနေခဲ့ရတာဖြစ်တယ် လို့ပြောဆိုခဲ့ပါတယ်။ကောင်လေးရဲ့ အစ်ကိုနှစ်ယောက်ဟာ ရဲတွေကို သူတို့ရဲ့အမေနိုပ်စက်ငြင်းပန်းနေတဲ့အကြောင်းတိုင်ကြားခဲ့တာဖြစ်ပြီးတော့ သူတို့လည်း ညီဖြစ်သူကို စကားမပြောခဲ့ရတာ ၆ လတောင်ကြာသွားပြီလို့ဆိုခဲ့ပါတယ်။

police-12-year-old-boy-locked-in-bathroom-for-at-least-a-year-kslcom-00_00_35_20-still003

အနိုပ်စက်ခံရသူကောင်လေးကို စကားပြောဖို့ အိမ်ထဲမှာ ကြိုးမဲ့အင်တာနက်စနစ်သုံး ဗီဒီယို ကင်မရာတစ်လုံးတပ်ဆင်ထားပြီး ၀ါရှင်တန်ဒုတိယရဲမှူး ဒေးဗစ်ကရောစ်ကတော့ ” ဒီကောင်လေးဟာ ဒုတိယကမ္ဘာစစ်အတွင်းဒုက္ခသည်တွေလိုနိုပ်စက်ခံခဲ့ရတာပါ။ဗီဒီယို ကင်မရာဟာ ကောင်လေးကို အပြင်ကနေ စကားပြောလို့ရအောင်တပ်ဆင်ထားတာဖြစ်ပြီး ကောင်လေးကိုအခုဆေးရုံကို ပို့ထားပါတယ် ” လို့ပြောဆိုခဲ့ပါတယ်။အိမ်သာခန်းထဲမှာ မစင်တွေဟာ အပြည့်ဖြစ်နေပြီး ရေလည်းမလာတော့ဘဲ မီးခလုတ်ကိုလဲတိတ်တွေနဲ့ ကပ်ထားတယ်လို့ ဆိုပါတယ်။ဖခင်ဖြစ်သူဟာလည်း ကလေးဖြစ်သူကို အဖွာတွေအိမ်ရောက်နေတယ်ထင်ပြီးတော့ရဲတွေ မိန်းမဖြစ်သူကို လာဖမ်းဆီးတော့မှ ကလေးဟာနိုပ်စက်ခံခဲ့ရကြောင်းသိခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူကို ဒေါ်လာ ၂၀၀၀၀ နဲ့ အာမခံပေးထားပြီး ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ တရားရင်ဆိုင်ရမှာဖြစ်ပြီး ကလေးသူငယ်နိုပ်စက်ညှင်းပန်းမူ ဥပဒေနဲ့ တရားစွဲဆိုထားကြောင်းသိရပါတယ်။

READ
ရက်ပ်သီချင်းတွေကြိုက်ပြီး ရူးသွပ်လွန်းလို့ အလုပ်က နှုတ်ထွက်ခဲ့ရတဲ့ ခရိုင်အုပ်ချုပ်ရေးမှူး

Lumos(Shwemom)

Ref : The Sun

SHARE