ခြံစည်ရိုးကို ရှူးပန်းခံရလွန်းလို့ အများသုံးအိမ်သာဆီ လမ်းညွှန်မြှားဆွဲခဲ့ရတဲ့အမျိုးသမီး

Zoe Rooney အမည်ရတဲ့ အသက် 37 နှစ်အရွယ် အိမ်ထောင်သည်အမျိုးသမီးရဲ့ ဒုက္ခကလည်း မသေးပါဘူး။ သူမရဲ့အိမ်က ကစားကွင်းနဲ့ နီးတော့ ကစားကွင်းကို လာတဲ့သူတွေက သူမရဲ့ ခြံစည်းရိုးကို ခဏခဏသေးနဲ့ပန်းသွားတာကို ခံနေရပါတယ်။ ဆိုးဝါးလှတဲ့ အနံ့အသက်တွေကြောင့် နောက်ဆုံး Zoe က အကြံတစ်ခု ရသွားပါတယ်။

သူမရဲ့ ခြံစည်းရိုးမှာ အများပြည်သူသုံး အိမ်သာဆီကို မြင်သာထင်သာစေတဲ့ စာလုံးကြီးတွေနဲ့ ရေးပြီး၊ မြားအထူကြီးကိုလည်း အသုံးပြုကာ ခြံစည်းရိုးကို ရှူးလာပန်းတဲ့သူတွေကို မြင်သာစေအောင် လမ်းညွှန်ထားပါတယ်။ Zoe ဟာ Agoraphobia လို့ ခေါ်တဲ့ လူကြောက်တဲ့ ရောဂါကိုခံစားနေရသူဖြစ်ပါတယ်။

Zoe ဟာ “TOILETS”ဆိုတဲ့ စကားလုံးကို ဆေးဖြူဖြူနဲ့ သုတ်ကာ၊ မြင်သာစေတဲ့ လမ်းညွှန်မြားကိုလည်း ဆေးအထူကြီးနဲ့သုတ်ပြီး ခြံစည်းရိုးကို ရှုးပန်းခံရခြင်းမှ ကာကွယ်ခဲ့ပါတယ်။

READ
သူနာပြုဆရာမက ကြေးချွတ်ဆေးနဲ့လိမ္မော်ရည်မှားပြီး တိုက်မိလို့ အဖွားအိုတစ်ဦးသေဆုံး

Zoe က ” အဲဒီကစားကွင်းဆီကနေ ဆူညံသံတွေ၊ ကျိန်ဆဲသံတွေ၊ မီးရောင်တထိန်ထိန်တွေဟာ အမြဲအနှောက်အယှက်
ပေးပါတယ် … ဒါပေမယ့် အဆိုးဆုံးကတော့ ခြံစည်းရိုးကို သေးနဲ့ပန်းတာပါဘဲ … ကျွန်မအိမ်နောက်ဖေးဟာ နှစ်နှစ်
လောက်ထိ သူတို့တစ်တွေ သေးနဲ့ပန်းတာကို ခံခဲ့ရပါတယ် “လို့ ပြောခဲ့ပါတယ်။ Zoe ရဲ့ အဆိုအရ လူတွေရဲ့ ရှူးအနံ့တွေဟာ နွေရာသီဆို အလွန်ဆိုးဝါတယ်လို့ ဆိုပါတယ်။

Zoe ရဲ့ ခြံဝင်နားမှာ ကပ်လျက်တည်ရှိတဲ့ Bucker’s Mead Academy မှ Assistant Headteacher အဖြစ်တာဝန်ယူထားရတဲ့  Craig Fletcher က ” ကျွန်တော်တို့က ကိုယ်သတ်မှတ်ထားတဲ့နေရာအတွင်းမှာ စနစ်တကျ နေပါတယ် … ပတ်ဝန်းကျင်ကို စိတ်အနှောက်အယှက်မဖြစ်စေဖို့ အထူးဂရုစိုက်နေထိုင်ပြီး … ဒီအနီးအနားက လူမှုရေးနယ်ပယ်မှာလည်း သမ၀ါယမဖြစ်အောင် ကြိုးစားနေသူတွေ ဖြစ်ပါတယ် … ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပို ဂရုစိုက်ပါ့မယ် “လို့ ပြောခဲ့ပါတယ်။

READ
ဒုံးကျည်စမ်းသပ်စဉ် ကိုယ့်မြို့ကို ပြန်ပစ်သလိုဖြစ်ခဲ့ရတဲ့ မြောက်ကိုရီးယား

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE