ကလေးရဲ့အရိုးတွေကို ဆယ်စုနှစ်ကြာ ထိန်းသိမ်းထားတဲ့ မိခင်ကို ထောင်ဒဏ်ချမှတ်

Victoria Gayle လို့ အမည်ရတဲ့ အသက် 32 အရွယ်အမျိုးသမီးဟာ သူမရဲ့ ကလေးငယ်သေဆုံးမှုကို လျှို့ဝှက်ထား ခဲ့ပြီး၊ ၎င်းကလေးရဲ့ အရိုးတွေကို အမှိုက်အိပ်တစ်ခုထဲမှာ ထည့်ထားခဲ့ပါတယ်။ ကလေးငယ်ဟာ မည့်သည်အတွက်
ကြောင့် သေဆုံးခဲ့တယ်ဆိုတာ မသိရပေမယ့် Gayle ကိုတော့ ထိန်ချန်မှုနဲ့ တရားစွဲခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ Kyzer လို့ သိရပြီး၊ ကနဦးကတော့ ကလေးရဲ့ရုပ်အလောင်းကို ပုခတ်ထဲမှာ ထည့်ထား ခဲ့ကြောင်း ဒါပေမယ့် အိမ်ကနေ နှင်ချခံရတဲ့အခါမှာ အရိုးစုတွေကို သင့်တော်ရာအမှိုက်အိတ်တစ်လုံးနဲ့ထည့်ပြီး အိမ်အ
ပြင်ကို ထုတ်ထားခဲ့ပါတယ်။

ဒီကိစ္စကို စုံစမ်းတဲ့အခါမှာ Gayle က သူမအနေနဲ့ သားငယ်သေဆုံးမှုအတွက် အလွန်ဝမ်းနည်းရကြောင်းသာ ထုတ်ဖော်ခဲ့ပါတယ်။ ကလေးဟာ 2005 ၀န်းကျင်မှာ သေဆုံးခဲ့ပုံရပြီး အသက်ရှင်မယ်ဆို 12 လောက် ရှိနေပါပြီ။ အလောင်းကို ဖုံးကွယ်ထားရခြင်းက သူမကို အမှုပတ်မှာစိုးလို့ဆိုပြီး အကြောင်းပြခဲ့ပါတယ်။

READ
ကောင်မလေးအချိုရည်ဝယ်တိုက်ထားသောပိုက်ဆံကို မရမကပြန်တောင်းခဲ့သူ

ကလေးဘာကြောင့် သေဆုံးရတယ်ဆိုတာ မသိပေမယ့် Kingston crown court တရားရုံးက သူမကို ထောင်ဒဏ် 21 လ ချမှတ်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးအရာရှိ Bill Emlyn Jones ကတော့ Kyzer သေဆုံးချိန်ဟာ တစ်နှစ် သို့မဟုတ် 1 နှစ်နဲ့ သုံးလခန့်သာ ရှိမယ်လို့ ဆိုပါတယ်။ Gayle ကို ပြီးခဲ့တဲ့နှစ် မေလက လူသတ်မှု ကျူးလွန်ခဲ့သည်ဆို တဲ့ သံသယနဲ့ ရဲက ဖမ်းဆီးခဲ့ပါတယ်။

ဒီသံသယကိုလည်း သူမရဲ့ အရင် ရည်းစားဟောင်းက ထင်ကြေးပေးထုတ်ဖော်ခဲ့တာပါ။ အဆိုပါအမျိုးသားဟာ သေဆုံး သူ Kyzer ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။ ကလေးကို Gayle က အရင်ရည်းစားဖြစ်သူနဲ့ ထည့်ပေးလိုက်ကြောင်း ပတ်ဝန်းကျင်ကို လီဆယ်ခဲ့ပေမယ့် အရိုးတွေကို သူမရဲ့ နောက်ယောက်ျားက  Hendon, North-West London မှာရှိတဲ့ နေအိမ်မှာ တွေ့ခဲ့ရာက ဆယ်နှစ်ကျော်ဖုံးထားတဲ့အမှု ပေါ်သွားခဲ့တာ ဖြစ်ပါတယ်။

READ
ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေတဲ့ သန့်ရှင်းရေးသမား Spider-Man

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE