ရက်ပေါင်း၁၂၀အတွင်းကုဖို့ပိုက်ဆံမရှိရင် အသက်ဆုံးရှုံးတော့မယ်ကလေးငယ်

ကင်ဆာရောဂါကို အလူးအလဲခံစားနေရလို့ အသက်ရှင်ချိန် ရက်ပေါင်း (၁၂၀)ခန့်သာ ကျန်ရှိတော့တဲ့ အသက်သုံးနှစ်အရွယ် Millie McColl အမည်ရတဲ့ သနားစဖွယ် ကလေးငယ်လေးဟာ ရောဂါနှိက်စက်မှု ဘယ်လောက်ပဲ ဖိစီးနေပါစေ ရတဲ့ဘ၀လေးမှာ ပျော်ပျော်နေဖို့အတွက် သီချင်းဆိုမပြတ်ဘူးလို့ သိရပါတယ်။

Millie McColl ကတော့ သူရဲ့ အသည်းစွဲ Frozen သီချင်းကို အပီဟဲနေတာ ဖြစ်ပြီး ဘေးမှာရှိတဲ့ သူနာပြုဆရာမတွေကလည်း ပျော်ရွှင်စွာ အားပေးနေကြပါတယ်။ Millie ရဲ့ အမေ အသက်(27)နှစ်အရွယ် Lynsey McColl ကလည်း ဒီအတွက် ဂုဏ်ယူတယ်လို့ ပြောပါတယ်။

Millie ခံစားနေရတဲ့ ကင်ဆာရောဂါဟာ Neuroblastoma အမျိုးအအစား ဖြစ်ပြီး ခွဲစိပ်ကုသဖို့ အမေရိကန်ကို သွားနိုင်မှ မျှော်လင့်ချက် ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကုန်ကျစာရိတ် ပေါင် (3)သောင်းခန့်ကို ဆင်းရဲတဲ့ ဇနီးမောင်နှံ မတက်နိုင်ရှာပါဘူး။ ဒီအတွက် အချိန်လေးလ သို့မဟုတ် ဖြစ်နိုင်ရင် သုံးလအတွင်း ပေါင် (3)သောင်း ရှာဖွေနိုင်ဖို့ လိုပါတယ်။

READ
ဖိလစ်ပိုင်ရဲ့ စိတ်ပျက်စရာဆီးဂိမ်းပြင်ဆင်မှုတွေ ဝေဖန်မှုများစွာနဲ့ရင်ဆိုင်နေရ

ဒီရောဂါကို ကုသနိုင်ခဲ့ရင်လည်း 80% သော ကလေးငယ် တော်တော်များများဟာ နောက်ထပ် နှစ်နှစ်ခန့်သာ အသက်
ထပ်ပြီး ရှင်နိုင်ကြတယ်လို့ ဆရာဝန်တွေက ဆိုကြပါတယ်။ အခုချိန်မှာတော့ Millie အတွက် သီးသန့်ထူထောင်ထားတဲ့ ရံပုံငွေ Page မှာ 1345 ပေါင်အထိ ရောက်ရှိနေပြီး၊ နှစ်လအတွင်း လိုအပ်တဲ့ငွေကြေးပမာဏကို ရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Millie မှာ အသက် (9)နှစ်အရွယ် Ryan နဲ့ အသက် (7)နှစ်အရွယ် Aidan ဆိုတဲ့ အစ်ကိုနှစ်ယောက်လည်း ရှိပါသေး
တယ်။ Millie ခံစားနေရတဲ့ Neuroblastoma ကင်ဆာရောဂါကို ကုသဖို့ ဗြိတိန်ရှိ National Health Service ကုသရေးဌာနမှာ ဆေးပစ္စည်းနဲ့ နည်းပညာ ပြည့်စုံမှု မရှိပါဘူး။ ဒီအတွက် အမေရိကန်ကို သွားရောက်ကုသရမှာဖြစ်ပါတယ်။

READ
တောကြောင်ကြီးနဲ့ စပါးကြီးမြွေတို့ရဲ့ အသက်လုတိုက်ပွဲ … ဘယ်သူ ဗိုလ်စွဲမလဲ …?

ဒါပေမယ့် ကလေးငယ်လေး Millie ဟာ သူမ ခံစားနေရတဲ့ ရောဂါကို မေ့ထားပြီး ကာတွန်းဇာတ်ဝင်တေး Frozen သီချင်းကို မုဒ်အပြည်နဲ့ ဟဲနေတဲ့ ပုံတွေ အင်တာနက်မှာ ပျံ့နှံ့လာတဲ့အခါ သတင်းမီဒီယာသမားတွေက ဗြိတိန်အသည်းနှလုံးကို သိမ်းကြုံးယူသွားသူလေး-လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

မိခင်ဖြစ်တဲ့ Lynsey က ” သမီးလေးဟာ … သိပ်ကို ရဲစွမ်းသတ္တိပြည့်ဝသူပါ … ပျော်ပျော်လည်း နေတတ်ပါတယ် … သူမရှိဘဲ … ကျွန်မတို့ အသက်ရှင်နေထိုင်ဖို့ဆိုတာ မလွယ်ပါဘူး … သမီးလေးဟာ သူ စွမ်းအားရှိသလောက် ရောဂါကို တိုက်
ဖြတ်နေပါတယ် … ဒီအတွက် ကျွန်မတို့ကလည်း သူ့ကို ဘယ်နည်းနဲ့ ပိုပြီး အသက်ရှင်နိုင်မလဲဆိုတဲ့ အခွင့်အရေးကို ပေးချင်ပါတယ် … ဒါကြောင့် အားလုံးရဲ့ ကရုဏာမေတ္တာတွကို ခံယူပြီး ကျွန်မတို့ မင်းသမီးလေးကို အသက်ရှင်ခွင့်ပေးချင်ပါတယ် “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwmom)

source : thesun.co.uk

SHARE