ကလေးတစ်ယောက်ရဲ့အသက်ကိုကယ်တင်နိုင်ခဲ့တဲ့ Appleရဲ့Siri

Siriကိုတော့ apple product တွေသုံးတဲ့သူတိုင်းသိကြမှာပါ။ Siriဟာ မေးခွန်းတော်တော်များများကို အသံနဲ့မေးရုံနဲ့
ပြန်ဖြေပေးနိုင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ Siri က အရမ်းအရေးပါတဲ့ ကူညီမှုမျိုးကိုလုပ်နိုင်ခဲ့တာပါ။

2

သြစတျေးလျက မိခင်တစ်ယောက်ဖြစ်တဲ့ Stacey Gleesonဟာ သူမရဲ့ တစ်နှစ်သားအရွယ် သမီးငယ်လေး Giana
အသက်ရှုရပ်သွားတဲ့အချိန်မှာ ခြေမကိုင်မိလက်မကိုင်မိဖြစ်ခဲ့ပါတယ်။ ကလေးဟာ တစ်ကိုယ်လုံးပြာနှမ်းလာခဲ့ပါတယ်။ “ကျွန်မ သမီးကိုဆွဲထူပြီး အသက်၇ှုလမ်းကြောင်းရှင်းအောင် ပြုလုပ်ပေးခဲ့ပါတယ်။ နောက်တော့ ကျွန်မဖုန်းကိုရုတ်တ
ရက်သတိရသွားပါတယ်။”လို့ဆိုခဲ့ပါတယ်။

1

Staceyဟာ သမီးဆီကို အပြေးလာခဲ့တာကြောင့် တစ်နေရာရာမှာ iPhoneက ပြုတ်ကျကျန်ခဲ့ပါတယ်။ ဒ့ါကြောင့် iPhoneမှာပါတဲ့ Siriကို ‘Siri ရေ Emergency လူနာတင်ယဉ်ခေါ်ပေးပါ”လို့ အသံနဲ့ အမိန့်ပေးခဲ့ပါတယ်။ siriက
emergency နံပါတ်ကိုလှမ်းခေါ်ခဲ့ပြီး မကြာမီမှာ လူနာတင်ယဉ်ရောက်လာကာ ကလေးရဲ့အသက်ကို ကယ်နိုင်ခဲ့
ပါတယ်။

ဖခင်ဖြစ်သူNicကလည်း siriကို ကျေးဇူးတင်နေပါတယ်။

READ
Folding phone တွေကို မထင်မှတ်ထားတဲ့နည်းနဲ့ ယှဉ်လိုက်တဲ့ LG V50

Source: metro

shwemom-2

SHARE