ရက်စက်လှတဲ့ ထိုင်းအနုကြမ်းစီးမှုအတွင်း အသက်စတေးခဲ့ရတဲ့ (၂) နှစ်သားလေး

I’wi Wilaiwan Triton / Facebook

ထိုင်းနိုင်ငံ Lop buri မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၉) ရက် ကြာသပတေးနေ့တုန်းက ရွှေဆိုင်အနုကြမ်းစီးမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ၄င်းဖြစ်စဉ်မှာ အသက် (၂) နှစ်အရွယ် ယောက်ျားလေး ကလေးငယ်တစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ ကလေးငယ်ဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာပါ။

I’wi Wilaiwan Triton / Facebook

သေဆုံးသူကလေးရဲ့ မိခင်ကတော့ မမျှော်လင့်ပဲ သေသွားတဲ့ သားလေးအတွက် ယူကြုံးမရဖြစ်နေခဲ့တာကို yahoo သတင်းစာမျက်နှာမှာ အခုလို တွေ့မြင်ရပါတယ်။

“ဒီလိုအဖြစ်မျိုး ကြုံရလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျွန်မမတွေးမိခဲ့ဘူး…” လို့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။ သားလေးကို မကာကွယ်လိုက်နိုင်တဲ့အတွက် သူမတို့ ဇနီးမောင်နှံနှစ်ယောက်စလုံးမှာ မွန်းကြပ်စွာနဲ့ အသက်ရှင်နေရတယ်လို့လည်း သူမက ဆိုခဲ့တာပါ။ နောင်ဘ၀မှာတော့ အလားတူ အဖြစ်မျိုးနဲ့ ထပ်မကြုံရဖို့ သူမဆုတောင်းပါတယ်လို့လည်း ကြေကွဲဖွယ် ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

READ
ကိုယ်ဝန်ခွဲမွေးဖို့မိသားစုဝင်တွေကခွင့်မပြုလို့၊ 5လွှာကခုန်ချပြီးသတ်သေခဲ့တဲ့အမျိုးသမီး
I’wi Wilaiwan Triton / Facebook

၎င်းပို့စ်ထဲမှာပဲ သူမဟာ သူမတို့ မိသားစုလေး ငါးပြတိုက်ကို အလည်သွားခဲ့တဲ့ ဓာတ်ပုံတွေလည်း တင်ခဲ့ပါသေးတယ်။ ကလေးငယ်ဟာ လူမဆန်တဲ့ ဓားပြတစ်ဦးရဲ့ မတော်လောဘအောက်မှာ သနားစဖွယ် ဓားစာခံ ဖြစ်သွားခဲ့ရတာပါ။ အခင်းဖြစ်တဲ့နေ့မှာ ကလေးငယ်ဟာ မိခင်ဖြစ်သူနဲ့အတူ Robinson shopping mall မှာ ရှိနေခဲ့တာပါ။

I’wi Wilaiwan Triton / Facebook

ဒီအချိန်မှာပဲ ရွှေဆိုင်ဓားပြနဲ့ ထိပ်တိုက်ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဓားပြဟာ အနက်ရောင်ရှပ်အင်္ကျီနဲ့ ဖြစ်ကာ ပြောက်ကျားဘောင်းဘီကို ၀တ်ဆင်ပြီး မျက်နှာဖုံးစွပ်ထားပါတယ်။ သူဟာ စတိုးဆိုင်ထဲကို ၀င်ဝင်လာခြင်းပဲ မြင်မြင်သမျှ အကုန်ဝှေ့ယမ်းပြီး သေနတ်နဲ့ ပစ်ခဲ့တာ ဖြစ်ပါတယ်။ ဓားပြဟာ ရွှေဆိုင်ကောင်တာကို ခုန်ကျော်တက်ပြီး ဘတ် (၅၀၀,၀၀၀) တန်ဖိုးရှိတဲ့ ရွှေဆွဲကြိုးတွေထည့်ထားရာ ဗန်း (၃) ဗန်းကို ယူသွားခဲ့တာပါ။

READ
မိုင်ပေါင်းများစွာခရီးနှင်ပြီးခွေးတွေအသတ်ခံရမယ့်ဘေးမှ ကယ်တင်ခဲ့တဲ့တိရစ္ဆာန်ချစ်သူ
I’wi Wilaiwan Triton / Facebook

ဓားပြရဲ့ လက်ချက်ကြောင့် ကလေးငယ်ဟာ ခေါင်းမှာ ဒဏ်ရာရခဲ့ပါတယ်။ ဒေသခံ ဆေးရုံကို အမြန်တင်ခဲ့ပေမယ့် အသက်မမှီတော့ပါဘူး။ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ အခင်းဖြစ်စဉ်မှာ နောက်ထပ် လုံခြုံရေးဝန်ထမ်းအပါအ၀င် လူနှစ်ဦးလည်း သေဆုံးခဲ့ရပါတယ်။ ဆိုင်ထဲမှာ ရုန့်ရင်းဆန်ခတ်ဖြစ်အောင် လုပ်ခဲ့အပြီးမှာတော့ အမည်မသိ ၄င်းဓားပြဟာ မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE