မူးယစ်သားကောင်ဖြစ်သွားခဲ့တဲ့ သားဖြစ်သူရဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေခဲ့တဲ့ မိခင်

Twitter / Shared

မိခင်တစ်ဦးဟာ မူးယစ်ဆေးရဲ့ကျေးကျွန်ဖြစ်နတဲ့ သားရဲ့ဓာတ်ပုံတွေကို လူမှုကွန်ရက်ပေါ်မှာ ရဲရဲဝင့်ဝင့် ပြန်လည်မျှဝေခဲ့ပြီး၊ တစ်ခြားသူတွေအနေနဲ့လည်း သတိထားဆင်ခြင်နိုင်ဖို့ သတိပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။ သားဖြစ်သူဟာ ပြီးခဲ့တဲ့(၇)လက ကျန်းကျန်းမာမာ ဝဝဖြိုးဖြိုးပါဘဲ။

ဒါပေမယ့် မူးယစ်ကျေးကျွန်ဘဝမှာ သူ ဘယ်လောက်အထိ သိသိသာသာ အိုစာသွားတယ်ဆိုတာ မြင်သာစေမှာပါ။ တကယ်တော့ မိခင်ဖြစ်တဲ့ Jennifer Salfen-Tracy က သားဖြစ်သူအကြောင်းမကြားမိလို့ လူပျောက်ရှာရင်း ဒီဓာတ်ပုံတွေကို မျှဝေခဲ့တာ ဖြစ်ပါတယ်။

သူမရဲ့ Facebook ပို့စ်ထဲမှာ “ ဘိန်းဖြူနဲ့ Meth တွေသုံးထားတာ သိသာစေမယ့် မျက်နှာ ”ဆိုပြီးတော့ကို သားဖြစ်သူကို နစ်နစ်နာနာ ပြောထားတာပါ။ သူမရဲ့သားအကြာင်း မကြားရတာ ရက်သတ္တပတ် တော်တော်ကြာနေပါပြီတဲ့။ Jennifer က သားဖြစ်သူ Cody Bishop ဘယ်လောက်ဆိုးဆိုး သားဆိုးသမီးဆိုး ပစ်ရိုးထုံးစံမရှိဆိုတဲ့အတိုင်း မိခင်ရဲ့ သံယောဇဉ်ကို မြင်နေရပါတယ်။

သူမရဲ့ ပို့စ်မှာ “ အစက ဒီအကြောင်းမပြောဖို့ ချီတုံချတုံ ဖြစ်နေတာပါဘဲ .. လူတွေက သိချင်လွန်းတဲ့အတွက် မျှဝေသင့်တယ်လို့ ထင်မိပါတယ် ”လို့ ဖော်ပြထားပါတယ်။ သူမရဲ့ ပို့စ်မှာ “ ဘိန်းဖြူတွေသုံးထားတာ သိသာစေတဲ့ မျက်နှာပေးနဲ့ … ဒါကို ကမ္ဘာပေါ်က လူတွေ မိသားစုဝင်တွေ မကြံချင်လည်း ကြုံနေရတယ် ”

READ
ပလတ်စတစ်ဆာဂျရီကြောင့်လှလာပေမယ့် မနာလိုတဲ့သူငယ်ချင်းရဲ့တိုက်ခိုက်ခြင်းခံခဲ့ရသူ

“ ကျွန်မနဲ့ရင်းနီးသူတိုင်း ကျွန်မရဲ့ သားကြီး Cody အကြောင်းကို သိပါတယ် … သူ ဘယ်လောက်အထိ ဆေးစွဲနေသလဲဆိုတာ … ဒီလိုအခြေအနေမှာ တစ်ခြားမိသားစုတွေလည်း ဘယ်လိုခံစားရမလဲဆိုတာ ကျွန်မ ကိုယ်ချင်းစာပါတယ် … ဒါဟာ မျက်မှောက်ကမ္ဘာမှာ ဖြစ်နေတဲ့ အမှန်တရားတွေပါ”

“ ကျွန်မတို့အချင်းချင်း လက်တွဲပြီး အစိုးရရဲ့ စိုးရိမ်ကြောင့်ကျမှုတွေကို အားလုံးအာရုံစိုက်လို့ သူတို့တစ်တွေရဲ့ပိုက်ဆံတွေ အလဟသမဖြစ်ရလေအောင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဝိုင်းဝန်အဖြေရှာသင့်ပါတယ်  ”လို့ ရေးသားထားပါတယ်။ Cody ဟာ မူးယစ်ကျေးကျွန်ဘဝကနေ နေအိမ်မှာ ထွက်ခွာသွားပြီး၊ လက်စ်ဗီးဂတ်ရဲ့ တစ်နေရာရာမှာ ခြေသလုံး အိမ်တိုင်ဘဝနဲ့ နေနေသူပါ။

သူမရဲ့စာထဲမှာ သားဖြစ်သူ ဘယ်လောက်ဒုက္ခရောက်နေသလဲဆိုတာ ကြားလိုက်ရတိုင်း စိတ်အလွန်ဆင်းရဲရသော်လည်း၊ သားအကြောင်းကို လုံးဝမကြားရတာထက်စာရင်တော့ ဒီအဖြစ်က တော်သေးတယ်လို့ ဖော်ပြထားပါတယ်။ သားဖြစ်သူရဲ့ ဓာတ်ပုံနှစ်ပုံမှာ ပထမပုံက ဝဝဖြိုးဖြိုးဖြစ်ပြီး၊ ဒုတိယပုံကတော့ ပထမပုံနဲ့ (၇)လအကြာမှာ ရိုက်ယူထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ 

READ
အကြောင်းတစ်ခုကြောင့် ထီဆုကြီးပေါက်ပေမယ့် ဆုငွေ မယူခဲ့တဲ့ အမျိုးသမီးကြီး

အဲဒီပုံမှာ သူ့သားရဲ့အဖြစ်ဟာ မိခင်တစ်ယောက်ကို ဘယ်လောက် စိတ်မချမ်းသာစရာ ဖြစ်စေမလဲဆိုတာ ခံစားကြည့်လို့ရပါတယ်။ သူမရဲ့ပို့စ်ကို ပြန်လည်မျှဝေသူပေါင်း (၄၄၀၀၀)ရှိပြီး၊ မှတ်ချက်ရေးသူ ထောင်နဲ့ချီရှိခဲ့ပါတယ်။ တစ်ချို့ကလည်း Jennifer တို့ မိသားစု ပြန်လည်အဆင်ပြေဖို့ ဆုတောင်းပေးထားပါတယ်။

လင်းသူရိန်

SHARE