မိဘတွေ ပြောတဲ့ အဖြူရောင်မုသားတွေ အကြောင်း

Instagram/Jessica D’Entremont

လူတွေရဲ့ ရှင်သန်ကြီးထွားလာမှုမှာ အဖြူထည်ဆန်တဲ့ မုသားစကားလေးတွေဟာ တစ်စိတ်တပိုင်းအနေနဲ့ ပါဝင်ပတ်သက်နေပါတယ်။ သင့်အနေနဲ့ရော ဒီစကားလေးတွေကို ဘယ်လောက်အကြိမ်များများကြားခဲ့ရပြီးပြီလဲ။ ဥပမာ… မုန်လာဥနီစားတာဟာ အမှောင်ထဲမှာအမြင်အားပိုကောင်းစေတယ်တို့…. ရေခဲမုန့်ကားဟာ ရေခဲမုန့်ကုန်သွားတဲ့အခါ သီချင်းပဲဖွင့်ပေးတော့တယ်လို့ စတာတွေပေါ။

အခုလည်း မက်(စ်)ချုးဆက်ပြည်နယ်က ကလေးအမေတစ်ယောက်ဖြစ်တဲ့ Jessica D’Entremont က သူ့ကလေးတွေကို အိပ်ရာဝင်ချိန်အိပ်ဖို့ နည်းလမ်းကို စဉ်းစားရပါပြီ။

မအိပ်ကြဘဲ ရွတ်ရွတ်နောက်နောက် လုပ်နေကြတဲ့ ကလေးတွေကို မိခင် D’Entremontက

“ည၀တ်အင်္ကျီပေါ်က ရောင်ပြန်အရုပ်လေးတွေဟာ ညဘက်မှာဘယ်လိုအလင်းထွက်ချင်ရင် မီးရောင်အောက်မှာ ပလက်လန်ပြီး အားသွင်းထားရတယ်လို့ ဆိုလိုက်ပါတယ်။

အခုပုံထဲမှာ တွေ့ရသလိုပဲ သူ့ရဲ့ သုံးနှစ်အရွယ် Hannelore နဲ့ လေးနှစ်အရွယ် Emma တို့ဟာ ပက်လက်လန်ပြီး မျက်နှာကြက်ကို ကြည့်နေကြပါတယ်။ သူတို့ ည၀တ်အိပ် အင်္ကျီပေါ်က အရုပ်ကလေးတွေကို အားသွင်းမယ်ဆိုပြီး အားအပြည့်အ၀ရတာသေချာအောင် သူတို့လှုပ်တောင် မလှုပ်ကြတော့ပါဘူး။

ဖတ်မိသူတိုင်း မပြုံးဘဲမနေနိုင်တဲ့ ဒီဖြတ်ထိုးဥာဏ်နည်းဟာ ကမ္ဘာတစ်လွှားကလူတွေကို စွဲငြိသွားစေပါတယ်။ ဒီနည်းလမ်းကို ဖော်ပြထားတဲ့ မူလပို့စ်ကို share လုပ်ကြတာလည်း အကြိမ် တစ်သိန်းကျော်သွားပါတယ်။

D’Entremont ဟာ သူ့ကလေးတွေ မနက်မိုးလင်းတဲ့အခါ ည၀တ်အိပ် အင်္ကျီကို အံဆွဲထဲပြန်ထည့်တတ်အောင် “နောက်နေ့ တနေကုန်အလင်းပြန်မထွက်အောင် ဗီဒိုထဲထည့်ပြီးကာထားရမယ်။ အဲ့လိုမှ မဟုတ်ရင် ဒါတွေက ညဘက်မှာ အလင်းမှိန်သွားပြီး တောက်ပတော့မှာမဟုတ်ဘူး”လို့ ပြောလိုက်ပါတယ်။

 

ဒီနည်းလမ်းလေးဟာ ဘယ်လောက်ပဲ ဟာသဆန်တယ်ပြောပြော မိခင်တွေအတွက်တော့ တကယ်ပဲ အထောက်အကူဖြစ်စေပါတယ်။

ကဲ သင့်ရဲ့မိဘတွေကရော သင့်ကို ဒီလိုမျိုး အဖြူရောင်မုသားတွေ ဘယ်လောက်တောင်ပြောခဲ့ဖူးမလဲဆိုတာ သေချာပြန်စဉ်းစားကြည့်ပါအုံးနော်။

 

Khaing

SHARE