သမီးကို အိပ်ဆေးခပ်ပြီး ကားထဲမှာထည့်ကာ မီးရှို့သတ်ပစ်ခဲ့သည့် မိခင်အရင်း

Laura Coward လို့ အမည်ရတဲ့ အမျိုးသမီးဟာ သူမရဲ့ 9 နှစ်အရွယ်သမီးလေး Amber ကို အိပ်ဆေးခပ်ပြီးနောက် ကားထဲမှာ Lock ချကာ မီးနဲ့ရှို့ကာ သတ်ပစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ သူမနဲ့ ကွာရှင်းထားတဲ့ ခင်ပွန်းသည်ကို တရားရုံးက အပြည့်အ၀စောင့်ရှောက်ခွင့် ပေးအပ်လိုက်ပြီး ရက်ပိုင်းအကြာမှာ ဖြစ်ပေါ်ခဲ့တာပါ။ တစ်ချို့က သမီးကို ခင်ပွန်းဟောင်းဆီကို မထည့်ချင်လို့ ဒီလိုလုပ်တာလို့ ဆိုနေကြပါတယ်။

အသက် 50 အရွယ် Laura ဟာ စနေတနင်္ဂနွေ ကျောင်းပိတ်ရက်မှာ သူမဆီကို လာလည်တဲ့ သမီး Amber ကို Calgary မြို့အနောက်ပိုင်း မိုင် 60 အကွာထိ ကားနဲ့ခေါ်သွားခဲ့ပြီး၊ လမ်းမှာ အိပ်ဆေးတွေကို ဖျားယောင်းကျွေးခဲ့ပါ တယ်။ ကားထဲမှာ သမီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားချိန်မှာ ကားကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။

READ
ဝလို့ထားသွားတဲ့Exကို အဆီပိုတွေနဲ့လုပ်ထားတဲ့ဆပ်ပြာခဲပို့ပြီးလက်စားချေခဲ့တဲ့ကောင်မလေး

ဒါပေမယ့် ကားအပြင်ဘက်မှာ Laura ကိုယ်တိုင် တမင်ရေးထားတဲ့ စာရွက်တစ်ရွက်ကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ အဆိုပါ စာထဲမှာ ” ကူညီပါ … ဒါဟာ မတော်တဆမှုပါ … ကားတံခါးက Lock ကျနေပါတယ် ” ဆိုပြီး ဖြစ်ပါတယ်။ ဒ်ီအချက်ဟာ ရာဇ၀တ်အမှုကို အမြဲထိတွေ့နေတဲ့ရဲတွေအတွက်တော့ အလွန်ကို ရှင်းလင်းတဲ့ သဲလွန်စပါဘဲ။

ကားဟာ ဆိုးဆိုးဝါးဝါး မီးလောင်ပျက်စီးတာမျိုး မရှိဘဲ၊ အတွင်းထဲမှာရှိတဲ့ Amber ကို မီးခိုးမွှန်ပြီး၊ Combination of hypothermia ဖြစ်ကာ သေဆုံးသွားခဲ့ပါတယ်။ Court of Queen’s Bench တရားရုံးမှာ ဒီအမှုကို စစ်ဆေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ သမီးဖြစ်သူရဲ့ မိခင်အပေါ် အပြည့်အ၀ယုံကြည်စိတ်ကို မိခင်က မလိုမုန်းထား ကြီးစွာနဲ့ တစ်လွဲအသုံးချခဲ့တာ ဖြစ်ပါတယ်။

READ
လေဆိပ်ဂိတ်ထဲမှာ သီချင်းဆိုပြပြီး ခရီးသည်တွေကို ပျော်ရွှင်စေခဲ့တဲ့ အမျိုးသား

Amber ရဲ့ ဖခင် Duane Lucius က ” သမီးအတွက် တရားမျှတမှုကို ကိုယ်စားပြုနိုင်တဲ့ ၀ါကျတွေ၊ စာလုံးတွေဆို
တာ မရှိတော့ပါဘူး … အဖေတစ်ယောက်အနေနဲ့ ကိုယ့်သမီးကို မြေမြှုပ်သင်္ဂြိုဟ်ပေးနိုင်တာပဲ ရှိခဲ့တယ် .. သူ့ကို ရှင်
လျှက် ပြန်ခေါ်မလာနိုင်ခဲ့ပါဘူး “လို့ မျက်ရည်တွေနဲ့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒီပြစ်မှုကြောင့် တရားခံ Laura ကို တရားရုံးက ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်အနက် ထောင်ဒဏ် 18 နှစ်ကို ချွင်းချက်မရှိ ကျခံစေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE