(၆)ရက်အကြာ အဆုတ်မရှိပဲ နေထိုင်ခဲ့ရတဲ့ အမျိုးသမီး

ကလေးတစ်ယောက် မိခင်တစ်ယောက်ဖြစ်တဲ့ Melissa Benoit အမည်ရ အမျိုးသမီးဟာ အဆုပ်နှစ်ခုစလုံးမှာ ရောဂါပိုးဝင်နေခဲ့တဲ့အတွက် ဆရာဝန်တွေက အစားထိုးလဲလှယ်ခြင်းမပြုနိုင်မိ အပြင်ကို ထုတ်ထားခဲ့ပါတယ်။ လူနာ Melissa ဟာ အဆုပ်မပါဘဲ ခြောက်ရက်အထိ ခက်ခဲစွာ ရှင်သန်ခဲ့ရပါတယ်။

X-Ray ရလာဒ်အရမှာလည်း Melissa ဟာ ပြင်းထန်အဆုပ်ရောဂါ Pneumonia ကို နောက်ဆုံးအဆင့်ကို ခံစားနေရတာကို တွေ့ရပါတယ်။ ဒီအတွက် အဆုပ်တွေထဲကို ပြင်ပရောဂါပိုးတွေ ပျံ့နှံ့နေပြီး၊ အစားထိုးလဲလှယ်မှု မပြုလုပ်ရင် သေချာ
ပေါက်သေဆုံးဖို့ ရှိနေပါတယ်။ ဒါကြောင့် ဆရာဝန်တွေဟာ အခြားအစိတ်အပိုင်းတွေကို ရောဂါပိုးမကူးစက်အောင် အ
ြုပင်ကို ထုတ်ထားလိုက်ရပါတယ်။

အသက် 32 အရွယ် Melissa ဟာ Toronto General Hospital ဆေးရုံရဲ့ အရေးပေါ်ခွဲစိပ်ကုသဆောင်မှာ တက်
ရောက်ကုသခဲ့ရပါတယ်။ အခြေအနေအရ အဆုပ်တွေကို အပြင်ထုတ်ထားမှသာ အသက်ရှင်ဖွယ်ရာရှိတယ်လို့ ခွဲစိတ်ပါရဂူ 13 ယောက် သဘောတူညီပြီး အဆုပ်တွေကို ကိုးနာရီကြာ ခွဲစိတ်ဖယ်ထုတ်ခဲ့ပါတယ်။

READ
10 ပေအမြင့် နံရံကို ဘာအကူအညီမှမပါဘဲ အလွယ်တကူတက်ပြခဲ့သည့် 3 နှစ်သားလေး

နာရီပိုင်းအတွင်းမှာ Melissa ရဲ့အခြေအနေဟာ သက်သာလာခဲ့ပြီး၊ စကားတွေဘာတွေ ပြောနိုင်တဲ့ အဆင့်ကို ပြန်ရောက်လာခဲ့ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အပြင်ဘက်မှာ အဆုပ်စက်အတုတပ်ဆင်ပြီး သူမကို အသက်ဆက်လက်ရှင်စေခဲ့ပါ
တယ်။ ခြောက်ရက်အကြာမှာ အဆုပ်အလှူရှင် ရှိလာမှာမို့ Melissa ရဲ့အခြေအနေက စိတ်ချရတဲ့ အနေအထားပါ။

ဒါပေမယ့် အောက်ဆီဂျင် Level က စိုးရိမ်ဖွယ်ရာ ထိုးကျနေလို့ သာမန်အားဖြင့် အလွန်စိုးရိမ်ဖွယ်ပါဘဲ၊ နောက် သူမကို  Extra-Corporeal Lung Support (ECLS) ယူနစ်ကို ပို့ပြီး ကိရိယာတစ်ခုရဲ့အကူအညီနဲ့ ဆက်ကုပါတယ်။ အဲဒီ ကိရိယာဟာ အဆုပ်ရော၊ နှလုံးအတွက်ပါ အလုပ်လုပ်တဲ့စက်ဖြစ်ပါတယ်။

ခွဲစိတ်ဆရာဝန်ကြီးများနှင့်

ခြောက်ရက်အကြာမှာ အဆုပ်အစားထိုးမှု အောင်မြင်ခဲ့တဲ့ Melissa ရဲ့အဖြစ်ဟာ အလွန်ကို ရှားတောင်းရှားခဲ ကံကောင်းတဲ့အဖြစ်ပါဘဲ။ သာမန်အားဖြင့်တော့ အဆုပ်တွေကိုထုတ်ထားပြီး ပြင်ပကိရိယာနဲ့ အသက်ရှင်နေရသူဟာ ရက်ပိုင်းအတွင်း အချိန်မရွေးသေဆုံးနိုင်ပါတယ်။ Melissa ကတော့ အခုအခါမှာ သူမချစ်တဲ့ သမီးလေးနဲ့ ခင်ပွန်းသည်အတွက် ဆက်
လက်ပြီး အသက်ရှင်သန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

READ
လူတိုင်းပိုက်ဆံစုမိစေမဲ့ မိခင်တယောက်ပြောပြခဲ့တဲ့ အလွယ်ကူဆုံးပိုက်ဆံစုနည်း

မဒီလေး (Shwemom)

source : thesun.co.uk

SHARE