သဘာဝဘေးအန္တရာယ်ကို အကြီးအကျယ် ခံစားနေရတဲ့ မွမ်ဘိုင်းမြို့ရဲ့ ပုံရိပ်များ

[email protected]_LAKHERA [email protected]_Chikna

သဘာဝဘေး အန္တရာယ်တွေဆိုတာ ဘာမှကြိုမသိနိုင်တဲ့ အရာတွေပါ။ မိုးလေဝသတို့ ဘာတို့ကတော့ ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုပေမယ့် တစ်ကယ့်လက်တွေ့ဖြစ်လာတဲ့အခါကျမှသာလျှင် လူတွေက စိုးရိမ်ပူပန်စိတ်များကြတာပါပဲ။ အခုလည်း အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ကတော့ လွန်ခဲ့တဲ့ သြဂုတ်လ(၅)ရက်လောက်ကစပြီး နေ့စဉ်ရက်ဆက် မိုးအကြီးအကျယ်ရွာသွန်းမှုတွေကြောင့် တစ်မြို့လုံးအနှံ့ ရေတွေကြီးနေသလို မုန်းတိုင်းကြောင့်လည်း လေပြင်းတွေတောက်လျှောက်တိုက်ခတ်နေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

မိုးရွာသွန်းမှုကြောင့် ရေချိန်အမှတ်ဟာလည်း ၃၃၁.၈ မီလီမီတာအထိ စံချိန်တင် မြင့်တက်ခဲ့သလို မိုးတွေကလည်း တောက်လျှောက်မရပ်မနားကို ရွာသွန်းနေပြန်ပါတယ်။ ဒါ့အပြင် လေတိုက်နှုန်းကလည်း တစ်နာရီကို ၁၀၇ ကီလိုမီတာ အရှိန်နှုန်းနဲ့ တိုက်ခတ်နေတာကြောင့် တော်တော်ပြင်းထန်တဲ့ လေတိုက်နှုန်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ အောက်ကဗီဒီယိုထဲမှာ လေတိုက်ခတ်မှုနှုန်းကြောင်း ယိမ်းခါနေတဲ့ အုန်းပင်ရဲ့ အနေအထားကိုသာ ကြည့်ကြည့်ကြပါ။

 

ဒါ့အပြင် နေရာအနှံ့မှာ ရေကြီးနေမှုကြောင့် လမ်းမပေါ်ရှိ အိမ်တွေ၊ စားသောက်ဆိုင်တွေထဲကို ရေတွေ အလုံးအရင်းနဲ့ ဝင်ရောက်နေတဲ့အပြင် မြို့ထဲမှာရှိတဲ့ မြို့သူမြို့သားတွေကို ရေဘေးလွတ်ရာ နေရာတွေဆီ ပြောင်းရွှေ့နိုင်ဖို့အတွက် ကယ်ဆယ်ရေးလုပ်သားတွေခမျာမှာလည်း နေ့မနား ညမအိပ် လှေတွေနဲ့ လူတွေကို လိုက်လံကယ်တင်နေရရှာပါတယ်။

READ
တမူထူးခြားတဲ့ စိတ်ကူးတွေနဲ့ပေါင်းစပ်ထားတဲ့ ကမ္ဘာအနှံက ဒီဇိုင်းလက်ရာအဆန်းနဲ့ပစ္စည်းများ

 

နောက်ဆုံးရထားတဲ့ သတင်းတွေအရဆိုရင်တော့ လူ ၄ ယောက်ဟာ ရေနစ်သေဆုံးခဲ့ရပြီး လူ၎ ဦးမှတြော့ ပျောက်ဆုံးနေပါတယ်။ ဒါ့အပြင် Nair ဆေးရုံကြီးနဲ့ JJ ဆေးရုံတို့မှာလည်း ရေတွေအလုံးအရင်းနဲ့ ဝင်ရောက်လာမှုကြောင့် ဆေးရုံအတွင်းရှိ လူနာတွေကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေပြီဖြစ်ကြောင်း သိရပါတယ်။

 

 

Pyi Hein Kyaw

SHARE