လုပ်အားပေး ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မွန်ဘိုင်းမြို့က DJ ပညာရှင်

[email protected]

လက်ရှိအချိန် ဖြစ်ပွားနေတဲ့ COVID 19 ကပ်ရောဂါကြီးဟာ ကမ္ဘာအနှံ့မှာ ကူးစက်ပြန့်ပွားနေတုန်းပါပဲ။ ဒီကပ်ရောဂါဘေးကြီးမှာ ဒုက္ခအရောက်ရဆုံးကတော့ ကျန်းမာရေးဝန်ထမ်းတွေပါပဲ။ နိုင်ငံတိုင်းလိုလိုက ကျန်းမာရေးဝန်ထမ်းတွေဟာ နေ့မအိပ်ညမနားနဲ့ ရောဂါကူးစက်ခံထားရတဲ့ လူနာတွေကို ကြည့်ရှု့စောင့်ရှောက်နေရဆဲပါပဲ။ ဒီကြားထဲ ကံမကောင်းရင်တောင်မှ ကူးစက်ခံထားရတဲ့ လူနာဆီကနေ COVID 19 ရောဂါကူးစက်နိုင်ပါသေးတယ်။

Pixabay-DarkoStojanovic

အခုအချိန်အထိ COVID 19 ကူးက်ခံထားရတဲ့ လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေဆဲပါပဲ။ ဒါ့ကြောင့် အခုလည်း အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့က DJ တီးတဲ့ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ DJ တစ်ဦးဟာ သူ့ရဲ့ DJ အလုပ်ကနေ ခေတ္တခဏအနားယူပြီး ကျန်းမာရေးဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

👤

A post shared by The Spindoctor (@thespindoclive) on

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ DJ တစ်ဦးဖြစ်တဲ့ Sanjay Meriya alias ဟာ ပြီးခဲ့တဲ့ မေလအစောပိုင်းလောက်ကနေစပြီးတော့ DJ ဘဝမှ ဆရာဝန်တစ်ဦးအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Sanjay ဟာ အမှန်တော့ ဆေးတက္ကသိုလ်က ဘွဲ့ရထားတဲ့ တရားဝင်ဆရာဝန်တစ်ဦးပါပဲ။ ဒါပေမယ့် ဆေးတက္ကသိုလ်ပြီးပြီးချင်းမှာပဲ DJ ဖြစ်ချင်တဲ့ ဝါသနာကြောင့် ဆရာဝန်မလုပ်တော့ပဲ DJ တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သူတစ်ဦးပဲ ဖြစ်ပါတယ်။

“ ဒီအချိန်မှာတော့ ဆရာဝန်တစ်ယောက်အဖြစ် ရောဂါကူးစက်ခံထားရတဲ့ လူတွေနဲ့ တိုက်ပွဲဝင်ချင်ပါတယ်။ DJ အဖြစ် ရပ်တည်ခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာလည်း လူတွေပျော်ရွှင်အောင်ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီအချိန်မှာတော့ လူတွေရဲ့ အသက်ကို ကယ်တင်တဲ့ လူအဖြစ် နေချင်ပါတယ်။ ကျွန်တော့် မိဘအသိုင်းအဝိုင်းကတော့ DJ တီးတဲ့ အလုပ်ကို လုံးဝမကြိုက်ပါဘူး။ ကျွန်တော့်ကို ဆရာဝန်တစ်ယောက်ပဲ ဖြစ်စေချင်နေတာပါ။ ဒါပေမယ့် ဘွဲ့ရရပြီးချင်း ကျွန်တော် DJ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတော့မယ်ဆိုတော့ ကျွန်တော့်ကို တော်တော်စိတ်ဆိုးပြီး အခုထိကို စကားမပြောပါဘူး။ ကျွန်တော်အခု ဆရာဝန်လုပ်တော့မယ်ဆိုတဲ့ သတင်းလဲတွေ့ရော ကျွန်တော်နဲ့ ပတ်သတ်တဲ့ သတင်းတွေကို သူတို့ share ထားတာတွေ့တယ်။ ဒီလိုမျိုးကိစ္စတွေကို အိန္ဒိယနိုင်ငံသားတွေရဲ့ သားသမီးဖြစ်မှ ခင်ဗျားတို့ နားလည်လိမ့်မယ်” လို့ Sanjay က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE