အိမ်ရာဝင်းထဲမှာ သီချင်းတွေဆိုပြီး “စမူဆာ”ပါတီပွဲ ကျင်းပနေလို့ အဖမ်းခံခဲ့ရတဲ့ ဖြစ်ရပ်

[email protected]_Shah

လက်ရှိ COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မျိုးမှာ လူတိုင်း အိမ်ထဲမှာပဲနေပြီး ရောဂါကို ကာကွယ်သင့်ပါတယ်။ မဖြစ်မနေအပြင် ထွက်ရတော့မယ်ဆိုရင်လည်း Mask ကို လုံခြုံစွာတပ်သွားပြီး လူစုလူဝေးဖြစ်စေမယ့် နေရာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ အိမ်ရာတစ်ခုမှာ လူတွေဟာ ပါတီပေးပြီး သီချင်းတွေဆိုနေကြလို့ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အိန္ဒိယနိုင်ငံမှာ လက်ရှိ Lockdown ချထားတဲ့ကာလကို မေလ ၃၁ ရက်နေ့အထိ တိုးမြှင့်ခဲ့ပြီး တစ်ချို့ Lockdown စည်းမျဉ်းတွေကို လျှော့ချပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုလျှော့ချပေးခဲ့တဲ့အပေါ်ကို ပြည်သူတွေက သူတို့တွေ အရင်လို ပြန်နေလို့ရပြီဆိုပြီး ထင်ခဲ့တဲ့ပုံပါပဲ။ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ရှိ Kukreja Palace လို့ အမည်ရတဲ့ အိမ်ရာဝင်း တစ်ခုမှာ လူအများအပြားဟာ အစားအသောက်တွေစား၊ သီချင်းတွေဆိုနေကြပြီး ပါတီပွဲပုံစံကျင်းပနေတာကြောင့် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဒီလိုဝင်ဖမ်းတဲ့အချိန်မှာ ပါတီပွဲအတွင်း လူ ၃၀ ကျော်ခန့်ရှိသော်လည်း ပါတီပွဲရဲ့ Organizer ၂ ယောက်လို့ ယူဆရသူ အမျိုးသားနှစ်ဦးကိုသာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါအမျိုးသားနှစ်ယောက်ရဲ့ နာမည်ကတော့ Rahul Sanghvi နဲ့ Jethalal Dedhia တို့ပဲ ဖြစ်ပါတယ်။ အဆိုပါအမျိုးသားနှစ်ယောက်ဟာ ဒီပါတီပွဲကို ပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပြီး အိမ်ရာအတွင်းကလူတွေကိုလည်း ပါတီပွဲတက်ရောက်ဖို့ လိုက်လံ ဖိတ်ကြားခဲ့သေးတယ်လို့လည်း သိရပါတယ်။

READ
ကင်ဆာရောဂါသည်ပုံစံနဲ့ ဓာတ်ပုံရိုက်ခဲ့တဲ့ တီဗီရှိုး ပြင်းထန်စွာဝေဖန်ခံရ
[email protected]_Shah

“ဒီလိုအချိန် အိမ်မှာပဲနေနေကြပါလို့ ဒီလောက်ပြောထားတာတောင်မှ ပါတီပွဲကျင်းပလိုက်သေးတယ်။ Lockdown စည်းမျဉ်းတွေ လျှော့ချတယ်ဆိုတာကလည်း လူတွေ အိမ်ထဲမှာချည်းပဲနေနေရတာ ငြီးငွေ့မှာစိုးလို့ တစ်ချို့စည်းမျဉ်းတွေကို လျှော့ချပေးခဲ့တာပါ။ ဒီကိစ္စကတော့ မဖြစ်သင့်ပါဘူး။ လက်ရှိပါတီပွဲကိစ္စမှာတော့ ဒီပါတီပွဲကို အစပြုတဲ့ Organizer နှစ်ယောက်ကို ဖမ်းထားပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ” လို့ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE