၂၀၂၀ ခုနှစ်ရဲ့ hit အဖြစ်ဆုံး သီချင်းတွေလို့ဆိုလိုက်ရင် BTS ရဲ့ Dynamite သီချင်းလည်းမပါမဖြစ်ပါပဲ။ အင်္ဂလိပ်လိုသီဆိုထားတာဖြစ်ပြီးတော့ သီချင်းလေးဟာ ကိုဗစ်ကာလအတွင်းမှာ လူတွေကို စိတ်တက်ကြွပေးဖို့အတွက် ရည်ရွယ်ထားတာပဲဖြစ်ပါတယ်တဲ့။

ဒီသီချင်းကို တောင်ကိုရီးယားအတွင်းမှာသာမကဘဲ နိုင်ငံတကာမှာလည်း တော်တော်လေးကို ခေတ်စားနေခဲ့တာပါ။ နာမည်ကြီး ဟောလိဝုဒ်က အဆိုတော်တွေကတောင် အသိအမှတ်ပြုရလောက်တဲ့အထိကို ဖြစ်သွားခဲ့ပါတယ်။ YouTube မှာလည်း hit တွေဖြစ်ရင်းနဲ့ Dynamite ဟာ အရမ်းကို ခေတ်ထသွားခဲ့ပါတော့တယ်။

အခုလည်း Pink Villa ရဲ့ ဖော်ပြချက်အရ BTS ရဲ့ Dynamite ဟာ အိန္ဒိယမှာထပ်ပြီးတော့ ခေတ်ထနေပြန်ပါပြီ။ ဖြစ်ပုံကတော့ ဒီလိုပါ။ Dynamite သီချင်းကိုသုံးပြီးတော့ မွန်ဘိုင်းရဲဌာနကနေပြီး ကိုဗစ်အတွက် အသိပညာပေးတစ်ခုကိုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
အွန်လိုင်းကနေတစ်ဆင့် မွန်ဘိုင်းရဲဌာနဟာ သူတို့ရဲ့ Instagram မှာ ပြီးခဲ့တဲ့ရက်တုန်းက အခုလိုပဲတင်လာခဲ့ပါတယ်။ “No, no, not today. Love yourself, stay indoors!” ပါတဲ့။ ဒီစာသားကိုမှ ဒီပုံနဲ့တွဲပြီးတင်ထားတာဖြစ်ပါတယ်။
View this post on Instagram
ပုံထဲမှာပါတဲ့ စာသားလေး “Bring a friend, join the crowd whoever wanna come along” ဟာ Dynamite ထဲမှာပါတဲ့ စာသားပဲဖြစ်ပါတယ်။ ပုံနဲ့စာကိုပြန်တွဲကြည့်မယ်ဆိုရင်တော့ အခုအချိန်မှာ လူစုလူဝေးလုပ်ဖို့ အဆင်မပြေသေးကြောင်း၊ ကိုယ့်ကိုယ်ကို ချစ်ပြီးတော့ အနေအထိုင် ဆင်ခြင်ကြပါဆိုပြီးတော့ သတိပေးထားခဲ့တာပါ။
ဒါလေးကတော့ BTS ရဲ့ Dynamite သီချင်းလေးပဲဖြစ်ပါတယ်။
penny