ဆိုင်တစ်ဆိုင်ကို ၀င်ခိုးခဲ့လို့ အဖမ်းခံနေရချိန်မှာ သူ့အိမ်ကို ပြန်ပြီး အခိုးခံခဲ့ရတဲ့ သူခိုးရဲ့အဖြစ်

Pixabay-TheDigitalWay

သူခိုးဆိုတဲ့အမျိုးကတော့ လူလစ်ရင် ခိုးကြမှာပါပဲ။ သတင်းတော်တော်များများမှာလည်း သူခိုးအဖမ်းခံရတဲ့ သတင်းတွေကို ဖတ်ဖူးကြမှာပါ။ ဒါပေမယ့် အခုဖော်ပြမယ့် သူခိုးသူတင်းကတော့ တော်တော်လေးကို ထူးခြားလွန်းပြီး ဒီသူခိုးကို ကမ္ဘာ့ကံအဆိုးဆုံး သူခိုးတစ်ယောက်အဖြစ် မှတ်တမ်းတောင် တင်သင့်ပါတယ်။ အကြောင်းကတော့ အဆိုပါသူခိုးဟာ ဆိုင်တစ်ဆိုင်ထဲဝင်ခိုးရာမှ ရဲဖမ်းခံရပြီ COVID 19 ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အပြင် သူ့ရဲ့နေအိမ်ကိုပါ အခြားသူခိုးတွေက ဝင်ရောက်ဖောက်ထွင်းခဲ့ပြီး ပိုက်ဆံတော်တော်များများ အခိုးခံခဲ့ရကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါသူခိုးကတော့ အိန္ဒိယနိုင်ငံ၊ Mumbai မြို့မှာ နေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် Sahadullah Babu ပဲ ဖြဟ်ပါတယ်။ တစ်ရက်မှာတော့ Babu နဲ့ သူ့သူငယ်ချင်း ၆ ယောက်ဟာ မွန်ဘိုင်းမြို့က လျှပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်ထဲ ဝင်ရောက်ဖောက်ထွင်းခဲ့ပါတယ်။ ကံမကောင်းချင်တော့ လူမိပြီး Babu အပါအဝင် သူ့သူငယ်ချင်း ၆ ယောက်စလုံး ရဲဖမ်းခံရခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ကို ရဲတွေက အချုပ်ထဲမထည့်ခင်မှာ သူတို့ ၇ ယောက်စလုံးကို COVID 19 ကပ်ရောဂါ ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

READ
ရယ်ဒီမိတ်အသီးအရွက်ထုပ်ကို ၀ယ်စားရာမှ ကြွက်သေကောင်ကို စားမိတဲ့ UKအမျိုးသား
Pixabay-rupixen

ကံထပ်ဆိုးချင်တော့ Babu အပါအဝင် အခြားလူ ၄ ယောက်မှာ COVID 19 ကပ်ရောဂါ တွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ Babu မှာ COVID 19 ကပ်ရောဂါရှိနေတော့ Babu ကော၊ သူ့ရဲ့ မိသားစုဝင် ၈ ဦးစလုံးကို ဇွန်လ (၈) ရက်နေ့မှာ Deonar မြို့နဲ့ Siddhart Nagar မြို့မှာရှိတဲ့ Quarantine Centres တွေကို ပို့ဆောင်ခဲ့ပါတယ်။ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ဇွန်လ ၁၆ ရက်နေ့မှာ Babu ကို သူ့ရဲ့အိမ်နိးချင်းတွေက ဖုန်းဆက်အကြောင်းကြားခဲ့ပါတယ်။ အကြောင်းကတော့ လူတစ်ယောက်မှ မရှိတဲ့ Babu တို့အိမ်ကို သူခိုးတွေဝင်ပြီး အားရပါးရ ခိုးသွားတယ်ဆိုတာပါပဲ။ နောက်ဆုံးရသတင်းကတော့ Bab ရဲ့ စုထားတဲ့ ငွေတွေအပြင် ရူပီး ၅ သိန်းနီးပါး တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေ ပါသွားတယ်ဆိုတာပါပဲ။ တော်တော်ကို ကံဆိုးတဲ့ Babu ပါပဲ။

READ
အမေရိကန်နဲ့ စစ်ဖြစ်ပါက အမျိုးသမီးစစ်သမီး(5)သိန်းကို ရှေ့တန်းပို့မယ့် ကင်ဂျုံအမ်

Pyi Hein Kyaw

SHARE