လမ်းဘေးခွေးကလေးတွေကို နွားနို့ဂါလန်ပေါင်းများစွာ တိုက်ကျွေးခဲ့တဲ့ ဘုရားကျောင်း

[email protected] Matter to Me, Mumbai

ခွေးကလေးတွေဆိုတာ လူတွေရဲ့ အချစ်ဆုံး တိရစ္ဆာန်ဖြစ်သလို လူတွေအပေါ်မှာ နားလည်မှုအရှိဆုံးနဲ့ အခင်အတွယ်တက်ဆုံး သတ္တဝါလေးတွေပါပဲ။ အိမ်မွေးခွေးပဲဖြစ်ဖြစ်၊ လမ်းဘေးက ခွေးကလေးတွေဖြစ်ဖြစ် အကုန်လုံးဟာ ချစ်ဖို့ ကောင်းကြပါတယ်။ အခုလဲ အိန္ဒိယနိုင်ငံရှိ ဘုရားကျောင်းတစ်ကျောင်းဟာ နွားနို့ဂါလန်ပေါင်းများစွာကို လမ်းဘေးခွေးကလေးတွေကို တိုက်ကျွေးနေတဲ့ ဗီဒီယိုဖိုင်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေးကို နာမည်ကြီးပြီး လူကြိုက်များနေကြကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-igorovsyannykov

လက်ရှိအချိန်ကတော့ COVID 19 ဖြစ်နေတဲ့ ကာလဖြစ်တာကြောင့် လမ်းမပေါ်တွေမှာ အရင်ကလောက် လူသွားလူလာမရှိတော့ပါဘူး။ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာလည်း Lockdown စည်းမျဉ်းစည်းကမ်းတွေကို စဖြစ်ခါစအချိန်ထက် လျော့ကျခဲ့သော်လည်း အရင်အချိန်လောက်တော့ လမ်းမတွေပေါ်မှာ လူတွေ မစည်ကားတော့ပါဘူး။ ဒါ့ကြောင့် လမ်းဘေးခွေးကလေးတွေခမျာမှာလည်း လူတွေရဲ့ စားကြွင်းစားကျန်တွေကို မှီခိုစားသောက်နေရတာကြောင့် အရင်ကထက်တော့ စားရေးသောက်ရေး ခက်ခဲမှာတော့ အမှန်ပါပဲ။ အခုလည်း အိန္ဒိယနိုင်ငံက ဘုရားကျောင်းတစ်ကျောင်းဟာ လမ်းဘေးခွေးကလေးတွေအတွက် နွားနို့ဂါလန်ပေါင်းများစွာကို တိုက်ကျွေးခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Milk collected in temple for rituals is now morally served to feeding strays.This way many hungry tummies are fed.Bring in a change, before all changes against us. @amtmindia salutes this wave of love. www.amtmindia.org/covid19/Can all over temples follow this practice.

Posted by Animal Matter to Me, Mumbai on Sunday, August 2, 2020

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း ဆာလောင်နေတဲ့ လမ်းဘေးခွေးကလေးတွေကို စုပြီးတော့ မွန်ဘိုင်းမြို့က ဘုရားကျောင်းတစ်ကျောင်းဟာ နွားနို့ဂါလန်ပေါင်းများစွာကို တိုက်ကျွေးခဲ့ပါတယ်။ နွားနို့ဂါလန်ပေါင်းများစွာကို ဇလုံအရှည်ကြီးထဲမှာ ထည့်ပြီး အနီးအနားမှာ ရှိသမျှလမ်းဘေးခွေးကလေးတွေကို စုဝေးပြီး တိုက်ကျွေးခဲ့ပါတယ်။ ခွေးကလေးတွေခမျာလည်း ဘယ်လောက်တောင်ဆာနေလည်း ခန့်မှန်းနိုင်သလို နွားနို့တွေကို အငမ်းမရ သောက်နေတဲ့ပုံလေးက တွေ့မြင်ရသူအဖို့ တော်တော်စိတ်ချမ်းသာစေခဲ့ပါတယ်။

READ
ခွေးအမှတ်နဲ့ ရေခဲကန်ထဲမှာ ဒုက္ခရောက်နေတဲ့ သတ္တ၀ါကို ကယ်ဆယ်ခဲ့တဲ့အဖြစ်
Facebook-@Animal Matter to Me, Mumbai

Pyi Hein Kyaw

SHARE