(၅၉) နှစ်ကြာမှ မံမီတွေအဖြစ် ပြန်တွေ့ရတဲ့ ပျောက်ဆုံးနေတဲ့ တောင်တက်သမားများ

လွန်ခဲ့တဲ့ (၅၉) နှစ်တုန်းက ပျောက်ဆုံးသွားခဲ့တဲ့ တောင်တက်သမား(၃) ဦးရဲ့ မံမီရုပ်အလောင်းတွေကို မက္ကစီကိုနိုင်ငံရဲ့ အမြင့်ဆုံးမီးတောင်ပေါ်မှာ ပြန်လည်တူးဖော်ရရှိခဲ့ပါတယ်။ ၄င်းမီးတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း (၁၈,၄၀၅) ပေ ရှိပြီး ဗယ်ရာခရုဇ်နဲ့ ပူဘလာပြည်နယ်တွေထဲမှာ ရှိပါတယ်။

CENTRAL EUROPEAN NEWS

မံမီလူသေအလောင်းတွေကို (၂၀၁၅) ခုနှစ်မှာ ဦးဆုံးတွေ့ရှိခဲ့တာ ဖြစ်ပေမယ့် တူးဖော်ဖို့ ကြိုးစားရာမှာ မအောင်မြင်ခဲ့ကြပါဘူး။ ဆိုးဝါးတဲ့ ရာသီဥတု အခြေအနေကလည်း ဟယ်လီကော်ပတာဆင်းသက်ဖို့ အခက်အခဲဖြစ်နေတာကြောင့်လည်း ပါပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ အခက်အခဲမျိုးစုံကို ကျော်လွန်ပြီး အလောင်း(၃) လောင်းကို ပြန်လည် ရယူနိုင်ခဲ့ပါပြီ။

CENTRAL EUROPEAN NEWS

၎င်းတောင်တက်သမား(၃) ဦးရဲ့ မံမီအလောင်းတွေကိုတော့ အသက်(၈၁) နှစ်ရှိနေပြီဖြစ်တဲ့ တောင်တက်သမားကြီးတစ်ဦးက သေဆုံးသူတွေဟာ သူနဲ့ တောင်တက်ဖော် တောင်တက်ဖက်တွေပါလို့ အတိအလင်း ကြေညာခဲ့ပါတယ်။ လူးဝစ်အက်စ်ပီနိုဆာဆိုသူ ၄င်းတောင်တက်သမားကြီးက (၁၉၅၉) ခုနှစ်မှာ လေ့လာရေးခရီးထွက်ခဲ့ကြောင်းနဲ့ ထိုခရီးမှာ သူ့အဖော် (၃) ယောက်ဟာ ပြိုကျလာတဲ့ ရေခဲထုကြားမှာ အသက်ပျောက်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

READ
မုန်တိုင်းကြောင့် ဖျော်ဖြေပွဲစတိတ်စင် ပြိုကျပြီး၊ ထိပ်သီး DJ သမားတစ်ဦးသေဆုံးခဲ့ရ
CENTRAL EUROPEAN NEWS

အက်စ်ပီနိုဆာက သူဟာ တူးဖော်ရရှိတဲ့ အလောင်း(၃) လောင်းထဲက အလောင်းတစ်လောင်း ၀တ်ဆင်ထားတဲ့ ရှပ်အင်္ကျီနဲ့ အထူးသဖြင့် နာမည်အတိုကောက်စာတန်းပါတဲ့ လက်စွပ်ကို မှတ်မိကြောင်း ဆိုခဲ့ပါတယ်။ အက်စ်ပီနိုဆာက ၄င်းအလောင်း(၃) လောင်းရဲ့ ပိုင်ရှင်ဟာ အန်းရစ်ခ်ဂါစီယာ၊ ဂျူယမ်အက်စ်ပီနိုဆာနဲ့ မန်ဝဲကမ်ပို့စ်ဆိုသူတို့ဖြစ်တယ်လို့ ပြောပြပါတယ်။ လက်ရှိမှာတော့ အလောင်းတွေကို ဒီအန်အေစစ်ဆေးမှာ ဖြစ်ပြီး သက်ဆိုင်ရာမိသားစုဝင်တွေဆီ အကြောင်းကြားဆက်သွယ်သွားမယ်လို့ သိရပါတယ်။

CENTRAL EUROPEAN NEWS

အက်စ်ပီနိုဆာကတော့ “(၂၀၁၅) တုန်းက မီးတောင်ထိပ် ရေခဲတွေထဲမှာ အလောင်း(၃) လောင်းတွေ့တယ်လို့ ခေါင်းကြီးသတင်းတွေ တက်လာတော့ ကျွန်တော် (၂၀၁၆) လောက်မှာ ရှာဖွေရေးတွေလွှတ်ပြီး ရှာသေးတယ်။ အဲဒီမှာ လက်စွပ်လေးတစ်ကွင်း သွားတွေ့တာပဲ။ အလောင်းမှာဝတ်ထားတဲ့ လက်စွပ်က နာမည်အတိုကောက်ကို ကျွန်တော်မှတ်မိတာလေ။” လို့ ဆိုခဲ့ပြီး သူ့အဖော်တွေကို အခုတော့ တူးဖော်နိုင်လာတဲ့အတွက် စိတ်သက်သာရာရပြီဖြစ်ကြောင်း ပြောပြခဲ့ပါသေးတယ်။

READ
ခွဲမရအောင်တူတဲ့ အမြွှာနှစ်တွဲ ဖူးစာဆုံခဲ့ကြတဲ့ ရှားပါးဖြစ်စဉ်
CENTRAL EUROPEAN NEWS

လင်းလင်း (ShweMom)

Ref: sun

SHARE