ဆံပင်ညှပ်လိုက်တဲ့ သားကြောင့် မယုံကြည်နိုင်ဖြစ်ခဲ့ရတဲ့ မိခင်ရဲ့ တုံ့ပြန်ပုံ

အသက် (၁၈) နှစ်အရွယ် Manuel Lebron-Lopez ဆိုတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ဟာ သုံးနှစ်လောက် အရှည်ထားပြီး Dreadlocks ကျစ်ထားတဲ့ ဆံပင်ကို ဖြတ်လို့ အမေဖြစ်သူကို အံအားသင့်စေခဲ့ပါတယ်။

အမေရဲ့ တုန့်ပြန်မှု ဘယ်လိုရှိမလဲဆိုတာ ကြိုသိနေတဲ့ Manny က ဗီဒီယို ရိုက်ထားဖို့လည်း မေ့မနေခဲ့ဘူး။ ကလေးလို ခုန်ပေါက်ပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်နေတဲ့ အမေဖြစ်သူကိုလည်း ကြည်နူးပျော်ရွှင်ဖွယ် တွေ့မြင်ရမှာပါ။

Unilad

Manny (Manuel ရဲ့ nickname) ကို ပေါ်တိုရီကို နိုင်ငံမှာ မွေးဖွားခဲ့ပြီး (၁၃) လသား အရွယ်ကတည်းက ဖလော်ရီဒါမြို့ကို ပြောင်းရွှေ့ခဲ့တယ်။ မိသားစုနဲ့ ကျောင်းနဲ့ ပတ်သက်ရင် တစ်လျှောက်လုံး သိုးမဲလေး တစ်ကောင်လိုပဲလို့ သူ့ကိုယ်သူလည်း ပြောပါတယ်။

READ
အမျိုးသမီး Kpop star တွေထဲမှာ ဈေးအကြီးဆုံးနဲ့ အကြီးဆုံးအိမ်ကို ပိုင်ဆိုင်ထားတဲ့ Suzy

လူတွေကို ရယ်စေမယ့် အရာတွေ လုပ်ရတာနဲ့ ကူညီဖို့ကို နှစ်လိုခြင်းရှိတဲ့သူဖြစ်တယ်။ အခုဆို စီနီယာနှစ် ရောက်နေပြီဖြစ်တဲ့ Manny ဟာ ဖရက်ရှာနှစ်ကတည်းက ဆံပင်ကို အရှည်ထားခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ မန်းဘန်း ထားလို့ရအောင်ပါ။ ကျစ်ဆံဆိုလည်း ပုံစံမျိုးစုံ လုပ်ရတာကို နှစ်သက်ပါတယ်။ ဒါက လူတွေကို အံအားသင့်စေပြီး သူ့ကိုမြင်တာနဲ့ ပျော်နေစေချင်တာ ဖြစ်သလို၊ ဘယ်သူရဲ့ ဝေဖန်မှုကိုမှလည်း ဂရုမစိုက်ပါဘူးတဲ့။

Unilad

“အမေက အရမ်းချစ်ဖို့ကောင်းတယ်၊ သူ့ရဲ့ ခံစားတုန့်ပြန်မှုတွေက အမြဲ အမြင့်ဆုံး ရှိနေတတ်တာကြောင့် မှတ်တမ်းယူပြီး တွစ်တာပေါ် တင်ခဲ့တာပါ”

Unilad

ဆံပင်က ရှုပ်ပွလာတာလို့ မြင်ပြီး Senior ဓာတ်ပုံမှာ ခန့်နေဖို့ လိုအပ်တာက တစ်ပိုင်း၊ သူငယ်ချင်း ကောင်မလေးရဲ့ တွန်းအားပေးမှုက တစ်ပိုင်း၊ ဒါကို သိပ်ညှပ်စေချင်တဲ့ အမေ့ကို စိတ်ချမ်းသာစေချင်တာနဲ့ အံအားသင့်စေလိုတာက တစ်ပိုင်း စတဲ့ ညှပ်လိုက်ရတဲ့ အကြောင်းပြချက်တွေကို ရှင်းပြပါတယ်။

READ
လိုက်ကိုလိုက်နာသင့်တဲ့ သရဲကားများမှပေးသော ဘဝသင်ခန်းစာများအကြောင်း

Manny က ဒီဗီဒီယိုလေးကို တွစ်တာပေါ် တင်ခဲ့ပြီး ပြန်ရှဲတဲ့ အကြိမ် (၂,၇၀၀) နဲ့ Likes ပေါင်း ရှစ်ထောင်ကျော်လောက် ရရှိခဲ့တယ်။ ကောမန့် ၀င်ပေးကြတဲ့ သူတွေကလည်း သူ့အမေကို သိပ်ချစ်ဖို့ကောင်းတာပဲ၊ အထင်ကရပဲလို့ မှတ်ချက်ပေးကြပါတယ်။

သူ ရရှိခဲ့တဲ့ တုန့်ပြန်မှုတွေကြောင့် ညှပ်လိုက်ရတာ တကယ်ပဲ တန်သွားပါပြီ။

Manny မေမေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ တုန့်ပြန်မှုလေးပါ…

Source : Unilad

SHARE