မြေမြှုပ်သင်္ဂြိုဟ်ခဲ့တဲ့သားက အိမ်တံခါးကို လာခေါက်လို့ အထိတ်တလန့်ဖြစ်ခဲ့ရတဲ့မိခင်

Newslocker/Twitter

အသက်(၄၃)နှစ်အရွယ် Konstantin Mikhailovna အမည်ရ အမျိုးသားဟာ နေအိမ်ကနေ ပျောက်ဆုံးပြီး အဆက်အသွယ် မရတော့တာကြောင့် ကျန်ရစ်သူမိသားစုက သူ့ကို သေပြီလို့ မှတ်ယူလိုက်ပါတယ်။ သူ့ကို (၆၂)အရွယ်မိခင်ဖြစ်သူ Antonina Mikhailovna နဲ့ ကျန်ရစ်သူ ဇနီး၊ သမီးတို့က နီးစပ်ရာ သင်္ချိုင်းမှာ မြေချသင်္ဂြိုဟ်ခဲ့ပါတယ်။

Konstantin ဟာ မတ်လ(၁၈)ရက်က ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး၊ ကာလတစ်ခု အတောအတွင်းမှာ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။ ဒါပေမယ့် တစ်လမှာ ရဲစခန်းက လူသေအလောင်းတစ်လောင်း တွေ့ရှိလို့ မိခင်ဖြစ်တဲ့ Antonina ကို အကြောင်းကြားခဲ့ပါတယ်။ အဲဒီရုပ်ပျက်ဆင်းပျက် အလောင်းဟာ သားဖြစ်သူနဲ့ အခြေခံအားဖြင့် တူနေတယ်လို့ ယူဆပြီး ကျန်ရစ်သူမိသားစုက သင်္ဂြိုဟ်ခဲ့တာ ဖြစ်ပါတယ်။

 

 Antonina ဟာ ရုရှားနိုင်ငံ၊ Kronstadt မှာ နေထိုင်သူဖြစ်ပြီး၊ သေပြီလို့ထင်တဲ့ သားဖြစ်သူက နေအိမ်ကို ပြန်လည်ရောက်ရှိလာကာ အခန်းတံခါးကို ခေါက်ခဲ့လို့ သူမဟာ မူးမေ့ လဲကျမတတ် ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါဟာ သားဖြစ်သူကို သင်္ဂြိုဟ်ထားလို့ (၄)လအကြာမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ နောက်မှ သူမရဲ့သား အစစ်ဆိုတာ အတည်ပြုခဲ့ပါတယ်။

READ
စစ်မှုထမ်းဟောင်းဂုဏ်ပြုပွဲမှာ ဂိမ်းထဲကပုံကိုသုံးမိလို့ ဝေဖန်ခံနေရတဲ့ ရုရှားရုပ်သံလိုင်း

အဖွား Antonina ဟာ အလောင်းလွဲမှား ဆုံးဖြတ်ခဲ့မှုအတွက် ရဲတပ်ဖွဲ့ကို တောင်းပန်ခဲ့ပါတယ်။ ရဲကလည်း သူတို့ဟာ Konstantin  ကို သေစာရင်း သွင်းထားလိုက်ပြီမို့၊ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိသလို၊ သေဆုံးသူအမျိုးသားကိစ္စ အေးသွားပြီလို့ ထင်ရပေမယ့်၊ ပြန်ပြီး စစ်ဆေးအတည်ပြုဖို့ အကြောင်းပြန်ဖန်လာလို့ အတော်လေး အလုပ်ရှုပ်မယ့် အနေအထားပါ။

Fred Vellekoop/Twitter

Konstantin  ဟာ တပ်မတော်ကျောင်းကနေ ဘွဲ့ရယူခဲ့သူဖြစ်ပြီး၊ ရေတပ်မှာ တာဝန်ထမ်းဆောင်နေသူပါ။ သူဟာ ဘယ်သူ့ကိုမှမပြောဘဲ နေအိမ်ကနေ ထွက်လာခဲ့ကြောင်း ဝန်ခံခဲ့ပြီး၊ ဘဝက သူ့အတွက် ဆောင်ယူခဲ့တာတွေ အများကြီးလို့ဆိုပါတယ်။ သူဟာ ဘဝအဓိပ္ပါယ်ကို လေးလေးနက်နက် တွေးနေပြီး၊ သူ့အတွက် အကျိုးရှိရာလေးတွေ လုပ်ချင်သေးတယ်လို့ ပြောပါတယ်။ ရဲကတော့ မြေမြှုပ်ထားသူရဲ့အလောင်းကို အတည်ပြုဖို့ ကြိုးစားနေဆဲပါ။

READ
ချစ်စရာကောင်းအောင် ချွဲတတ်တဲ့ ဆင်လေးရဲ့ ဗီဒီယိုဖိုင် ကြည့်ရှုသူ သန်း(၅၀)နီးပါးရှိ

လင်းသူရိန်

SHARE