ဂျပန်စာဖတ်ပရိသတ်တွေရှေ့မှာ ပထမဆုံးအကြိမ်စာဖတ်ပွဲလုပ်ခဲ့တဲ့ မူရာကာမိ

Twitter

(၁၉၇၉)ခုနှစ်ကတည်းက စာပေလောကထဲကို ၀င်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံရဲ့ နာမည်ကျော်စာရေးဆရာ တစ်ယောက်အဖြစ် ရပ်တည်နေခဲ့ပေမယ့်လည်း ဂျပန်နိုင်ငံမှာတော့ မူရာကာမိတစ်ယောက် လူလုံးမပြသလောက်ပါပဲ။

နိုင်ငံရပ်ခြားမှာသာ စာပေဆိုင်ရာ ဆွေးနွေးပွဲတွေ၊ စာဖတ်ပွဲတွေ ပြုလုပ်နေခဲ့ပေမယ့် နှစ်ပေါင်း (၄၀)အတွင်း၊ ဂျပန်နိုင်ငံမှာတော့ တစ်ကြိမ်တစ်ခါမှ ပရိသတ်အများကြီးရဲ့ အရှေ့ကို ထွက်မလာခဲ့တာပါ။

 

ဒါပေမယ့် (၂၀၁၉)၊ ဒီဇင်ဘာ (၁၇)မှာတော့ မူရာကာမိတစ်ယောက် တိုကျိုမှာ စာဖတ်ပွဲတစ်ခု ပြုလုပ်ခဲ့ပြီး သူ့ရဲ့  စာရေးဆရာသက်တမ်းတစ်လျှောက် ဂျပန်ပရိသတ်တွေအတွက် ပြုလုပ်ပေးခဲ့တဲ့ ထူးထူးခြားခြား ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီပွဲက မကြာခင် ထွက်ရှိတော့မယ့် သူ့ရဲ့ ၀တ္ထုတစ်အုပ်အကြောင်း စာဖတ်ပွဲပဲဖြစ်ပြီး “Confessions of a Shinagawa Monkey” ဆိုတဲ့ စာအုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပရိသတ်တွေဆီ အသိပေးလိုက်တာပါ။

ဒီစာအုပ်က (၂၀၀၂)ခုနှစ်က ထွက်ရှိခဲ့တဲ့ “Five Strange Tales from Tokyo” ဆိုတဲ့ စာအုပ်ထဲက ဇာတ်လမ်းတစ်ခုရဲ့ အဆက်လို့  ပြောရမှာဖြစ်ပြီး မီဇူကီ ဆိုတဲ့ ဇာတ်ကောင် အမျိုးသမီးတစ်ယောက်၊ သူမရဲ့ မှတ်ပုံတင်ကတ်ပြားကို မျောက်တစ်ကောင်ခိုးယူသွားခဲ့ရာကနေ အစပြုခဲ့တဲ့ ဇာတ်ကြောင်းပါ။

READ
Harry နဲ့ Meghan ရဲ့ သြဂုတ်လကျရင် အသစ်ထွက်မယ့် ‘Finding Freedom’ စာအုပ်

အသက် (၇၀) ပြည့်ပြီဖြစ်တဲ့ မူရာကာမိ ဟာ ပြီးခဲ့တဲ့ နှစ်ကပဲ သူ့ရဲ့နောက်ဆုံးဝတ္ထုရှည်ဖြစ်တဲ့ “Killing Commendatore” ဆိုတဲ့ စာအုပ်ကို ထွက်ရှိထားပြီး အမေရိကန်နိုင်ငံတ၀ှမ်းက ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းထဲမှာ ပါရှိခဲ့တာပါ။

မီဒီယာတွေကို ရှောင်ရှားလေ့ရှိတဲ့ မူရာကာမိ အနေနဲ့ ဒီလိုမျိုး ဂျပန်ပရိသတ်ရှေ့ကို ရောက်ရှိလာခဲ့ခြင်းကို အားလုံးက အံ့သြနေကြပြီး မူရာကာမိအနေနဲ့ အရင်တုန်းက အစွဲတွေကို ပြောင်းလဲပစ်လိုက်ပုံပေါ်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။

READ
ဘရိတ်နဲ့လီဗာမှားနင်းလို့ ကားမောင်သင်သူကောင်မလေးအပါအဝင်၃ဦးသေဆုံး

Linn

SHARE