တရုတ်နှစ်ကူးမှာ ရောင်းအားကောင်းခဲ့တဲ့ ဗလတောင့်တောင့် လာဘ်ခေါ် ကြောင်ရုပ်လေး

Facebook- iLifePost

လက်တလော လူမှုကွန်ယက်တွေမှာ ခေတ်စားနေတဲ့ ကိစ္စတစ်ခုရှိနေပါတယ်။ အဲဒါကတော့ လာဘ်ခေါ်ကြောင်ရုပ်လေးပါ။

လာဘ်ခေါ်ကြောင်ရုပ်လေးတွေဟာ တရုတ်နိုင်ငံနဲ့ ဂျပန်တို့ရဲ့ ရိုးရာအရုပ်လေးဖြစ်ပါတယ်။ သူတို့ရဲ့အယူအရ ဒီကြောင်ရုပ်လေးတွေကို ဆိုင်အဝင်ဝ သို့မဟုတ် အိမ်အဝင်ဝမှာ ထားထားပေးမယ်ဆိုရင် ရွှေတွေ၊ ငွေတွေကို ရွှင်စေပြီးတော့ လဘ်ရွှင်စေတယ်ဆိုပြီးတော့ အယူတွေရှိနေတာပါ။

Freepik- wirestock

အခုခေတ်စားနေတဲ့ ကြောင်ရုပ်လေးတွေကတော့ သာမန် ကျွန်တော်တို့ အရင်တုန်းက မြင်နေကျ ကြောင်ရုပ်လေးတွေလိုမျိုးမဟုတ်ပါဘူး။ အဆင့်မြှင့်ထားတာမျိုးလို့တောင် ဆိုလို့ရနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြောင်လေးရဲ့ လဘ်ခေါ်တဲ့ လက်တစ်ဖက်ဟာ ပုံမှန်လိုမျိုးမဟုတ်ဘဲနဲ့ ဗလတွေ အရမ်းတောင့်ပြီးတော့ လက်အကြီးကြီးဖြစ်နေတာမျိုးပေါ့။ ပေါက်ပေါက်ရှာရှာ အဲဒီဗလတောင့်တောင့် လာဘ်ခေါ်ကြောင်ရုပ်လေးတွေကို ထားပေးခြင်းဟာ လဘ်ခေါ်မှုကို ပိုပြီး ထိရောက်စေကာ ငွေတွေ ပိုဝင်စေပါတယ်တဲ့လေ။ 

ဒီနှစ်မှာတော့ ဒီကြောင်လေးဟာ ပိုပြီးတော့ အရောင်းသွက်နေခဲ့ကြပါတယ်။ လဘ်ခေါ်ကြောင်လေးတွေဟာ အရောင်တွေနဲ့လည်း ခွဲခြားပြီးတော့ ရှိနေတာပါတဲ့။

READ
လိင်တူချစ်သူကို လက်ထပ်ခွင့်တောင်းလိုက်တဲ့ လန်ဒန်ရဲအရာရှိ၊ ခြိမ်းခြောက်ခံနေရ
Facebook- iLifePost

အပြာရောင်- ကံ

အဖြူရောင်- ပျော်ရွှင်မှုနဲ့ အကောင်းဓာတ်

ရွှေရောင်- ချမ်းသာကြွယ်ဝခြင်း

အမည်း- အမှောင့်ပရောဂတွေကို နှင်ထုတ်ခြင်း

အနီ- အောင်မြင်ခြင်းနဲ့ အချစ်ရေးအတွက်

အစိမ်း- ကျန်းမာရေးအတွက် တို့ပဲဖြစ်ပါတယ်။

penny

SHARE