အဆီပိုမရှိ ကြွက်သားအဖုအထစ်တွေကြောင့် ဆုတောင်ရထားခဲ့တဲ့ ဟာကျူလီမေမေ

Instagram- @karasaundo

အမျိုးသားတစ်ယောက်တောင် လက်မောင်းကြွက်သားတစ်ဖုထွက်ဖို့ ဘယ်လောက်တောင် ကြိုးစားလိုက်ရသလဲနော်။ ဒါကို ကလေးအမေတစ်ယောက်က အဆီပိုမရှိဘဲ ခန္ဓာကိုယ်တစ်ခုလုံးကြွက်သားအဖုအထစ်တွေနဲ့ရှိနေတဲ့ သူမနဲ့ မိတ်ဆက်ပေးပါရစေ။

သူမနာမည်ကတော့ Kara Saunders ပါတဲ့။ Brisbane မှ မျိုးသမီးတစ်ယောက်ဖြစ်ပြီး Cross Fit competition မှာလည်း ဆုရထားခဲ့သူတစ်ဦးပါ။ CrossFit competition ဆိုတာဟာ ခန္ဓာကိုယ်ကြွက်သား လှလှပပပိုင်ဆိုင်ထားတဲ့လူတွေချည်းထဲကမှ ကြွက်သားအလှဆုံးသူတစ်ယောက်ကို ပုံမှန်ရွေးချယ်ပေးနေကျပြိုင်ပွဲတစ်ခုပါ။

Instagram- @karasaundo

ဒီမှာလိုပြိုင်ပွဲမှာတောင် ဝိတ်မမယ် Tia-Clair toomey နဲ့အတူတူ “Fittest Woman on Earth” ဆိုတဲ့ ဆုကိုရခဲ့တဲ့ Kara Saunders ဟာ ကလေးမိခင်တစ်ဦးပါတဲ့။ ဒီလိုခန္ဓာကိုယ်မျိုးရဖို့ကို အားကစားအရမ်းလုပ်ထားမှဖြစ်မယ်ဆိုပေမယ့်လို့ Kara ကတော့ ကိုယ်ဝန် ၉ လအရွယ်မှာကတည်းကိုက အားကစားလုပ်ခဲ့တာလို့ News. AU မှာ ဖော်ပြထားခဲ့ပါတယ်။

READ
ဦးနှောက်အတိတ်မေ့ခဲ့ပေမယ့် နှလုံးသားအတိတ်မမေ့ခဲ့တဲ့ အမျိုးသမီးလေး
Instagram- @karasaundo

https://www.instagram.com/p/CAGpCcAArVU/

ကလေးမွေးပြီးတော့လည်း ဆရာဝန်နဲ့တိုင်ပင်ပြီး အမြန်ဆုံးအားကစားကိုပြန်လုပ်ခဲ့ပါတယ်တဲ့။ မိခင်တစ်ဦးဖြစ်တဲ့အတွက်ကြောင့် ကလေးတာဝန်တွေလည်းရှိနေသေးပေမယ်လို့ အချိန် သက်သက်ပေးပြီးတောကို ပုံမှန်ဆော့ခဲ့ရင်း အခုလိုဖြစ်တာခဲ့တာပါတဲ့။ တစ်ခါတစ်လေ ကလေးလေးကိုတောင် gym ထိခေါ်ပြီး သွားဆော့ခဲ့တာပါတဲ့။ Instagram မှာလည်း သူမရဲ့ အားစကားလုပ်နေပုံတွေ၊ နည်းလမ်းတွေကို မျှဝေပေးနေရင်း မိခင်တော်တော်များများရဲ့ ချီးကျူးမှုကိုခံနေရပါတယ်။

 

https://www.instagram.com/p/B9m8bkGJ8TQ/

READ
ဆိုင်ကိုလာတဲ့ မသန်စွမ်းအမျိုးသမီးရဲ့ အပြုအမူကြောင့် အံ့အားသင့်ခဲ့ရတဲ့ ဆိုင်ရှင်

Penny

 

SHARE