အိမ်တွင်းအောင်းနေရသူတွေဖို့ Live လွှင့်ပြီး ဖျော်ဖြေခဲ့ကြတဲ့ အဆိုကျော်များ

[email protected] [email protected]

လက်ရှိ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါကိုတော့ လူတိုင်းနီးပါး သိကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ကာကွယ်ဆေးမပေါ်သေးတာကြောင့် ရောဂါဖြစ်ပွားတဲ့ နိုင်ငံတိုင်းလိုလိုက လူတွေဟာ အိမ်ထဲက အိမ်အပြင်ကို မထွက်ရဲကြပဲ အိမ်ထဲမှာပဲ နေနေရပါတယ်။ လူတွေ အိမ်ထဲမှာပဲ နေရတာ ပျင်းမှာဆိုးလို့ အနုပညာရှင်တော်တော်များများဟာ ဆိုရှယ်မီဒီယာတွေကနေပြီးတော့ Live လွှင့်ကာ ဖျော်ဖြေမှုတွေ ပြုလုပ်ပေးခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အောက်မှာ ဘယ်အနုပညာရှင်တွေက ဘယ်လိုတွေ ဖျော်ဖြေခဲ့ကြလဲဆိုတာ တစ်ချက်လောက်ကြည့်ကြည့်ရအောင်။

၁။ တေးရေးတေးဆိုအနုပညာရှင်တစ်ဦးဖြစ်တဲ့ Cold Play မှ Chris Martin ကတော့ Live steaming လွှင့်ပြီး ပရိသတ်တွေနဲ့ စကားတွေပြောခဲ့သလို သီချင်းတွေလည်း ဆိုပြခဲ့ပါတယ်။ 

https://www.instagram.com/p/B90Ft_knpuT/

၂။ အဆိုတော် John Legend ကလည်း Chris Martin ဖျော်ဖြေပြီး နောက်တစ်ရက်မှာ ၅၃ မိနစ်ကြာ Live လွှင့်ပြီး သီချင်းတွေ ဆိုပြခဲ့ပါတယ်။

၃။ ပြင်သစ်အဆိုတော်တစ်ဦးဖြစ်တဲ့ Christine and the Queens ကလည်း သူမရဲ့ စတူဒီယိုကနေ concert တစ်ခုပြုလုပ်ပြီး သူ့မရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ တင်ခဲ့ပါတယ်။

၎။ အမေရိကန် အဆိုတော်ဂီတပညာရှင်တစ်ဦးဖြစ်တဲ့ Ben Gibbard ကလည်း သူရဲ့ နေအိမ်မှတစ်ဆင့် ဂစ်တာတီးပြီး သီချင်းဆိုကာ ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်။

READ
အရုပ်တွေကို ရူးသွပ်လွန်းလို့ ဒေါ်လာ(၂)သိန်းဖိုးလောက် ၀ယ်စုထားခဲ့တဲ့ ကောင်လေး

၅။ လူငယ်အဆိုတော်တစ်ဦးဖြစ်တဲ့ Yungblud ကလည်း ၁ နာရီကျော်ကြာတဲ့ Live Show တစ်ခုကို သူ့ရဲ့ ဆိုရှယ်မီဒီယာမှတစ်ဆင့် တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။

Pyi Hein Kyaw

SHARE