ရေခဲနဲ့ပြုလုပ်ထားတဲ့ ဂီတတူရိယာတွေနဲ့ တီးခတ်ပြသခဲ့တဲ့ ရေခဲဂီတဖျော်ဖြေပွဲ

ဂီတပညာရှင်တစ်စုဟာ ရေခဲတွေနဲ့ ဖန်တီးထားတဲ့ ဂီတတူရိယာတွေနဲ့ မြောက်ဝင်ရိုးစွန်းနားမှာ ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ (၄) ယောက်အုပ်စုပါတဲ့ ဂီတပညာရှင်တွေဟာ ရေခဲနဲ့ ထွင်းထားတဲ့ ဆယ်လို၊ ခရာ၊ သံစုံတီးခေါင်းလောင်း၊ ပါကားရှင်းတူရိယာတွေနဲ့ တွဲဖက်ကာ Ocean Memories ခေါ်တဲ့ သီချင်းတစ်ပုဒ်ကို တီးခတ်ခဲ့တာပါ။

Greenpeace
Greenpeace

ဂီတပညာရှင်တွေဟာ အနုတ်(၁၂) အောက်ရှိတဲ့ ရေခဲပြင်ထက်မှာ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဂရင်းပိစ်နဲ့အတူ ပူးပေါင်းဖျော်ဖြေခဲ့တာပါ။ ဂီတဖျော်ဖြေပွဲပြုလုပ်ရတဲ့ ရည်ရွယ်ချက်ဟာ သဘာဝပတ်ဝန်းကျင်ကို ၀ိုင်းဝန်းထိန်းသိမ်းဖို့အတွက် တွန်းအားပေးလိုတဲ့အတွက်ဖြစ်ကြောင်း သိရပါတယ်။

Greenpeace
Greenpeace

ဂီတဖျော်ဖြေပွဲထဲက ဦးဆောင်သူဖြစ်တဲ့ တာဂျီအီဆန်းဆက်ကတော့ “ခင်ဗျားအနေနဲ့ ရေခဲတွေကို လေးစားသမှုနဲ့ ဆက်ဆံဖို့လိုလိမ့်မယ်။ နို့မို့ရင်တော့ ရေခဲက ကျိုးပျက်သွားမှာပဲ။ ဒီအတိုင်းပဲ သဘာဝတရားကိုလည်း ကျွန်တော်တို့ လေးလေးစားစားဆက်ဆံသင့်တယ်…” လို့ ဆိုထားတာ ဖြစ်ပါတယ်။ ဂရင်းပိစ်အဖွဲ့အစည်းက ဟားလ်ဗာဒ်ရာဗန်းဆိုသူကတော့ “အာတိတ်သမုဒ္ဒရာရယ် ရေခဲဒေသတွေမှာ ရေခဲတွေ ဆုံးရှုံးလာနေတာကို မီးမောင်းထိုးပြချင်တာပါ။ မြောက်ဝင်ရိုးစွန်းတင်မကပဲ ကမ္ဘာကြီးတစ်ခုလုံးကို လူသားတွေ ဂရုစိုက်သင့်နေပြီဆိုတာ သတင်းပေးချင်တာပါ…” လို့ ဆိုပါတယ်။

READ
အရှေ့တောင်အာရှမှာရှိတဲ့ သရဲအခြောက်ဆုံးနေရာ (၅)ခု အကြောင်း
Greenpeace
Greenpeace

ရေခဲဂီတဖျော်ဖြေပွဲမှာ တီးခတ်တဲ့ တူရိယာတွေကို အာတိတ်ဒေသက ရေခဲတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ဖျော်ဖြေပွဲမှာ ဗီဒီယိုမှာတော့ နွေးထွေးလုံခြုံစွာဝတ်ဆင်ထားတဲ့ ဂီတပညာရှင်(၄) ဦးကို တွေ့ရမှာဖြစ်ပြီး သူတို့တွေဟာ စွတ်ဖားလှည်းတွေနဲ့ ရေခဲတုံးတွေကို သယ်လာတာ ဖြစ်ပါတယ်။ ပြီးနောက် ပညာရှင်တွေဟာ သူတို့တီးခတ်မယ့် သက်ဆိုင်ရာ တူရိယာအသီးသီးဆီမှာ နေရာယူခဲ့ကြကာ တီးခတ်ပြခဲ့တာ ဖြစ်ပါတယ်။ လေးမိနစ်စာ ဗီဒီယိုလေးဟာ နောက်ဆုံးမှာတော့ ကမ္ဘာကြီးပူနွေးလာမှုဟာ စိုးရိမ်စရာကောင်းလောက်တဲ့ အခြေအနေထိ ရောက်နေပြီဖြစ်ကြောင်းကို ဂီတပညာရှင် အမျိုးသားတစ်ယောက်ဟာ ခရာမှုတ်ပြီး သတိပေးသွားတာကိုလည်း ဗီဒီယိုလေးမှာ တွေ့ရမှာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE