ဇူလိုင်လအတွက် မဖြစ်မနေစောင့်ကြည့်သင့်တဲ့ ဇာတ်ကားကောင်း ၆ ကား စုစည်းမှု

The Divine Fury

ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေဆိုတာ လစဉ်တိုင်း အသစ်အသစ်တွေ ထွက်နေကျစမြဲပါပဲ။ ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးတွေအတွက် ဇူလိုင်လထဲမှာ စောင့်ကိုစောင့်ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတွေကို တစ်စုတစ်စည်းတည်း ဖော်ပြပေးမှာမလို့ trailer တွေကြည့်ရင်း ရုပ်ရှင်ထွက်လာမယ့်ရက်ကို ကြိုတင်ရင်ခုန်ကြပါစို့နော်။

Spider-Man: Far From Home (ဇူလိုင် ၂ ရက်နေ့)

ဒီကရုပ်ရှင်ရုံတွေမှာတောင်မှပဲ ရုံတင်နေပြီဖြစ်တဲ့ Spider-Man: Far From Home ကလည်း MCU ရဲ့ အမာခံပရိတ်သတ်မဟုတ်တောင် လက်လွှတ်မခံသင့်တဲ့အထဲမှာ ပါတယ်လို့ ပြောလို့ရမှာပါ။ ပြီးခဲ့တဲ့ Avengers: End Game နဲ့ ဆက်ထားတဲ့အတွက် ကမ္ဘာကြီးဟာ Iron Man မရှိတော့တဲ့ ကာလကို အခြေခံကာရိုက်ကူးထားပါတယ်။ အဲဒီအချိန် လူသားတွေရဲ့အသက်အန္တရာယ်ကို ထိခိုက်စေမယ့် အန္တရာယ်ဆိုးကျရောက်လာခဲ့ပြီး ကာကွယ်တိုက်ခိုက်ပေးဖို့ဆိုတာ Spider-Man ကလွဲပြီး တခြား superhero တွေနဲ့ ဆက်သွယ်လို့ မရတော့တဲ့တအတွက် မတတ်နိုင်တဲ့အဆုံး Spider-Man ကိုပဲ အားကိုးခဲ့ရပါတော့တယ်။ Far From Home မှာ Mysterio ဆိုတဲ့ ဇာတ်ကောင်တစ်ကောင်ကိုလည်း အသစ်မိတ်ဆက်ပေးဦးမှာပါ။

Stranger Things: Season 3 (ဇူလိုင် ၄ ရက်နေ့)

ဇူလိုင်း ၄ ရက်နေ့မှာ ထွက်နေကျဖြစ်လို့ ဒီနေ့မှာထွက်ပြီဖြစ်တဲ့ Stranger Things: Season 3 ကတော့ ရုပ်သံစီးရီးတစ်ခုဖြစ်ပြီး Netflix ရဲ့ Original series တစ်ခုလည်း ဖြစ်ပါတယ်။ အရှေ့နှစ်တွေမှာ Season 1 ရော Season 2 ရော ထွက်ပြီးပါပြီ။ ဇာတ်လမ်းအကျဉ်းချုပ်ကို ပြောရမယ်ဆိုရင်တော့ စစချင်းမှာတင် ဆယ်နှစ်ပတ်ဝန်းကျင် အခင်ဆုံးသူငယ်ချင်းအဖွဲ့ထဲက Mike ဆိုတဲ့ ကောင်လေး ရုတ်တရက်ပျောက်သွားပြီးမှာတင် သဘာဝလွန်စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့ စမ်းသပ်ခန်းထဲက လွတ်မြောက်ထွက်ပြေးလာတဲ့ ကောင်မလေးတစ်ယောက်နဲ့ အဲဒီအဖွဲ့ထဲက နောက်ထပ်ကောင်လေးတစ်ယောက်တို့ ဆုံတွေ့ကြရာကနေ စတင်ထားပါတယ်။ ဇာတ်လမ်းစစချင်းကတည်းက ဇတ်ရှိန်တက်သွားလိုက်တာ ရွံစရာသတ္တဝါကြီးတွေ ပေါ်လာတဲ့အထိပါပဲ။ Season 1 ရော 2 ရော မကြည့်ရသေးတဲ့သူဆိုရင်လည်း အခုအချိန်မှာ Netflix ကနေ ခပ်မြန်မြန်ကြည့်လိုက်ပြီး Season 3 ပါ တစ်ခါတည်းဆက်ကြည့်လိုက်ရပြီပေါ့နော်။

READ
ဘယ်သူ့ကို ချူရမလဲပြောကြည့်လို့ မေးခွန်းထုတ်လာတဲ့ မေ

Crawl (ဇူလိုင်လ ၁၂ ရက်နေ့)

အကောင်ကားတွေကြိုက်တဲ့ ပရိတ်သတ်တွေအတွက် Crawl ဟာ ရင်ခုန်စိတ်လှုပ်ရှားစရာတွေအပြည့်နဲ့ အသည်းတယားယားကြည့်ရမယ့် ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။ မင်းသမီးချော Kaya Scodelario နဲ့ မင်းသား Barry Pepper တို့က သရုပ်ဆောင်ထားပြီး ဇာတ်လမ်းလေးကတော့ ဒီလိုပါ။ အဆင့် ၅ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းတစ်ခု ဖလော်ရီဒါမြို့လေးဆီကို ရုတ်တရက်ဝင်ရောက်လာတဲ့အခါမှာတော့ သမီးဖြစ်သူဟာ မြို့ထဲမှာ ပိတ်မိနေတဲ့ ဖခင်ကိုရှာဖို့အတွက် တားမြစ်ထားတဲ့နေရာကို အတင်းသွားခဲ့ပါတယ်။ အိမ်ကိုရောက်တဲ့အချိန်မှာ ဖခင်ကိုအိမ်အပေါ်ထပ်မှာမတွေ့လို့ မြေညီထပ်လိုမျိုးထဲ ဆင်းရှာရာမှာတော့ သွေးစသွေးနတွေကို သူမတွေ့ခဲ့ရပါတယ်။ စိတ်ပူပြီး ဖခင်ကိုအပူတပြင်းထရှာတော့မှ ဒဏ်ရာတွေနဲ့ လဲနေတဲ့ဖခင်ကိုရှာတွေ့ခဲ့ပြီးနောက်မှာတော့ သူမရင်ဆိုင်လိုက်ရတာဟာ မြင်နေကျမဟုတ်တဲ့ သတ္တဝါတစ်ကာင်ကိုပါ။ သွေးထွက်နေတဲ့ ဒဏ်ရာနဲ့ ဖခင်ရယ်၊ မိန်းမသားသူမရယ်၊ ရေတွေကြားထဲက သတ္တဝါနဲ့ အပြင်ကမုန်တိုင်းတို့ကြား ဘယ်လိုတွေ ကျော်ဖြတ်ကြမလဲဆိုတာ Crawl မှာ ခံစားရမှာပါ။ ဒီမှာ ရုံတင်မယ်လို့လည်း ကြားထားပါတယ်။

Lion King (ဇူလိုင် ၁၉ရက်နေ့)

၂၀၁၉ ဇူလိုင်ကတော့ ရုပ်ရှင်ဇာတ်ကားကောင်းတွေနဲ့ ပြည့်နှက်နေတဲ့လပါပဲ။ ငယ်ငယ်ကတည်းက အိပ်ယာဝင်ပုံပြင်အဖြစ်ရော နေ့ခင်းဖက်တွေမှာ ဗီဒီယိုတိတ်ခွေကြီးတွေနဲ့ ကြည့်ခဲ့ရတဲ့ Disney ရဲ့ Lion King ဟာ အဲဒီနေ့မှာ live-action အဖြစ် အသက်ဝင်လာမှာဖြစ်ပါတယ်။ လူမဟုတ်ဘဲ ခြင်္သေ့တွေနဲ့ တိရိစ္ဆာန်တွေနဲ့ ဖန်တီးရမှာဖြစ်တဲ့အတွက် သဘာဝကျလွန်းအောင် ဖန်တီးရာမှာ တိရိစ္ဆာန်တစ်ကောင်ချင်းဆီအလိုက် စိတ်ခံစားချက်နဲ့လိုက်ပြီး မျက်နှာအမူအရာတွေကို ဘယ်လိုပေါ်လွင်အောင် ဖန်တီးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဇာတ်လမ်းလေးကိုတော့ အားလုံးနဲ့ရင်းနှီးပြီးသားမလို့ မပြောတော့ပါဘူးနော်။ အသံသရုပ်ဆောင်တွေအဖြစ်ကိုတော့ Simba အဖြစ် Donald Glocer, Nala အဖြစ် အဆိုတော် Beyoncé, Seth Rogen ကတော့ Pumbaa နဲ့ Billy Eichner ကတော့ Timon အဖြစ် စသည်ဖြင့် ပါဝင်ထားပါတယ်။

READ
ပရိသတ်တွေတိုင်း သဘောကျနေကြတဲ့ ထက်ထက်မိုးဦးရဲ့ tiktok ဗီဒီယိုလေး

Once Upon a Time in Hollywood (ဇူလိုင်လ ၂၆ ရက်နေ့)

မင်းသားကြီးတွေဖြစ်တဲ့ Leonardo DiCaprio, Brad Pitt တို့က ဦးဆောင်ထားပြီး မင်းသမီးချော Margot Robbie လည်း ပါဝင်ထားပါသေးတယ်။ ဟောလိဝုဒ်ရဲ့ရွှေခေတ်လို့ ဆိုလို့ရမယ့် ၁၉၆၉ ခုနှစ်တုန်းက လော့စ်အိန်ဂျလိစ်မှာ အခြေခံထားပြီး တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တပမေယ့် အောင်မြင်မှုတွေတဖြည်းဖြည်းမှေးမှိန်လာနေတဲ့ နာမည်ရမင်းသားတစ်ယောက်နဲ့ သူ့ရဲ့လူစားထိုးစတန့်မင်းသားတစ်ယောက်တို့ နှစ်ယောက်ပေါင်းကာ အောင်မြင်မှုတွေကို ပြန်လည်သိမ်းပိုက်ဖို့အတွက် အနုပညာလောကထဲ ပြန်လည်ရုန်းကန်ရပုံကို ဟာသဆန်ဆန်ရိုက်ကူးထားပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟောလိဝုဒ်လောကထဲက အကြောင်းလေးတွေကိုပါ ထည့်သွင်းရိုက်ကူးထားပါတယ်။

The Divine Fury (ဇူလိုင် ၃၁)

တောင်ကိုရီးယားဇာတ်ကားတစ်ကားဖြစ်ပြီး ဝါရင့်မင်းသား Park Seo-joon ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်အမျိုးအစားကတော့ အက်ရှင်ကားကိုမှ သည်းထိတ်ရင်ဖိုနဲ့သဘာဝလွန်ဖြစ်ရပ်တွေ ပေါင်းစည်းထားတာကြောင့် trailer နဲ့တင် ကြည့်ချင်စိတ်ကို ဖြစ်သွားမိပါတယ်။ ဇာတ်လမ်းအကြမ်းဖျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ဝှေ့သမားတစ်ယောက်က ဘယ်ကမှန်းမသိ၊ ဘယ်လိုမှန်းမသိဘဲ မကောင်းဆိုးဝါးတစ်ယောက် ဝင်အစီးခံနေခဲ့ရပါတယ်။ ဒါကိုသူကိုယ်တိုင်လည်း တိတိကျကျသိမနေခဲ့ပေမယ့် နောက်ပိုင်း ရိပ်မိလာတဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်ထဲကအရာဟာ ဘာလဲဆိုတာကို သရဲနှင်တဲ့ဘုန်းတော်ကြီးနဲ့ ပူးပေါင်းကာရှာဖွေတဲ့အခါ ဘဝမှာ တစ်ခါမှ မယုံကြည်ဖူးတဲ့ဖြစ်ရပ်တွေကို မျက်မြင်တွေ့ခဲ့ရပါတယ်။ ဒီကားကတော့ သွားကိုသွားကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး ဒီမှာလည်း ရုံတင်လောက်မယ်လို့ သိထားပါတယ်။

Penny

SHARE