လူသတ်ပြီး အလောင်းကို ခရီးဆောင်အိတ်ထဲကို မဆန့်မပြဲထည့်ကာ စွန့်ပစ်ထားမှုဖြစ်ပွားခဲ့

မက္ကဆီကိုနိုင်ငံမှာ Veracruz ပြည်နယ်ရှိ Felipe Carrillo Puerto မြို့မှာ လူသတ်သမားဟာ ၎င်းသတ်ထားတဲ့သူကို ခရီးဆောင်အိတ်ထဲကို မဆန့်မပြဲထည့်ကာ စွန့်ပစ်ထားခဲ့ပါတယ်။ သေဆုံးသူရဲ့ ခြေထောက်တွေဟာ အိတ်အပြင်ဘက်ထိ ထွက်နေပြီး၊ အမည်းရောင်ခြေ အိတ်တွေကိုတောင် မြင်နေရပါတယ်။

ဒါကို ဒေသခံတစ်ဦးက ချက်ချင်းသတိထားမိခဲ့ပြီး ရဲကို ခေါ်ခဲ့ပါတယ်။ အိတ်ကိုဖွင့်လှစ်စစ်ဆေးတဲ့အခါမှာ (ရဲတပ်ဖွဲ့မှ အမည်ထုန်ပြန်ကြေငြာခြင်း မရှိတဲ့) အမျိုးသားတစ်ဦးဟာ ထိုးကြိတ်နှိက်စက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရပြီး အသက်မဲ့နေပါပြီ။

Felipe Carrillo Puerto မြို့ဟာ သစ်တောကြိုးဝိုင်းကြီးအစွန်မှာ တည်ထားတဲ့ မြို့ဖြစ်ပြီး၊ တောတောင်ထူထပ်မှုကို အ
ခွင့်ကောင်းယူကာ ရာဝတ်မှုတွေလည်း ထူပြောတယ်လို့ သိရပါတယ်။ တောတွေထဲမှာ လက်နက်ကိုင်လှုပ်ရှားသူတွေ
တောင် ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုအခါမှာ လက်နက်ကိုင်သူတွေ၊ လက်နက်လက်ဝယ်ထားရှိသူတွေကို စီမံချက်နဲ့ ဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က ပြင်ဆင်နေပြီး၊ ဒီနည်းအားဖြင့် Veracruz ပြည်နယ် အရှေ့ခြမ်းမှာ မရေတွက်နိုင်တဲ့ မဖော်ထုတ်နိုင်တဲ့ရာဇ၀တ်မှုတွေ လျှော့ကျသွားမယ်
လို့ ယုံကြည်နေပါတယ်။ အခုဖြစ်စဉ်မှာလည်း တရားခံကို မဖမ်းနိုင်သေးပါဘူး။

READ
Face Recognition System ထည့်သွင်းထားတဲ့ ကြောင်များအတွက်နားခိုရာအိမ်လေး

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE