ကိုယ်အရူးအမူး Crush နေတဲ့ တစ်ယောက်က သိသိကြီးနဲ့ ချေနေတာကို ဘယ်လိုလုပ်ရမလဲ

Dear Shwemom,

မင်္ဂလာပါ Shwemom ရေ … အခုကဏ္ဍက များသောအားဖြင့် အိမ်ထောင်ရေးနဲ့ အချစ်ရေး နှစ်ပွင့်ဆိုင် သုံးပွင့်ဆိုင်
အကြောင်းအရာလေးတွေကို တင်ဆက်နေတာကိုသာ တွေ့မိလို့ ကျနော်ရေးပေးတဲ့ အကြောင်းအရာနဲ့ ကဏ္ဍအာဘော်နဲ့ မတိုက်ဆိုင်ဘူးဆိုရင်လည်း ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါရစေ။

ကျွန်တော်ကတော့ သူနဲ့ ကျွန်တော်သာပါတဲ့ နှစ်ပွင့်ဆိုင် ဇာတ်လမ်းပါ။

အခုမှ ဇာတ်လမ်းက စဖို့ အစပျိုးတုန်းပါ။ ရှင်းရှင်းပြောရရင် ကျွန်တော်က သူ့ကို ရိုးတိရိုးကန်းပုံစံလေးမို့ ကြိုက်တယ်၊ သဘောကျတယ်ဆိုပါတော့ဗျာ။ ဒါကို သူလည်း သိပါတယ်။ အခုတော့ ကျွန်တော့်ကို သိသိကြီးနဲ့ ချေနေတယ်ဗျာ။ ကျွန်
တော့်အနေနဲ့ ရှေ့ဆက်ရကောင်းမလား၊ နောက်ဆုတ်ရကောင်းမလား စဉ်းစားရ ခက်နေပါတယ်။ ဘာဆက်လုပ်သင့်သလဲ့ အကြံပေးပါဦး။

Shwemom မှ စာပြန်လိုက်ပါတယ်။

READ
ခင်ပွန်းက ဂရုမစိုက်တော့လို့ စိတ်ညစ်နေရပါတယ် ... ဘာလုပ်သင့်ပါသလဲ ?

Dear Shwemom ကဏ္ဍကို ပေးပို့လာတဲ့ စာတွေထဲမှာ အများပြည်သူ အသိပညာတိုးစေတဲ့ စာတွေ၊ အများပြည်သူ
လက်တွေ့ဘ၀မှာ ရှောင်ရှားနိုင်ဖို့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို၊ လူမှုရေးအချစ်ရေးနဲ့ ပတ်သက်တဲ့
ပြဿနာတွေကို သင့်တော်မှန်ကန်တယ်လို့ ထင်ရတဲ့ အဖြေလေးတွေနဲ့ ပူးတွဲတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အဓိကကတော့ သူများတွေ ဒီလိုဖြစ်ရင် ကိုယ်က ဒီလိုမဖြစ်အောင် နေမှဆိုတဲ့ အသိစိတ်ဓာတ်ကလေးတွေ ဖြစ်ပေါ်စေဖို့ ရည်
ရွယ်ပါတယ်။

အခု စာပို့ထားသူ ဖြစ်နေတဲ့ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ကို ကောင်လေးတစ်ယောက်က စပြီး လိုက်
တဲ့အချိန်မှာ ဖြစ့်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ။ တစ်နည်းပြောရရင် ကောင်မလေးက သင် ကြိုက်နေတယ်၊ သဘောကျနေတယ်ဆိုတာကို သိတယ်။ ဒါပေမယ့် ချက်ချင်းလက်ငင်းကြီး အထာပေးလိုက်ရင် သူမအနေနဲ့ အမူအယာ အရရော လူမှု
ရေးအရပါ မစွတ်ခင်ကတည်းက ကြွေပြီးသားလို့ အထင်ရောက်မှာကို စိုးရိမ်နေပုံ ရပါတယ်။

READ
ကျွန်မရည်းစားရဲ့အစ်ကိုကို စိတ်ဝင်စားမိနေတယ်။ ဘယ်လိုလုပ်သင့်ပါလဲ?

ဒီအတွက် မိန်းကလေးတွေဟာ အထာကိုင်ရင်း သူတို့စိတ်ပါဝင်စားတဲ့သူဆိုရင်လည်း မသိချင်ယောင်ဆောင်ပြီး အခြား
ဘက်မှာတော့ သင့်တင့်တဲ့ စုံစမ်းမှုတွေ၊ ထောက်လှမ်းမှုတွေ လုပ်လာပါလိမ့်မယ်။ ဒီလို ထောက်လှမ်းနိုင်တဲ့ အခြေအနေ မရှိဘူးဆိုရင်တော့ သင့်ကို သူက ယုံကြည်စိတ်ချရတဲ့ လူလားဆိုပြီး သူကိုယ်တိုင် (မသိကျိုးကျွန် ပြုနေတဲ့ ကြားက)အကဲ
ဖြတ်ပါလိမ့်မယ်။ ဒီတော့ အများကြီး မစိုးရိမ်ပါနဲ့။ ပိုးမြဲပိုး၊ ခိုးမြဲ ခိုးကြည့်၊ စကားတွေဘာတွေ ခပ်တည်တည်နဲ့ ပြောပြီး ပိုပြီးရင်းနီးအောင် ကြံဆောင်ထားပါဦး … ။ မကြာမီ သင်လိုချင်တဲ့ လိုလိုလားလား ပုံစံ ပြလာပါလိမ့်မယ်။

လေးစားစွာဖြင့်

Shwemom

SHARE