သမီးရည်းစားတွေအတွက် စပါယ်ရှယ်မီနူးတစ်ခု ပြင်ဆင်ပေးထားတဲ့ စားသောက်ဆိုင်

Pexels/Helena Lopes

အမေရိကန်နိုင်ငံ အာကန်ဆက်ပြည်နယ်က Mama D’s Diner အမည်ရတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဟာ စုံတွဲတွေအဖို့ အစားအသောက်မှာပြီး မစားနိုင်လို့ အလဟဿဖြစ်တာမျိုးကို ကာကွယ်ဖို့အတွက် ထူးထူးခြားခြားမီနူးတစ်ခုကို ပြင်ဆင်ခဲ့ပါတယ်။ ဒီမီနူးဟာ ဆိုရင် ဆိုင်တော့ထိုင်ချင်တယ်၊ အစားအသောက်လည်း နည်းနည်းတော့ စားချင်တယ်၊ ဒါပေမယ့် ဗိုက်လည်း သိပ်မဆာဘူးဆိုတဲ့ ချစ်သူစုံတွဲတွေနဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေစေမှာ ဖြစ်ပါတယ်။

မီနူးနာမည်ကတော့ “My Girlfriend is Not Hungry” ဖြစ်ပါတယ်။ တစ်ကယ်လို့ လူနှစ်ယောက်ဟာ တစ်ယောက်စာပဲလို့ သတ်မှတ်ထားတဲ့ မီနူးတစ်ခုကို မှာပြီး နှစ်ယောက်ဝေစားဖြစ်တယ်ဆိုပါစို့။ ဗိုက်သိပ်မဆာတဲ့ တစ်ယောက်ကတော့ တစ်ဝက်စားရတာ အဆင်ပြေပေမယ့် ဗိုက်အရမ်းဆာနေတဲ့တစ်ယောက်ကတော့ တစ်ဝက်တည်းနဲ့ ဘယ်လိုမှ ဗိုက်ဝမှာ မဟုတ်ပါဘူး။ ဒီလိုပြဿနာကို ဖြေရှင်းဖို့အတွက် Mama D’s Diner က “ကျွန်တော့်ကောင်မလေးက ဗိုက်မဆာဘူး…” ဆိုတဲ့ မီနူးကို အသစ်ထွင်ခဲ့တာ ဖြစ်ပါတယ်။

READ
အနေနီးပြီး မေတ္တာရှိသွားတာကြောင့် သတို့သားမလိုတဲ့ သတို့သမီးနှစ်ယောက်ရဲ့မင်္ဂလာပွဲ
(Mama D’s)

ဒီမီနူးကိုမှာရင်တော့ ပထမတစ်ပွဲမှာထားပြီးတဲ့ ဘယ်လိုမီနူးထဲကိုမဆို အာလူးချောင်းကြော်အပို၊ ကြက်တောင်ပံ(၂) ခု သို့မဟုတ် ချိစ်တုတ်ချောင်း (၃) ခု ထပ်မံပေါင်းထည့်ပေးမှာ ဖြစ်ပါတယ်။ Mama D’s Diner စားသောက်ဆိုင်ဟာ လွန်ခဲ့တဲ့ (၂) လခန့်ကမှ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ စုံတွဲတွေအတွက် မျှမျှတတနဲ့ စားသောက်လို့ရမယ့် Mama D’s Diner စားသောက်ဆိုင်ရဲ့ မီနူးဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့တာ ဖြစ်ပါတယ်။

မူရင်းပို့စ်ကိုတော့ ဖေ့စ်ဘုတ်အသုံးပြုသူတစ်ဦးဖြစ်တဲ့ နစ်ခ်ချီစလာက တင်ခဲ့တာဖြစ်ပြီး သောကြာနေ့ကစလို့ ယနေ့ထိ အကြိမ်ပေါင်း(၂) သောင်းကျော် ရှဲခဲ့ကြပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ “My Girlfriend is Not Hungry” မီနူးကတော့ စားသောက်ဆိုင်တွေအတွက် မီနူးကောင်းလေးတစ်ခုဖြစ်တဲ့အပြင် မီနူးကြောင့် အစားအသောက်မကုန်လို့ သမီးရည်းစားချင်းအချင်းများရတဲ့ ကိစ္စလေးတွေကို လျော့နည်းသွားစေလိမ့်မယ်လို့ ခန့်မှန်းရပါတော့တယ်။

READ
ခွေဆိုးတစ်ကောင်ရဲ့ကိုက်ခြင်းကို ပြင်းပြင်းထန်ထန်ခံခဲ့ရတဲ့ အဖွား

လင်းလင်း (ShweMom)

SHARE