ကိုယ်ဝန်လွယ်ထားရချိန်မှာ ခင်ပွန်းက ညီမ၀မ်းကွဲနဲ့ဖောက်ပြန်နေပါတယ် .. ဘယ်လိုလုပ်ရပါမလဲ ?

Dear Shwemom

ကျွန်မရဲ့ အသက်က (၂၂)နှစ် ရှိပါပြီ။ ကျွန်မယောကျာ်းနဲ့ ပထမဆုံးရတဲ့ ကိုယ်ဝန်ကို လွယ်ထားရပါတယ်။ ဒီလိုအချိန်မျိုးမှာ ယောက်ျားရဲ့ အားပေးမှု လိုအပ်ပေမယ့် သူက ကျွန်မအိမ်ကိုလာလည်လေ့ရှိတဲ့ ကျွန်မရဲ့ ညီမတစ်ဝမ်းကွဲနဲ့ ဖောက်ပြန်နေတယ်လို့ သတင်းတွေကြားနေရပါတယ်။ ကျွန်မ စိတ်ညစ်လွန်းလို့ သေတောင်သေချင်ပါတယ်။ ဘာလုပ်သင့်တယ်ဆိုတာ အကြံပေးပါဦး။

Shwemom မှ စာပြန်လိုက်ပါတယ် …

အခုကိစ္စဟာ မရှင်းတတ်ရင် ပေါ့စေချင်လို့ ကြောင်ရုပ်ရေး၊ ဆေးဖိုးအတွက် လေး-ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အထူးသ
ဖြင့် အရင်ဆုံး လုပ်သင့်တာက သေချာအောင် စုံစမ်းဖို့ပါ။ သေချာရင်တော့ ညီမ၀မ်းကွဲဖြစ်သူကို မမှားသင့်တာ မမှားအောင် သူ့အဖေ၊ သူ့အမေကို အကျိုးသင့် ကြောင်းသင့် ရှင်းပြပြီး နားချခိုင်းဖို့ လိုပါတယ်။

READ
ချစ်သူအသစ်တွေ့နေပါတယ်၊ အချစ်မပါတဲ့ အိမ်ထောင်ရေးကို ဖျက်သိမ်းသင့်ပါသလား ...?

ဒီလိုအချိန်မျိုးမှာ ဦးလေးတွေ။ ဒေါ်လေးတွေက ကောင်းကောင်းသဘောပေါက်ရင် ကိစ္စပြီးသွားနိုင်ပေမယ့် တစ်ခါတလေ သားသမီးဇောနဲ့ “ရမ်း”တတ်ပါတယ်။ ဒါကိုလည်း သတိချပ်စေချင်ပါတယ်။ ဒါ့အပြင် ညီမ၀မ်းကွဲကလည်း “ရှက်ရမ်း” ရမ်းနိုင်ပါတယ်။ ဒါကိုလည်း ကြိုတင်တွက်ဆထားဖို့လိုပြီး ကိုယ့်အမျိုးဓာတ် ကိုယ်သိတယ်၊ ကိုယ်ပိုင်တယ်ဆိုရင် အဲဒီနည်းက အကောင်းဆုံးပါ။

နောက်တစ်ချက် ညီမရဲ့ ယောက်ျားရဲ့ နေပုံထိုင်ပုံကို ခန့်မှန်းကြည့်ရတာ ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ မလစ်လိုက်နဲ့ လစ်တာနဲ့ ဖောက်ပြန်ဖို့ ချောင်းနေတဲ့လူတစ်ယောက်လို့ ထင်မိပါတယ်။ ဒီကိစ္စမှာ အမျိုးသမီးဘက်က ရင်ခွင်ထဲ တက်ထိုင်ရင်
တောင် သူသာ စည်းတွေ၊ ဘောင်တွေ နားလည်သူ၊ ထောက်ထားသူဆိုရင် ရအောင်ငြင်းမှာပါဘဲ။ အခု ဒီကိစ္စကို သူ
ကိုယ်တိုင် စခဲ့တာဆိုရင်တော့ ဒါက ခွင့်လွှတ်စရာကိစ္စ မဟုတ်ပါဘူး။ ဗိုက်ထဲက ကလေးကို ငဲ့ကွက်တဲ့အနေနဲ့ အနည်း
ငယ် လူလားမြောက်တဲ့အထိ စောင့်ကြည့်လိုက်ပါဦး။ ဒီကြားထဲမှာ ပြဿနာတွေ ပြေလည်သွားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ သူက ပေါ့တီးပေါ့ပျက်နေနေသေးတယ်၊ ခြေကမြင်း လက်ကမြင်း နေနေသေးတယ်ဆိုရင်တော့ တရားဝင် ကွာရှင်း
လိုက်တာက အကောင်းဆုံးပါဘဲ … ကိုယ်လည်း အရွယ်ကလေး ရှိနေသေးမင့်ကိုး။

READ
ဇနီး ဖောက်ပြန်နေပါတာကိုရိပ်မိနေသော်လည်း ဘာဆက်လုပ်ရမှန်းမသိဖြစ်နေပါတယ်။

လေးစားစွာဖြင့် …

Shwemom

 

SHARE